၂၄.၀၅.၂၀၁၀့ နံနက် ၈:၂၀ခန့် တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး၊ ပင်မဈေးရုံ စတုတ္ထထပ်တွင် ဆေးဝါးနဲ့ပရိဘောဂတွေ ရောင်းသော အထပ်မှ ဆေးပစ္စည်းရောင်းသည့် ဆိုင်ခန်းအမှတ် (၈၀/၈၁) နှစ်ခန်းတွဲမှ ၀ါယာရှော့ဖြစ်ကာ စတင်မီးလောင်သည်။ မီးလောင်ပြီး ၁၀ မိနစ်ခန့် ကြာသောအခါ ဈေးခေါင်မိုးပေါ်မှာ လူ၁၁ဦးခန့် ပိတ်မိနေသောကြောင့် မီးသတ်သမားများက အသက်ကယ်လှေခါးဖြင့် ကယ်တင်နိုင်တာကို တွေ့ရှိခဲ့ရသည်။
မီးသည် ည ၉ နာရီ ဆက်လက် တောက်လောင်နေဆဲဖြစ်ပြီး မီးသတ်သမား ၂၀ ကျော် ဒဏ်ရာရတယ်ဟု သတင်းရရှိပါသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို ရန်ကုန်မြို့နှင့် ပဲခူးတိုင်းတို့မှ မီးသတ်ယာဉ် အစီး ၇၀ ၀န်းကျင်နှင့် မီးသတ်အင်အား ၁၅၀၀ ကျော်တို့ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။
မင်္ဂလာဈေးကဲ့သို့သော ဈေးအချို့သည် မီးသတ် စနစ် လုံးဝ မပါရှိသလို မီးလောင်ရင်လဲ ငြိမ်းသတ်ရန် မလွယ်သော အခြေနေတွေ ဖြစ်ပါသည်။ ယခု မီးလောင်နေသော အခြေနေတွင် မီးသတ်ကားများသည် ဈေးအတွင်းသို့ ဝင်ရောက် ငြိမ်းသတ်ခွင့် မရပဲ လမ်းမပေါ်ကနေ ငြိမ်းနေရသဖြင့် အရာမရောက်သကဲ့သို့ ဖြစ်နေပါသည်။ ထိုအပြင့် ဈေးကြီးရှေ့ရှိ ခိုင်မာသော Billboard ကြီးများကလဲ များစွာအနှောက်အယှက် ဖြစ်စေသည်။ ပတ်ဝန်းကျင်သည်လဲ ဖျက်လွယ် ဖြုတ်လွယ်သော အကာရံများသာရှိသင့်ပြီး အဆောက်ဦး စတင်ဆောက်လုပ်တည်းက မီးငြိမ်းသတ်သော စနစ်တွေ တပ်ဆင်ထားသင့်ပါသည်။ ဥပမာ – Smoke detectors, Heat Detectors, Automatic Sprinkler ect. ( Hose-reel System ) သည်လဲ အဆောက်ဦးတခုတွင် မပါမဖြစ် အရေြးံကီးသည်။ ထိုအပြင် အရေးပေါ်ထွက်ပေါက်၊ မီးသတ်ဗူး စသည်များလဲ ရှိသင့်သည်။
( Fire Hose-reel, အင်တာနက်မှ ကူးယူသည် )
မင်္ဂလာဈေးမီးလောင်မှုမှာ မီးညွန့်အား ထိန်းသိမ်းနိုင်ရန်အတွက် အချိန် နာရီ ၂၀ ၀န်းကျင် ကြာမြင့်ခဲ့သည့်အတွက် အဆိုပါကြာမြင့်ခဲ့သည့် အချိန်မှာ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်ကျွမ်းမှု ဖြစ်စဉ်များ အနက် အချိန်အကြာဆုံး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း သိရှိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေးကြီး မီးလောင်မှုသည် မြန်မာငွေ သိန်းပေါင်း ၂ သိန်း ၁သောင့်းခန့် ဆုံးရှုံးခဲ့သည်။ ထိုဈေးကြီးကို မှီခိုနေသော ဆိုင်ရှင်များနှင့် အလုပ်သမား ထောင်ပေါင်းများစွာအား အခက်ခဲတွေ့စေပါသည်။
” ဒီမီးလောင်ကျွမ်းမှုကို ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ တော်တော်လေး ခက်ခက်ခဲခဲ မီးထိန်းခဲ့ရပါတယ်။ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ စတုတ္ထထပ်ပဲ လောင်စဉ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီလို့ ယူဆခဲ့တယ်။ ဒါပေမယ့် မီးက ဆက်လောင်ပြီး အပေါ်ထပ်ကို ကူးသွားပါတယ်။ အပေါ်ထပ်မှာက စားသောက်ဆိုင်တွေ၊ အထည်ဂိုဒေါင်၊ ဆေးဂိုဒေါင်တွေနဲ့ ဂက်စ်အိုးတွေ၊ ဆိုဖာခုံတွေဆီကို မီးကကူးသွားတော့ ၆ နာရီ ၁၅ မိနစ် ၀န်းကျင်အချိန်မှာ မီးကတော်တော်လေး မီးညွန့်ပြန်အရှိန်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ စတုတ္ထထပ်မှာ မီးငြိမ်းနေတဲ့ မီးသတ်တပ်ဖွဲ့ တွေတောင် စိုးရိမ်ရလို့အောက်ကို အားလုံးပြေးဆင်းခဲ့ရပါတယ်။ စတုတ္ထထပ်မှာတုန်းက ဆိုင်ခန်းတွေက တစ်ခန်းကို (၅) ပေပတ်လည်ပဲရှိရမယ့် ဟာကို သူတို့တွေက လူသွားလမ်းတွေ အထိပါ တိုးချဲ့ထားတာတွေ့ရတယ်။ ဆိုင်ခန်းတစ်ခန်းနဲ့ တစ်ခန်းမှာ အလူမီနီယံ တံခါးတွေနဲ့ ကာထားတော့ ကျွန်တော်တို့ မီးသတ်တဲ့အခါမှာ ရေက တစ်ဖက်ဆိုင်တွေကို ထိုးမဖောက်ခဲ့ဘူး။ လူသွားလမ်းတွေမှာလည်း အထုပ်အထုပ်ကြီးတွေ၊ ပစ္စည်းတွေကို ထားရှိတော့ ၀င်ထွက်ဖို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ည ၁၁ နာရီခွဲလောက်မှာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ စတုတ္ထထပ်ရဲ့တချို့ အခန်းတွေကို ၀င်ခွင့်ရလို့ တော်တော်လေး အခြေအနေကောင်းခဲ့တယ်။ နံနက် ၄ နာရီခွဲ ၀န်းကျင်မှာ မီးညွန့်ကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်”ဟု မီးသပ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
ဖိုးဂျယ်










