poemtopia

poem is mylife

Archive for December, 2008

hApPy n3w y3aR

Posted by On December - 31 - 2008 6 COMMENTS Subscribe here
ပျော်ရွှင်စရာ နှစ်သစ်ကူးလေးဖြစ်ပါစေ
အားလုံးသော ဘလော့မောင်နှမတွေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ

New Year Myspace Comments
MyNiceSpace.com

ဒီလိုပျော်ရွှင်စရာ ရှိတဲ့သူတွေ ပျော်နိုင်ပါစေ

New Year Myspace Comments
New Year Myspace Comments
New Year Myspace Comments

New Year Myspace Comments
Zodiac Myspace Comments

ခွင့်စာ

Posted by On December - 28 - 2008 18 COMMENTS Subscribe here
ခွင့်စာဆိုလို့ ဒီခပ်ပိန်းပိန်းကောင်လေး ဘာတွေများ ကြီးကြီးကျယ်ကျယ် လုပ်တာပါလိမ့်လို့ မတွေးလိုက်ကြပါနဲ့။ ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ဖို့ မဟုတ်ပါဘူး။ ကြီးကြီးကျယ်ကျယ်လဲ မဟုတ်ပဲနဲ့ ဘာလို့ မင်းက ခွင့်စာတင်ရတာလဲကွလို့ပြောရင် ကျတော် ၂၀၀၉ ရောက်ရင် ကျတော် ပျောက်နေတဲ့ အနာဂတ်ကို ကြိုးစား ရှာဖွေရတော့မှာပါ။ ကျတော်က လက်ရှိမှာ ပစ္စုပ္ပုန်လဲ မသိ အတိတ်လဲမရှိ အနာဂတ်ဆိုတာ ဘာလဲ မေးရမဲ့ ကောင်ပါ။ အခုအချိန်မှာ အားမွေးမယ်ဆိုပြီးတော့ တစ်ယောက်တည်း ကျိတ်ပြီး တိတ်တိတ်လေး နေချင်ပြန်ပါတယ်။ ဘလော့ သံယောဇဉ်တော့ ပြတ်နိုင် မပြတ်နိုင် မသိပေမဲ့ အချိန်ကတော့ တော်တော် လုရမှာပါ။ လက်ရှိတက်နေတဲ့ ကျောင်းအပြင် Short Course တခုပါ ညဘက် တက်မှာ ဖြစ်တဲ့ အတွက် အိမ်ပြန်ရောက်ချိန်ဟာ ည ၁၁နာရီ ၀န်းကျင် ဖြစ်နိုင်ပါတယ်။ အရင်က ကျောင်း တက်ချင်ယောင်ဆောင်ခဲ့တဲ့အတွက် အခုကျောင်းပြန်ဖွင့်ရင်တော့ ကျောင်းသေချာတက်ပြီး စာသေချာလုပ်ရတော့ပါမယ်။ အခုကျောင်းပိတ်ရက်မှာလဲ ယောင်ခြောက်ဆယ်လုပ်ရင်း ဇီးကွက်ဖြစ်နေတဲ့အတွက် လူလဲ ဂျပိန်ညောင်မျိုးဖြစ်နေပါပြီ (မောင်မျိုးရေ လက်စားချေတာဟေ့) ဒါကြောင့် ခွင့်စာ ကြိုတင်ထားတာပါ။ အခုတည်းက စိတ်ကို အေးအေးဆေးဆေး နားချင်တာရယ်၊ ကျတော့ အိမ်လေးထက် သံယောဇဉ်ရှိတဲ့ ငပေါဂေဟာလေးမှာ လုပ်စရာလေးတွေရှိတာကြောင့်ပါ။ ဒါကြောင့် Tag လေးကို အမြန်ဆုံးရေးသားလိုက်ရတာပါ။ အကယ်၍ အိမ်လိုက် မလည်နိုင်ခြင်း၊ ပိုစ့် အသစ် မတင်နိုင်ခဲ့ပါက တောင်းပန်ပါတယ်။ အချိန်ကုန်ခံ လာလည်ပြီး ဘာပိုစ့်မှ မရှိရင် အားနာစရာကောင်းလို့ပါ။ ခဏပိတ်ထားမယ်ဆိုလဲ ၀ိုင်းပြောမဲ့ မောင်နှမတွေရှိနေတော့ ပိတ်မယ်လဲ မပြောရဲဘူးလေ။ ကျောင်းပိတ်ရက် စနေ နှင့် တနင်္ဂနွေတော့ ဘလော့ မရေးနိုင်ရင်တောင် အိမ်တွေလိုက် လည်ပြီး စာတွေဖတ်ဖြစ်မယ်လို့ ထင်ပါတယ်။ ကျတော်မှာ လုပ်စရာက ဒီအလုပ်ပဲရှိတယ်လေ။ ဘလော့မှာ စာလိုက်ဖတ်ရတာ ၀တ္ထုစာအုပ် ဖတ်ရတာနဲ့ မတူပါဘူး။ ကိုယ်ပိုင်ဟန်တွေနဲ့ ရေးသားထားတဲ့ ပုံစံမျိုးစုံသော ရသတွေ၊ ဗဟုသုတတွေ၊ အချစ်တွေ၊ အလွမ်းတွေ၊ ပျော်စရာလေးတွေကို တယောက်တမျိုး မရိုးအောင် ခံစားလို့ရတယ်လေ။ စီဘောက်အော်ခဲ့ရတာလဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘလော့ဂါ ဘ၀လေးလေ။ ကျတော်ဘ၀မှာ ချစ်ခင်ရင်းနှီးတဲ့ မောင်နှမတွေကိုလဲ ဒီဘလော့လေးကနေရခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ဒီဘလော့ဂါဘ၀လေးကိုတော့ ဘယ်တော့မှ မစွန့်လွှတ်ပါဘူး။
အားလုံးရဲ့ မောင်ငယ်၊ တူလေး၊ အစ်ကိုကြီး၊ ညီငယ် ဖိုးဂျယ်

