လူတွေမှာ၊ လောကမှာ ငွေဆိုတာပဲ အရေးကြီးတာလား။
ငွေဆိုတဲ့ စကားတစ်လုံးက လူတိုင်းကို ချုပ်ကိုင်ထားတာလား။
ကျုပ်ကတော့ အဲ့ငွေဆိုတာကို မုန်းတယ်။
လူတွေဆီမှာ အဲ့ငွေဆိုတဲ့ အရာရှိတာနဲ့ပဲ အရာအားလုံးပြည့်စုံပြီလား။
အချစ်၊ မေတ္တာ၊ သံယောဇဉ်တွေ မလိုအပ်ဘူးလား။
ကျုပ်ဆီမှာ အဲ့တာတွေ မရှိတော့ရင် အဲ့အရာတွေ ပျောက်ကုန်မှာလား။
ပျောက်ချင်ပျောက်ပါစေ။
ကျုပ် အဲ့ငွေ ဆိုတဲ့ အရာဝတ္ထုကို မုန်းတယ်။
ကျုပ်သူ့ရဲ့ ချုပ်ကိုင်ခြင်းကို မခံနိုင်ဘူး။
ချုပ်ကိုင်ခြင်းကို မုန်းတယ်။
ချုပ်နှောင်ခြင်းကို ချစ်တယ်။
ဒါပေမဲ့ ကျုပ်ချစ်သူကို လက်ထပ်ချင်တယ်။
ပြီးတော့ ကျုပ်ချစ်သူကို ပြည့်ပြည့်စုံစုံထားချင်တယ်။
အဲ့ဒီ့တော့ ငွေ ဆိုတဲ့ အရာဝတ္ထုလိုအပ်လာတယ်။
ဒါကြောင့် ငွေ ဆိုတဲ့ အရာဝတ္ထုရဲ့ ချုပ်ကိုင်ခြင်းကို ခံရတယ်။
ထိုကြောင့် ငွေ ဆိုတဲ့ အရာဝတ္ထုကို ချစ်တယ်။
ထိုကြောင့် ငွေ ဆိုတဲ့ အရာဝတ္ထုကို မုန်းတယ်။
ထို့ကြောင့် ကျုပ်ချစ်သူကို မုန်းတယ်။
ထို့ကြောင့် ကျုပ်ချစ်သူကို ချစ်တယ်။
Archive for March, 2010
အခုတစ်ခေါက်လဲ ကျွန်တော်တို့သူငယ်ချင်း တွေနောက်တစ်ခေါက် သွားကြဖို့စီစဉ်ထားပါတယ်။ ဒီတစ်ခါ သွားမယ့်နေရာက တွံတေး မြို့နယ် ၊ ဘုရားကြီးကျေးရွာ မှာ ရှိတဲ့ ” မင်္ဂလာ မိဘမဲ့ ပရဟိတ ” ဂေဟာပါ။
ဧပရယ် လ ၁ ရက်နေ့မှာ သွားရောက်လှုဒါန်းဖို့ စီစဉ်ထားပါတယ်။ အတူတူ လိုက်ပါ လှုဒါန်းမယ့် သူငယ်ချင်းတွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။
ခြေတံရှည် အိမ်အောက်
နွေ နေ့လည်ခင်း
မြေပြင်ကို ရေလောင်း
သင်ဖြူးဖျာပေါ် ထိုင်
လက်ဖက်သုတ်နဲ့ အဖန်ရည် ကိုင်စွဲကာ
အံတုခဲ့ဖူးတယ် . . . .
ခေါင် ၁၇.၀၃.၂၀၁၀့ ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ငပေါဂေဟာနဲ့ အတူတူ အကယ်ဒမီတွေ ဆက်လက် ယူနိုင်ပါစေလို့ အစ်ကိုမှ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ကိုကိုရဲ့ အချစ်ဆုံး ညီမလေးတွေ အဖြစ် မွေးဖွားပေးတဲ့ ဖေကြီးနဲ့ မေကြီးကိုလဲ ညီမလေး ကိုယ်စား ကျေးဇူးတင်ပါတယ်။ နေ့ရက်တိုင်း နေ့ရက်တိုင်း ပျော်ရွှင်ဖွယ် နေ့ရက်တွေ ဖြစ်ပါစေလို့လဲ ဆုတောင်းပေးပါတယ်။ မွေးနေ့မှာ ကိုယ်မျှော်နေတဲ့ သူဆီက ကောင်းမွန်သော သတင်းစကား ကြားရပါစေဗျာ
(ဒါက အရမ်းအရေးကြီးသော ဆုတောင်းလေး ဟုတ်တယ် ဟုတ် ) နောင်နှစ်ပေါင်းများစွာ ငပေါဂေဟာသူ ဂေဟာသားတွေနဲ့ ဆက်လက် ပေါနိုင်ပါစေသောဝ်
မွေးနေ့ အတွက် မွ မွ မွ . . . .
ကျွန်တော် ဒီ mmgenius က ဘမ်းထားတော့ www.phoejel.com လေးကို ဝယ်ဖြစ်သွားတယ်။ ဝယ်ပြီးတော့ လင့်လဲ ချိတ်လိုက်ရော host နဲ့ မချိတ်ရသေးတော့ စာတွေ အောက်ရောက်ကုန်ရော ဒါနဲ့ Data တွေကလဲ ပျောက်ကုန်တော့ ပြန်မပြင်အားသေးဘူး။ ခုတလော အလုပ်ကလဲ ခပ် ရှုပ် ရှုပ်း) စာကိုလဲ ကြိုးစားရေးချင်ပေမဲ့ အာရုံက ခမ်းခြောက်နေတယ်။ ဦးနှောက်က လေးလံ ထိုင်းမှိုင်းနေတယ်။ အလုပ် ပိနေတာလားတော့ မသိဘူး ဒါမှ မဟုတ် စိတ်ဖိစီးမှုကြောင့် ထင်ပါတယ်။
ဒါကြောင့် လာလည်တဲ့ ညီအကို မောင်နှမတွေကို ကျေးဇူး အထူးတင်ပါတယ်
တောင်းပန်ပါတယ် ကျွန်တော့်ရဲ့ ပျက်ကွက်ခဲ့မှု အပေါ် ခွင့်လွှတ်ပေးဖို့ပေါ့။
ခင်မင်လျှက်
ဖိုးဂျယ်









