စိတ်အရမ်းရှင်းလွန်းနေတာလား၊
Archive for February, 2009
ဒီပုံက ဒီကယူထားတာရောက်နေတာလဲ ? ? ? ?
ငါ့ကို ငါ ပြန်ကြည့်တော့
မှောင်မှောင်မဲမဲ အခန်းကျဉ်းလေးထဲမှာ
ပင်ကူမျှင်နဲ့ ဖုန်တွေ တက်လို့
ဖုတ်ဖတ်ခါပြီး ရုန်းထွက်ပေမဲ့
ရုန်းလေ ရှုပ်လေ ရှင်းလေ မှောင်လေ
ဆွဲထုတ်ခံရလဲ ခဏပဲ
ပြီး ဒီ အခန်းကျဉ်းလေးထဲ ပြန်ရောက်တာပဲ
နင် အကွက်ရွှေ့ချက်က နိုင်း(၉) လောက်ရှိတယ်။
ဒါပေမဲ့ ခဏခဏ ရွှေ့ခံနေရတော့ ကြိုသိနေတယ်။
ကဲကဲ နောက် ရွှေ့နည်းလေးပြောင်းပါဦး။
အသစ်အဆန်းလေး တွေ့ရတာပေါ့။
နိုင်း = ကမ်းကုန်တာကိုဆိုလိုတာပါ။ ၉ ပီးရင် ၁၀လေး)
တစ်ကွေ့မှာတွေ့ရပေမယ့်
တစ်နေ့မှာမမေ့ဘူး
တစ်ခဏသာချစ်ရပေမယ့်
တစ်ဘ၀မှာပုံပြင်မဖြစ်ဘူး
အကြိုက်တွေမလွဲ
စရိုက်တွေကာရံမကွဲခဲ့တဲ့
နင်နဲ့ငါ . . . . ခုတော့
မရေရာတဲ့မနက်ဖြန်
မသေချာတဲ့ဒီနေ့ရဲ့အချိန်တွေကြားမှာ
လုံးလည်လိုက်ရင်း ဇာတ်ဆရာအလိုကျ
လိုက်ကရမယ်ဆိုရင်တောင်
မနက်ဖြန်မှာ အစောဆုံးတွေ့ချင်တယ် . . . .
နေ့လည် ၁း၁၀ ခန့်
Taxi ငှားပြီး အိမ်ပြန်ရောက်တော့
” သားငယ် ဒီမှာ ဖုန်းလာသွားတယ် “
” ဟုတ် အဖေ ဘယ်သူဆီကလဲ “
” မင်းကောင်မလေးပေါ့ မင်းကို မေးလို့ လက်ဖက်ရည်ဆိုင် ခဏသွားတယ်လို့ ပြောလိုက်တယ် “
” ဟုတ် အဖေ “
စိတ်ကို မနည်းထိမ်းပြီး
“ ကလင် ကလင် ဟလို ငယ်လေးလား အော် ကို လက်ဖက်ရည်ဆိုင် ခဏသွားတာ ပြန်ရောက်ပြီလား အေးအေး ခဏ အိပ်ဦးမယ် ဟုတ်လား အင်း အင်း နားလေ ကိုလဲ Game ဆော့လိုက်ဦးမယ် ဘိုင့် “
15/02/2006 နေ့လည် ၃ နာရီခန့်ငယ်လေး အိမ်မှာ
” ကိုကိုရေ ကြီးကြီးက ဖိနပ်ဝယ်မလို့တဲ့ အဲ့တာ ဒဂုံစင်တာ သွားမလို့ လိုက်ခဲ့”
ဆိုဖာပေါ်ကနေ လှဲနေရင်း
” အာ မလိုက်ချင်ဘူး အိပ်ချင်နေလို့ နေခဲ့မယ် ခဏပဲ မဟုတ်လား ငယ်လေး ကို မလိုက်ချင်ဘူး “
” ဒါဆိုလဲ ပြီးရော “
၃း၃၀ ခန့်
ဒါနဲ့ အ၀တ်လှမ်းထားတဲ့ နေရာကို ကြည့်တော့ မနေ့က သူဝတ်ထားတဲ့ Esprit ပန်းရောင်လေးကို တွေ့ရော အဲ့ အကျီ င်္က သူ့အတွက် Singpore က အကို ဆီကနေ လှမ်းမှာပေးထားတာ မရီးနဲ့ သူ့ဖို့ ဆင်တူ နှစ်ထည်ဝယ်ပေးလိုက်တာ ဒါနဲ့ အဲ့တာကို ယူလိုက်ပြီး လွယ်အိတ်ထဲ ကောက်ထည့်လိုက်တယ်။ ပြီးတာနဲ့