ကျတော်က အားနေတော့ စိတ်ကူးယဉ်တာတွေက အများကြီးပေါ့ လိုအပ်ချက်တွေများကိုး ဒီထဲကမှ ဒီအကြောင်းအရာလေးကတော့ စိတ်ကြည်နှုးစေတဲ့ အကြောင်းအရာလေးပေါ့။ စိတ်ညစ်စရာတွေကို အတင်းစိတ်ကူးယဉ်တဲ့ အကြောင်းတွေ ရှိပေမဲ့ ဒါလေးကတော့ ပျော်ရွှင်စရာလေးပေါ့။ ငယ်ငယ်တည်းက စိတ်ကူးယဉ်တာ ၀ါသနာပါတယ်လေ အိမ်မှာက အပယ်ခံလို ဖြစ်နေတော့ ဘာလိုချင်ချင် စိတ်ကူးယဉ်လိုက်တာပဲ ဘယ်လောက် အန္တရာယ်ကင်းလိုက်လဲ ကိုယ့်စိတ်ကူးထဲမှာ ကိုယ်ဖြစ်ချင်တာတွေ အကုန်ဖြစ်လို့ရတယ်လေ။ Tag ပိုင်ရှင်လေးကတော့ ညီမလေး အိဖူး ဖြစ်ပါတယ်။
ကျတော်ချစ်နေသော သူမသည် ဘလော့ဆိုတော့ စာမျက်နှာတွင် ကဗျာတွေ၊ စာတွေ ရေးသားပါသည် (မရေးသားပါက ကိစ္စမရှိပေ)။ သူမကို ကျတော် မြတ်မြတ်နိုးနိုး ချစ်ပါသည်။ သူမကို ကျတော်ချစ်ခွင့်ပန်သောအခါ သူမပြန်ပေးသော အဖြေရပြီး ချစ်သူဖြစ်ပါက ကျတော်တို့ ချစ်သူဖြစ်သော အထိမ်းအမှတ်အနေနဲ့ ကျတော်နဲ့ သူမ နာမည်ပါသော ဘလော့တခု လုပ်ကာ သူမကို ကျတော် ဘယ်ချစ်ကြောင်း၊ ဘယ်လောက် မြတ်နိုးကြောင်း နေ့စဉ်မှတ်တမ်းသဖွယ် ရေးသားပါမည်။ သူမကလဲ ကျတော်ကို ဘယ်လောက် လေးစားချစ်မြတ်နိုးကြောင်း၊ လွမ်းဆွတ်သတိရကြောင်း ရေးသားစေမည်။ ကျတော်တို့နှစ်ယောက်သည် ဘလော့စာမျက်နှာတွင် အားကျ စံပြလောက်သော ချစ်သူစုံတွဲဖြစ်စေပါမည်။ တခါတရံ နားလည်မှုလွဲလို့ ရန်ဖြစ်သော ကဗျာလေးတွေ ရေးသားပြီး ရန်ဖြစ်ကျပါမည်။ သူမနဲ့ ကျတော် စိတ်ဆိုးနေပါက သူမသော်လည်းကောင်း၊ ကျတော်သော်လည်ကောင်း ကဗျာလေးများ၊ ၀တ္ထုတိုလေးများ ရေးသား၍ အပြန်အလှန်ချော့မည်။ ထို့နောက် သူမနဲ့ ကျတော် ရှေ့ရေးကို တွေးကာ ပြည့်စုံသော ဆုံးဖြတ်ချက်တွေချမည်။ ပျော်ရွှင်စရာကောင်းသော ချစ်သူဘ၀ကို ဖြတ်သန်းပြီး လက်ထပ် ထိမ်းမြှားပြီးသောအခါ ကျတော်တို့ရဲ့ ရင်သွေးလေးတွေ ဘ၀ရှေ့ရေးအတွက် ကြိုးစားဆောင်ရွက်မည်။ ၀မ်းသာစရာအကြောင်းလေးတွေ ၊ အဆင်မပြေမှုလေးတွေကို ဒီဘလော့ပေါ်မှာ အန်ချမည်။ အကို၊ အမတွေဆီက အကြံလေးတွေယူမည်။ ကျတော်နဲ့ သူမ၏ ရင်သွေးလေးတွေရဲ့ မွေးနေ့တွေကိုလဲ ဒီဘလော့လေးမှာလဲ အမှတ်တရပြုလုပ်မည်။ ထို့နောက် ရင်သွေးလေးတွေ စာဖတ်တတ်သော အရွယ်ရောက်လာပါက ကျတော်တို့ နှစ်ယောက်ရေးသားထားသော ကဗျာများ၊ စာများ ဖတ်စေ၍ ကျတော်တို့နှစ်ယောက် မည်မျှချစ်ကြောင်း နှင့် သူတို့ကို မည်မျှချစ်ကြောင်း သိစေမည်။ ထို့အပြင် ဖြတ်သန်းခဲ့ရသော ဘ၀ အခက်အခဲတွေကို နားလည်စေမည်။ ပိုက်ဆံတတ်နိုင်ပါက ဒိုမိန်းနိမ်း တခုဝယ်ကာ ကျတော်တို့ မိသားစု နေ့စဉ်မှတ်တမ်းလေးသဖွယ် ပြုလုပ်မည်။ ကျတော်တို့နှစ်ယောက် ကွယ်လွန်ခဲ့သော် သားစဉ်မြေးဆက် လက်ဆင့်ကမ်းသော အမွေအဖြစ် ကျန်ရစ်စေမည်။

