poemtopia

poem is mylife

အညာမြေ

Posted by ဖိုးဂျယ် On March - 24 - 2010 Subscribe here

ခြေတံရှည် အိမ်အောက်

နွေ နေ့လည်ခင်း

မြေပြင်ကို ရေလောင်း

သင်ဖြူးဖျာပေါ် ထိုင်

လက်ဖက်သုတ်နဲ့ အဖန်ရည် ကိုင်စွဲကာ

အံတုခဲ့ဖူးတယ် . . . .

  1. Anonymous Said,

    ကောင်းပါ့ တော်

  2. အိုက်ခီလောက် Said,

    အညာမြေ နေပူပူကြီးထဲမှာ
    ညနေ အချိန် သုံး လေးနာရီ
    အိုက်ခီလောက် တို့ အပေါင်းဖေါ်တစ်သိုက်
    ထန်းရည်တော ဆီ သို့ ချီတက် ကြလေသည်

    မထင်ပါပဲ တွေ့ လိုက်ရတဲ့ ကဖိုးဂျယ်
    သင်းဖြူးဖျာပေါ် အညာပျိုမေ လက်ဖက်သုတ်နဲ့ အဖန်ရည်
    အားမနာတမ်းလွေးတော့ မိရှာပေါ့ ငရုတ်သီး အတောင့်ကြီး
    သူ့ ခမျာ စပ်ရှာလွန်းလို့  ရေအေးအမှတ် သောက်မိခါမှ
    အဖန်ရည်ခွက်မို့ လို့  နောက်တစ်ခါ ထပ်ပူ မိပါပေါ့

    ထို ဖြစ်အင် အစ အဆုံး အော်ရီကာ ဟားတိုက်မိတဲ့ 
    အိုက်ခီလောက်တို့ အပေါင်းဖေါ်တစ်သိုက်ကြောင့်
    ကဖိုးဂျယ် ခမျာ ရှက်ကိုးရှက်ကန်း ဖြစ်ခါ
    ထိုင်ရာမှ အထ ကိုယ့်ပုဆိုးကို နင်းမိခါ
    ကွင်းလုံးကျွတ်ခဲ့ရသေးတယ်လေးးးးးးးးး

    အညာမြေဆီရောက်သွားတာလား ဗျ ကဖိုးဂျယ် ပြန်လာရင် ထန်းရည် ဆယ်မြူစာ အော်ဒါ မှာလိုက်ပါရစေ

  3. ZaunG Said,

    တစ်ကယ့်ကို ပုံရိပ်တွေ ပေါ်လွင်စေတယ်ဗျာ၊
    ဂျယ်ရီး တော်၏ :)

    ZaunG

  4. ပန်းခင်းလေး Said,

    အညာတောင် သွားလည်ချင်သွားပြီ
    သွားလည်ရအောင်လည်း အမျိုးကမရှိတော့  ခက်တယ် .. ;)

  5. Zox Said,

    မိုက်တယ်ဗျာ။ သွားရေတောင် ကျတယ်။

  6. မေ့သမီး Said,

    လဘက်သုတ်ကိုတော့ အားမကျဘူး။ အိမ်ကထည့်ပေးထားတဲ့ လက်ဘက်တွေနဲ့ ထမင်းနဲ့ ပြီးခဲ့တဲ့အပါတ်က နေ့တိုင်းစားပြီး ခေါင်းတွေကိုက်၊ လေတွေပွတောင်ဖြစ်တယ်။ (ဟင်းမချက်ချင်လို့လေ) ဒါပေမယ့် ခြေတံရှည်အိမ်အောက် မြေပြင်ကိုရေလောင်းသင်ဖြူးဖျာခင်းပြီး အိပ်နေလို့ရရင်တော့ ဇိမ်ပဲ။ :D

  7. jr Said,

    ဖိုးဂျယ်ရေ..
    ကဗျာလေးက ငြိမ်းငြိမ်းချမ်းချမ်း …

  8. littlebrook Said,

    မှန်ပါ့ .. ငါဆို တရေးလောက်ပါ လှဲအိပ်ပလိုက်မှာ ..

Add A Comment