” အမေရေ (မွေးစားအမေပေါ့) အမေ သား ပြန်ပြီ “
” ပြန်ပြီလား သမီးကို မစောင့်တော့ဘူး တော်ကြာ သား ညီမက သိတဲ့အတိုင်း အိမ်မှာ တကျီကျီ ဖြစ်နေဦးမယ် “
” ပြန်လာရင် ဖုန်းခေါ် ခိုင်းအမေရာ အိမ်က ခုဏက ဖုန်းခေါ်တယ် ဘယ်ရောက်နေလဲ ပြန်လာခဲ့တော့ ပြောနေပြီ အမေရ “
” အေးအေး ဒါဆိုလဲ သမီးပြန်လာရင် ဖုန်းခေါ်ခိုင်းလိုက်မယ် ကားစီးတာ ဂရုစိုက်ဦး ကြားလား ပြီးရင် စနေနေ့ လာခဲ့ဦး သား ပါးပါးက မေးနေပြီ မတွေ့တာ ကြာလို့တဲ့ ” ဒါနဲ့ အမေ့ကို သွားနမ်းပြီး
” ဟုတ် မေမေ သား ပြန်ပြီ “
ညနေ ၅ နာရီခန့် ကားပေါ်မှာ
” ကလင် ကလင် ” ” ကို ဘယ်ရောက်နေလဲ “
” ကားပေါ်မှာလေ အခုမှ ပြန်ရောက်တာလား “
” အင်း ဘာလို့ ငယ်လေးကို မစောင့်ပဲ ပြန်သွားတာလဲ “
” အော် အမေက သိတဲ့အတိုင်း ဖုန်းခေါ်နေပြီလေ “
“ အင်း ကို့အမေကလေ ငယ်လေးနဲ့က ဘယ်တော့မှ တည့်မလဲ မသိဘူး “
” ကဲပါ ငယ်လေးလဲ နားဦးလေ ဘိုင့် “
ည ၈နာရီခန့် အိမ်ရှေ့က လမ်းပေါ်မှာ
” ဟလို ငယ်လေးလား ကိုပါ အော် အေးအေး အမေကို ခဏခေါ်ပေး ဟင့်မနေနဲ့ အမေကို ခဏ စကားပြောမလို့ အမေ ထမင်းစားပြီးပြီလား “
” အေး သား ဘာလဲပြော “
” ဘာမှ မဟုတ်ပါဘူး ဒီလိုပါပဲ “
” အေးအေး မင့် ညီမက ဘေးကနေ မျက်နှာ စူပုတ်နေပြီ စမနေနဲ့တော့ “
” ဟုတ် အမေ “
” ကို ပြော “
” အော် အေး ငါ နေ့လည်က မင်း မနေ့က ၀တ်တဲ့ အကျီ င်္ ယူလာတယ် ဒါပဲ “
ကိုယ်တွေးထားသလို ဖြစ်လာလို့လားတော့ မသိဘူး။ ကျတော် တော်တာတော့ မဟုတ်ပေမဲ့ သူ ဘာဝတ်လာမလဲ?? ဘယ်ရုပ်ရှင်ရုံမှာ??? ဘယ်အချိန်ကြည့်မလဲ??? ဘယ်သူနဲ့လဲ???
မင်းဟာ ငါ့ရဲ့ နာမည်ခံ လူသားတဲ့ . . . .
မိန်းမက ပြောတယ်
ရှင့်ဟာ ကျမရဲ့ နာမည်ခံ ယောင်္ကျားတဲ့ . . . .
မိဘက ပြောတယ်
မင်းက ငါ့တို့ရဲ့ နာမည်ခံ သားတဲ့ . . . .
အစ်ကိုတွေက ပြောတယ်
မင်းက ငါ့တို့ရဲ့ နာမည်ခံ ညီလေးတဲ့ . . . .
သူငယ်ချင်းတွေက ပြောတယ်
နင်က ငါ့တို့ရဲ့ နာမည်ခံ သူငယ်ချင်းတဲ့ . . . .