ကိုယ့်စိတ်ကူး အိမ်မက်လေးကို ဖေါ်ပြဖို့ အလှည့်ကြ ကံစမ်းမဲပေါက် သူတွေကတော့ ကိုအိပ်မက်ရှင် / ကိုအိမ် / ငပေါမိုးသား / ညီထီးရိုး/ အကိုရဲရင့်နီ/ယမမင်းလေး/ တီတီခေါင် / ကိုကို့ရဲ့ ညီ / ပိကျိ / ဖိုးဂျယ်လေး အမဆုမွန်/ ဖိုးဂျယ်လေး အမတူးတူးသာ/ ဖိုးဂျယ်လေး အမမေ/သယ်ရင်း ဗီဗီ/ အန်ဒီ/ မောင်ရှင်းသန့်/ ညောင်မျိုးး/ပေါကေလာ/ ခပ်ညံ့ညံ့ကောင် /  ချစ်သူ့ ပုံရိပ်/ ဦးဦးCraton/ ref="http://www.crazydreamlover.com/" target="_blank">တီတီမက်/ကိုဖြိုး CLASSIC ROCK/Blog of မင်းသူတ/ကိုဝင်းဇော်/တီတီဝါ/နေ့အိပ်မက်/တီတီဆု/တီတီမီးလေးဇာ/တီပုယဲ/ဦးဦးအလှ100/ကိုတောင်ပေါ်သား/ဦးဦးချစ်ခြင်းခြေရာ/ကေမောင်ငြိမ်း/တီတီငှက်ငယ်လေး/ ပွကြီး/ ညခင်းနဲ့ လမင်း / ကိုရင်နော် မငယ်လေး ကလေးလေးတို့ ဖြစ်ကြောင်းပါ။ ဒူ ဝေ ဝေ ဝေ

