သက္ကရဇ် (2010) ပြည့်တဲ့ အထိမ်းအမှတ်ဖြစ်
အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာ ဝေးလွင့်နေတဲ့
ချစ်သူတွေကို တွေ့ဆုံ ဆွေးနွေးခွင့် ပေးမယ်ဆိုရင်
လူဆိုတာ အမှားနဲ့ မကင်းတာဖြစ်လို့
မင်းအမှားနဲ့ ငါ့ အမှားကို ချေဖျက်
တယောက်နဲ့ တယောက် ဒူးမထောက်ပဲ
နားလည်မှုနဲ့ လက်တွဲကြပါဆို . . . .
(နားလည်မှု့ လွဲနေတဲ့ ချစ်သူတွေအတွက် . . . . )
သက္ကရဇ် (2010) ပြည့်တဲ့ အထိမ်းအမှတ်ဖြစ်
အဝေးတနေရာဆီ ခွဲခွာနေရတဲ့ ချစ်သူတွေကို
ခေတ္တမျှ တွေ့ဆုံခွင့် ပေးမယ်ဆိုရင် အလွမ်းကြောင့်
ကျခဲ့တဲ့ မျက်ရည်တွေကို သိမ်းဆည်းပြီး
ကြည့်နူးမှု အပြည့်နဲ့ ပြုံးပျော်ရင်း
ရင်ခုန်စရာ အနာဂတ်ကို လှမ်းမျှော်ကြည့်ကာ
ရေပက်မဝင် ပြောကြပါဆို . . . .
(အဝေး တနေရာဆီ ရောက်နေတဲ့ ချစ်သူတွေ အတွက် . . . . )
သက္ကရဇ် (2010) ပြည့်တဲ့ နေ့မှာ
တယောက်လက် တယောက်တွဲရင်း
ပျော်ရွှင်ကြည့်နူးစရာကောင်းတဲ့
မိသားစု ဘဝလေးကို ဖန်တီးဖို့ အားမာန်
အပြည့်နဲ့ ကြိုးစားမဲ့ အကြောင်း
တယောက်နဲ့ တယောက် နှိမ့်သိမ့် အားပေးရင်း
တီးတိုး တိုင်ပင် ကြမယ် . . . .
(ဘဝချင်း နီးကပ်နေတဲ့ ချစ်သူတွေ အတွက် . . . . )
သက္ကရဇ် (2010) ပြည့်တဲ့ နှစ်သစ်မှာစိတ်သစ် လူသစ် အချစ်သစ်နဲ့
ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်ေးပးပါတယ် . . . .
(ချစ်သူ မရှိသေးတဲ့ သူတွေ အတွက် . . . .)
အားလုံး နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ကြပါစေဗျာ . . . .