အလုပ်ရှင်က ပြောတယ်
မင်းက ငါ့ရဲ့ နာမည်ခံ အလုပ်သမားတဲ့ . . . .
ကျောင်းက ဆရာ ပြောတယ်
သားက နာမည်ခံ ကျောင်းသားတဲ့ . . . .
ဘလော့ အသိုင်း အ၀ိုင်းက ပြောတယ်
မင်းက နာမည်ခံ ဘလော့ဂါတဲ့ . . . .
ငါကလဲ ငါ့ကို ငါ ပြန်ပြောတယ်
မင်းက ငါ့ရဲ့ နာမည်ခံ လူတဲ့ . . . .
ကိုအိမ်မက်မည်းဆီမှ တိုက်ရိုက် ကူးချပါသည်။
ပြိုင်ပွဲတွင် ဆုရရှိမှုအား မည်သည့် Admin, Moderator တို့ကမှ ရွေးချယ်ခြင်းပြုလုပ်မည်မဟုတ်ပဲ Vote ပေးခြင်း စနစ်ဖြင့်သာပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Vote ပေးရာတွင် မည်သည့် နည်းပညာပိုင်း၊ နည်းစနစ်ပိုင်းကိုမှ တင်းကြပ်ထားခြင်းမရှိပဲ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်နားလည်မှု၊ လေးစားမှုတို့ကို အလေးထားသောအားဖြင့် လွတ်လပ်စွာ ခွင့်ပြုထားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲတွင် ဆုရရှိသူများအတွက် ငွေကြေး၊ လက်ဆောင်များ ပေးအပ်သွားမည်မဟုတ်ပဲ ဆုရရှိသူအား ဂုဏ်ပြုသည့်အနေဖြင့် ကာယကံရှင်ကိုယ်တိုင် ပျော်ရွှင် ဂုဏ်ယူမိနိုင်စေရန် အတွက် ကျွန်တော်တို့ Forum ထဲမှာရှိသော Member များ၏ Blog များတွင် သက်ဆိုင်ရာ Blogger များ၏ ခွင့်ပြုချက် ရယူ၍ ၎င်းတို့၏ Blog အသီးသီးတွင် ဖော်ပြဂုဏ်ပြုပေးသွားမည်ဖြစ် သည်။ ထို့နောက် ပြိုင်ပွဲများအားလုံး ပြီးစီးသွားသောအခါ အကောင်းဆုံး ကဗျာ ၁၀ ပုဒ်နှင့် Essay ၁၀ ပုဒ်အား စုစည်းကာ Ebook ဖြင့် အမှတ်တရ ထုတ်ဝေမည် ဖြစ်ပါသည်။
ထို့အပြင် Myanmar Genius ၀ိုင်းတော်သားများမှ ဆုရရှိသူများအား ၎င်းတို့ ဆန္ဒရှိပါက အလိုရှိရာ Subdomain နှင့်အတူ Hosting များကို FTP account, Database access စသည်များ ဖြင့် Fully Access ပေးကာ ထပ်ဆင့် ဂုဏ်ပြုမည်ဖြစ်ပါသည်။
ပါဝင်ရေးသားလိုသူများအနေဖြင့် အောက်ပါစည်းကမ်းချက်များအား ရှေးဦးစွာ ဖတ်ရှု၊ နားလည်း၊ လက်ခံပြီးသည့်နောက် သက်ဆိုင်ရာ ခေါင်းစဉ် များ၏ အောက်၌ လွတ်လပ်စွာ စတင်ပါဝင် ရေးသားနိုင်ကြမှာ ဖြစ်ပါတယ်။ပြိုင်ပွဲဝင်ရေးသားမှုများအား ပြည်ထောင်စုနေ့အတွက် ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၂ နာရီတွင် ပိတ်မည်ဖြစ်ပြီး ၁၁ ရက်နေ့တွင် Vote ပြုလုပ်၍ ၁၂ ရက်နေ့တွင် ထုတ်ပြန် အသိပေးမည်ဖြစ်သည်။ လွတ်လပ်ရေး ဖခင်ကြီးအတွက် ပို့စ်များအား ၁၁ ရက်နေ့ ည ၁၂ နာရီတွင် ပိတ်မည်ဖြစ်ပြီး ၁၂ ရက်နေ့တွင် Vote ပြုလုပ်ကာ ၁၃ ရက်နေ့တွင် ထုတ်ပြန်အသိ ပေးမည် ဖြစ်ပါသည်။