အားး  . . . .
နားထဲမှာ အသံတွေ
ဘာသံတွေလဲ
ငါ့ကိုခေါ်နေတာလား
အေး လာပြီ လာပြီ
အဲ့လောက် အကျယ်ကြီးခေါ်မနေပါနဲ့ . . . .
ငါ နားမလေးပါဘူး။
ဘာ ငါ့ကို သတ်ဖို့လူတွေ လာနေပြီ
ငါ  ငါ ငါ ဘာလုပ်မိလို့လဲ
ငါ ငါ ဘာလုပ်ရမှာ . . . လဲ
ဘာ သူတို့ကို ဦးအောင် သတ်ရမယ် . . . .
ဟုတ်တယ် ဟုတ်တယ် . . . .
မင်းပြောတာ မှန်တယ် မှန်တယ်။
သူတို့ သတ်တာတော့
ငါ မခံဘူး ဟုတ်တယ် ဟုတ်တယ် . . . .
ကိုယ် အရင်လက်ဦးမှုရယူ ထားရမယ်။
ငါ ငါ ဘာနဲ့ ခုခံရမှာလဲ
ဓါးနဲ့လား တုတ်နဲ့လား???????????
ဒီလောက် လူတွေအများကြီး
ငါ ဘယ်လို ကာကွယ်ရမလဲ !!!!!!!!!!!
ဘယ်လို ဘယ်လို သေချာ ပြောပါ
ငါ သဲသဲကွဲကွဲ မကြားရဘူး . . . .
သူတို့ မမှတ်မိအောင်
ငါ့ အစ်ကို ဖိနပ်နဲ့ လဲ စီးထားရမယ် . . . .
ရုပ်ဖျက်တာ ဟုတ်လား
အေး . . . အေး  . . . . ဟုတ်တယ်
ဒါဆို သူတို့က ငါ့ကို
ငါ့ အစ်ကိုထင်ပြီး ရှောင်သွားမှာပေါ့
အေး ဟုတ်တယ် မင်းပြောတဲ့
အကြံကောင်းတယ် ကောင်းတယ် . . . .
ဟူးးးး မင်းပေးတဲ့ အကြံကောင်းလို့ကွ
ကျေးဇူးကွာ . . . .

အခု ကျွန်တော်ရောက်နေတဲ့ စေတီတစ်ဆူဟာ
ကျိုက်ထီးရိုးဘုရားနယ်နိမိတ်ထဲက စေတီတစ်ဆူပါ။
ဒီစေတီလေးမှာ . . . .
ဘောင်းဘီရှည်ရှည်တွေ ၀တ်ထားတဲ့
ကောင်မလေးတွေ မရှိဘူး . . . .။
လော်စပီကာနဲ့ အလှုခံတွေ မရှိဘူး . . . .။
အရောင်ပြိုးပြိုးပြက်ပြက်နဲ့
လူရောင်စုံတွေ မရှိဘူး . . . .။
ပူပြင်းတဲ့ ကိုယ်ငွေ့တွေ မရှိဘူး . . . .။
ငြိမ်းချမ်းလိုက်ပုံများ
ဘာမှမသိတဲ့ ကျေးငှက်လေးတွေရဲ့ အော်မြည်သံ . . . .
ဘာမှမသိတဲ့ စိမ်းလန်းတဲ့ တောအုပ် . . . .
ဘာမှမသိတဲ့ တောင်တန်းတွေ . . . .
အေးချမ်းလှတဲ့ မြူနှင်းတွေနဲ့ အတူ . . . .
အေးလိုက်ပူလိုက်နဲ့ ဖြစ်တဲ့ . . . .
လူတစ်ယောက်ပဲရှိတယ်။
အဲ့လူပေါ့ . . . .
မြင်ကွင်းအားလုံးကို အပေါ်စီးကကြည့်ပြီး
အေးချမ်းတဲ့အခါ အေးချမ်းလိုက်
ပူဆွေးတဲ့အခါ ပူဆွေးလိုက်နဲ့
မပြီးသေးတဲ့ သံသရာလည်ဖို့ ကြိုးစားနေတယ်။
ပြီးတော့ . . . .
ဒီကဗျာကို
သူကိုယ်တိုင်ရေးနေလေရဲ့ . . . .။
(၉.၁.၀၆)

