poemtopia

poem is mylife

Archive for January, 2010

လိုချင်နေတာ

Posted by ဖိုးဂျယ် On January - 25 - 2010 8 COMMENTS Subscribe here

လတ်တလော စိတ်ထဲမှာ ရေးချင်နေတာ ချရေးလိုက်တယ်ဗျား)


အရမ်းလိုချင်နေတာ professinoal camera တလုံးပါ။ ဝယ်နိုင်ဖို့တော့ ကြာဦးမည်။း)


Gucci Belt လေး လိုချင်နေသေးတယ် ဗျာ ဒါလေးကတော့ ဝယ်ဖို့ ပိုက်ဆံ ရှိနေပေမဲ့ လိုချင်တဲ့ Design မရသေးတော့း)


နောက်တခုက မရှိမဖြစ် Music အတွက် Ipod Touch :P တလုံးလဲ လိုချင်နေသေးတယ်။ ဒါလဲ ဝယ်နိုင်ဖို့ ကြာဦးမယ်။

အပျက်စီးများနဲ့ ငါ

Posted by ဖိုးဂျယ် On January - 16 - 2010 13 COMMENTS Subscribe here

ပျက်ဆီးခြင်းကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။

ငါ့ ဖုန်းလေး သူငယ်ချင်းကြောင့် ပျက်စီးသွားတယ် . . . .
အလျော် မတောင်းဘူး . . . .

Memory card လေး ငါ့ကြောင့် ပျက်စီးသွားတယ် . . . .
ပုံတွေ တစ်ပုံမှ မရလိုက်ဘူး . . .

MP3 လေး ဘာဖြစ်မှန်း မသိပဲ ပျက်သွားပြန်တယ် . . . .
ငါ ဘာမှ မလုပ်မိဘူး . . . .

ငါ့ အလွမ်းတွေလဲ သူ(မ) မသိပဲ ပျက်စီးသွားတယ် . . . .
လွမ်းနေကြောင်း သူ(မ)ကို မပြောမိဘူး . . .

ငါ့ ဘလော့လေးလဲ သူတို့ကြောင့် ပျက်စီးသွားတယ် . . . .
ဆက်လုပ်ရန် ခက်ခဲလို့ . . . .

ငါ့ အတွေးတွေ ပျက်စီးသွားတယ် . . . .
ဖော်ထုတ်ခွင့် မရလို့ . . . .

သူငယ်ချင်းတွေနဲ့ ခင်မင်မှုတွေ ပျက်စီးသွားတယ် . . . .
အားလပ်ချိန် ကောင်းကောင်းမရပဲ တွေ့ဆုံဖို့ ခက်ခဲလို့ . . . .

ကျတော်နဲ့ သူ(မ) အချစ်တွေ ပျက်စီးသွားတယ် . . . .
ကျတော့်ရဲ့ ညံ့ဖျင်းမှုကြောင့် . . . .

ဘလော့ဂါ မောင်နှမတွေနဲ့ ရင်းနှီးမှု ပျက်စီးသွားတယ် . . . .
အွန်လိုင်းမှာ ဂိမ်းဆော့နေလို့ . . . .

ဘုရားဖူး

Posted by ဖိုးဂျယ် On January - 7 - 2010 8 COMMENTS Subscribe here

ဒီနေ့ ည 7 နာရီတွင် ကျိုက်ထီးရိုးကို သွားပါမည်။ 10 နေ့မှ ပြန်ရောက်မှာ ဖြစ်ကြောင်း Blog နှင့် 3 ရက်ခန့် ပြတ်တောက်မည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ဒူ ဝေ ဝေ . . . .

ပြန်ရောက်ရင်တော့ ကဗျာများ ပါလိမ့်မည်ဟု ယူဆရ၏။ :D

http://www.dhammaweb.net မှ ပုံများကို ကူးယူဖေါ် ပြသည်။

Welcome to BarCamp Yangon!!

Posted by ဖိုးဂျယ် On January - 3 - 2010 1 COMMENT Subscribe here

Barcamp ဆိုတာဘာလည်း?
သမရိုးကျဆွေးနွေးပွဲပုံစံတွေက နေခွဲထုတ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဘယ်သူမဆို ပါဝင်ဆင်နွှဲနိုင်တဲ့ နည်းပညာ
ဖလှယ်ပွဲတစ်ခု ဖြစ်ပါတယ်။ Web 2.0 ခေတ်မှာ လူတွေ လက်ခံလာတဲ့
ပူးပေါင်းလုပ်ဆောင်ခြင်း Collaboration and Knowledge Sharing ဆိုတာကို
အခြေခံပြီး လူတစ်ယောက်နဲ့ တစ်ယောက်ကြား၊ ပညာရှင် ဟုတ်သူနဲ့
မဟုတ်သူတွေကြား အသိပညာ ကွာခြားချက်ကို ကျဉ်းမြောင်းလာအောင်
လုပ်ဆောင်ကြတဲ့ Community Activity တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းက
ပြောဆိုနေတာကို ကျန်တဲ့သူတွေက နားထောင်နေရတာမျိုးမဟုတ်ဘဲ ကိုယ်သိတဲ့
ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေကို ကိုယ့်အနေနဲ့လည်း
ဖွင့်ဟပြောဆိုနိုင်တာမို့ လူအများကြီးနဲ့ထိတွေ့ဆက်ဆံနိုင်ခွင့်ကိုလည်း
ရရှိစေမှာပါ။
ဘယ်သူတွေလာကြမလည်း၊ ပါကြမလည်း?

မြန်မာပြည်မှာရှိတဲ့ နည်းပညာကျွမ်းကျင်သူတွေ ၊ ဝါသနာရှင်တွေ အားလုံးစုကြမှာဆိုတော့ သင်လည်းပဲ လက်လွတ်မခံသင့်ပါဘူး။

ဘယ်တော့လည်း ဘယ်မှာလည်း ?

MICT Park ၂၃ နဲ့ ၂၄ ဇန်နဝါရီ ၂၀၁၀

အချိန်- နံနက် ၉ နာရီ မှ ညနေ ၅ နာရီ

ဘယ်မှာစာရင်းပေးရမလည်း?

ဒီနေရာမှာ စာရင်းပေးဖို့လိုပါတယ်။ လာတဲ့သူတွေကို နည်းပညာနဲ့ပတ်သတ်တဲ့ လက်ဆောင်လေးတွေ ဝေဦးမှာဆိုတော့ စာရင်းပေးဖို့မမေ့နဲ့နော်။ စာရင်းပေးဖို့

Barcamp ကိုဘာတွေယူလာရမလည်း?
ကိုယ်ကိုယ်တိုင်လည်း နည်းပညာအသစ်တွေ ကိုယ့်ရဲ့ပစ္စည်းအသစ်တွေကို ဝင်ရောက် မျှဝေနိုင်မှာမို့ ယူလာကြဖို့မမေ့နဲ့နော်။ ပြီးတော့ မြန်မာပြည်မှာ မကြုံဖူးတဲ့ Internet Connection ပေးထားမှာဆိုတော့ ကိုယ့်မှာရှိတဲ့ wireless device တွေအကုန်ယူလာလို့ရပါမယ်။ Power အတွက်စိတ်ချရအောင် power plug လေးတွေလည်း သယ်လာနိုင်ပါတယ်။

http://www.barcampyangon.org က ကူးယူဖေါ်ပြသည်။