မှတ်ချက်။ ။ အကြောင်းအမျိုးမျိုးကြောင့် ရက်အကန့်အသတ်နဲ့သွားခြင်းအား နားလည်ခွင့်လွှတ်ပေးကြပါရန်နှငမိမိ တတ်နိုင်သလောက်ပါဝင်ရေး သားခြင်းဖြင့် ဂုဏ်ပြုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
စည်းကမ်းချက်များ
၁။ ပါဝင်ရေးသားလိုသူများသည် Member အဖြစ်ဝင်ရောက်ရန်။
၂။ အပြုသဘောဆောင်သော ရေးသားချက်များသာ ရေးသားရန်။
၃။ ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ တိုက်ခိုက်မှုများရေးသားခြင်း မပြုလုပ်ရန်။
၎။ Forum အရှည်တည်တံ့ရေးအား (တိုက်ရိုက်) ထိခိုက်နိုင်သော ရေးသားမှုများ မပြုလုပ်ရန်။
၆။ ပြိုင်ပွဲနှင့် မဆီလျော် (သို့) မသက်ဆိုင်သော ရေးသားချက်များ မပြုလုပ်ရန်။
၅။ Essay အပိုင်းတွင် ဆောင်းပါး၊ ၀တ္ထုတို စသည်ဖြင့် မည်သည့် စကားပြေအမျိုးအစားကို မဆို ရေးသားနိုင်သည်။
၇။ ပါဝင်ရေးသားသူများသည် ကလောင်အမှန်နှင့်သော်လည်းကောင်း ကလောင်ဝှက်နှင့်သော်လည်းကောင်း ရေးသားနိုင်သည်။
၈။ ဖတ်ရှု၊ ဆန္ဒပြုမဲပေးသူများ အနေဖြင့် ပါဝင်ရေးသားကြသူများ၏ ကဗျာများ၊ Essay များအတွက် ဝေဖန်မှုများကိုမူ ပို့စ်များအောက်တွင် သွားရောက်ရေးသားခြင်းများမပြုလုပ်ပဲ ဝေဖန်ချက်များအတွက် သီးသန့်ထားရှိပေး သောခေါင်းစဉ်အောက်တွင်သာ ရေးသားပေးကြရန်။
၉။ အထက်ပါ စည်းကမ်းချက်များနှင့်အတူ Forum စည်းကမ်းများ နှင့် ကိုက်ညီခြင်းမရှိသော ရေးသားမှုများအား Forum Admin နှင့် Moderator အဖွဲ့မှပြိုင်ပွဲတွင်ထည့်သွင်းစဉ်းစားနိုင် မည် မဟုတ်ပါ။ (လိုအပ်ပါက ဖြေရှင်းချက်များ ပြန်ကြားပေးမည်ဖြစ်ပါသည်။)
၁၀။ ပါဝင်ရေးသားကြသူများအနေဖြင့် အထက်ပါ စည်းမျဉ်း၊ စည်းကမ်းချက်များကို ဖတ်ရှု လက်ခံပြီး ကျွန်တော်များ၏ Forum တွင်ပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ရာ စာပေပြိုင်ပွဲလေးတစ်ခု အဖြစ် ပါဝင်ဆင်နွှဲနိုင်ကြရန် စီစဉ်ပေးခြင်းဖြစ်ပါသည်။
မှတ်ချက်။ ။ ပါဝင်ရေးသားကြသော ပညာရှင်၊ ၀ါသနာရှင်များ၏ Personal Information များကိုကျွန်တော်တို့ Myanmar Genius Member များမှ အပြည့်အ၀ကာကွယ်ပေးသွားမည် ဖြစ်သော်လည်း မိမိရေးသား တင်ပြသော ကဗျာ သို့မဟုတ် Essay အတွက်ကိုမူ စာရေးသူတွင်သာ တာဝန်အပြည့်အ၀ရှိမည်ဖြစ်သည်။
P.S- ပြိုင်ပွဲဆိုတာထက် ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ဒီနေ့ထူးနေ့မြတ်တွေကို မမေ့ပျောက်ပဲ အမှတ်တရရှိနေသေးကြောင်း ဂုဏ်ပြုပြသလိုသော ကြောင့် စီစဉ်ခြင်းဖြစ်ပါတယ်။