ဆားချက်ခြင်းမဟုတ်ပါ။ အခုချိန်က ဒီဇင်ဘာလ ကျိုက်ထီးရိုးအချိန်ဆိုတော့ တချိန်က ကျိုက်ထီးရိုးမှာ ကျတော်ရေးခဲ့တဲ့ ကဗျာလေးကို တင်လိုက်တာပါ။

Merry Christmas

Posted by On December - 24 - 2008 6 COMMENTS Subscribe here
ပျော်ရွှင်ဖွယ်ရာ X’mas ပါ။

ဒါကတော့ ကိုကေလာ လက်ဆော့ထားတဲ့ X’mas လက်ဆောင်ပေါ့။

ပထမဆုံးကြိုးစားပမ်းစား ရေးလိုက်တယ်။ ၀တ္ထုတိုလား ဘာလားတော့ တိဖူး ရေးလိုက်ပီ တူညားတွေ အားကျယို့ မကောင်းဘူးလို့ မပြောနဲ့နော်၊ ဂျယ်လီကျွေးမယ်။

မနက် အိပ်ယာနိုးတော့ အိုး . . . အပြင်မှာ မြူတွေဆိုင်းနေပါ့လား။ ဒီလို ဒီဇင်ဘာလမှာ မြူတွေဆိုင်းတာ၊ နှင်းတွေ ဝေနေတာ မြင်ရရင် ဒီဇင်ဘာလမှာ မွေးလို့လားတော့မသိဘူး အလိုလိုပျော်တယ်။ ဒါနဲ့ နာရီကြည့်တော့ အောင်မလေး ကျောင်းချိန်နီးနေပြီ။ ဒါနဲ့ ခပ်သွက်သွက် အ၀တ်စားလဲ၊ မပါမဖြစ် Mp3လေးယူပြီး။ ကျောင်းကို ထွက်လာခဲ့တယ်။ အပြင်ရောက်တော့ စိတ်လက်ပေါ့ပါးပြီး သူမ ကြိုက်တယ်ဆိုတဲ့ ဒီဇင်ဘာသီချင်းလေးနဲ့ အတူ နှင်းတောထဲမှာ ခုန်လိုက် ပေါက်လိုက်နဲ့ ကျောင်းကို ရောက်လာခဲ့တယ်။ အိပ်ကပ်ကို စမ်းကြည့်လိုက်တော့ အိပ်ကပ်ထဲမှာ မနေ့က မကျွေးလိုက်ရတဲ့ အသည်းပုံဂျယ်လီလေးပါတယ်လေ။

အခန်းထဲရောက်တော့ သူမ မရောက်သေးဘူးလေ။ ဒါနဲ့ ကိုယ့်ထိုင်ခုံမှာ ထိုင်ပြီး စဉ်းစားနေလိုက်တယ်။ ဒီနေ့ သူမကို ပြောဖို့စကားတွေ အများကြီးရှိတယ်လေ။ ဒါနဲ့ ဘယ်လောက်တောင် စဉ်းစားမိလဲဆို ဘေးက သူငယ်ချင်းက ” ဟေ့ကောင် ကျောင်းတက် ခေါင်းလောင်းထိုးလို့ ၀ိုင်ဝိုင်းတောင်လာနေပြီ မင်းဘာတွေ စဉ်းစားနေတာလဲ” “အော် ဘာရယ် မဟုတ်ပါဘူးကွ ဒီလိုပါပဲ” ပြောပြီး အခန်းထဲ ဝေ့ကြည့်လိုက်တော့ သူမ မရောက်သေးပါလား။ ဘာဖြစ်လို့ပါလိမ့် ဒီအချိန်သူမ ရောက်နေကျပါ။ ဒီနေ့ သူမ ကျောင်းမတက်ဘူးထင်တယ်ဆိုပြီး ကျတော် စိတ်ထဲ တမျိုးဖြစ်သွားတယ်။ သူမ တကယ်ပဲ ကျောင်းမတက်ဖူးလေ။ ကျောင်းစာသင်ချိန်မှာ စာထဲ စိတ်ရောက်လိုက် သူမအကြောင်း စိတ်ရောက်နဲ့ တစ်ယောက်တည်း အတွေးထဲ မျောချင်ရာ မျောနေတယ်။ ဒီလို့နဲ့ ဆရာမတွေ ၀င်လာလိုက် ထွက်သွားလိုက်နဲ့ မုန့်စားဆင်းချိန်ရောက်လာတယ်။ ကျောင်းသားတွေ အားလုံး မုန့်စား ဆင်းသွားပြီလေ။ အခန်းထဲမှာ ကျတော် တစ်ယောက်တည်း ကျန်တော့တယ်။ ဒါနဲ့ အိပ်ကပ်ထဲက အသည်းပုံဂျယ်လီလေး ထုတ်ကြည့်မိတယ်။

” ဟိတ် ဘာတွေ စဉ်းစားနေတာလဲ မုန့်သွား စားမယ်လေ ဘာလုပ်နေတာလဲ” သူမကပြောတော့ ကျတော်က “အော် အေးအေး . . လာပါပြီဟ” ဒီလိုနဲ့ မုန့်ဈေးတန်းရောက်တော့ သူမ စားချင်တာကို ကျတော်က ကျောင်းသား/သူတွေ ကြားထဲက တိုးဝေ့ ၀ယ်ပြီး မျက်နှာချင်းဆိုင် ထိုင်ပြီး စားတယ်။ စားပြီးတော့ ထုံးစံအတိုင်း သူမနဲ့ ကျတော် စကားပြောနေကျ ကျောင်းအ၀င်ဝလမ်း ခုံတန်းလေးမှာ စာအကြောင်းတွေ၊ ကဗျာအကြောင်းတွေ ပြောရင်း ကျတော်ကျွေးတဲ့ ဂျယ်လီကို အမြဲစားတတ်တယ်။ တခါတခါသူမက သူမရဲ့ ချစ်သူအကြောင်း ပြောပြတာကို ကျတော် ငြိမ်ငြိမ်လေး နားထောင်နေတတ်တယ်။ သူမပြောတာတော့ သူမချစ်သူက တခြားအခန်းမှာတဲ့လေ။ ဒါပေမဲ့ ကျောင်းမှာတော့ တွဲသွားတွဲလာ မတွေ့ဖူးဘူး။ ဒီလိုနဲ့ စကားပြောရင်း ကျောင်းတက် ခေါင်းလောင်းထိုးရင် အတန်းထဲ ပြန်ဝင် အတန်းထဲမှာလဲ သူမနဲ့ကျတော်က စာတိုလေးတွေ ဆရာ/မ အလစ် ပစ်ပေါက်ပြီး စနေနောက်နေကျလေ တခါတလေတော့ ကျတော်က ဟိုးနောက်ဆုံး ခုံမှာ သီချင်း ခိုးနားထောင်နေတတ်တယ်။ အဲ့အချိန်ဆိုရင်တော့ သူမက အလိုက်တသိနဲ့ ငြိမ်ငြိမ်လေး နေပေးတတ်တယ်။ ကျတော် နားထောင်နေတတ်တာက သူမကြိုက်ပါတယ်ဆိုတဲ့ အောင်ကောင်းထက်ဆိုထားသော ၁၂နှစ်ရာသီအချစ်ထဲက ဒီဇင်ဘာနံနက်ခင်းဆိုတဲ့ သီချင်းလေးလေ ထိုသီချင်းကို တချိန်ချိန်ကျရင်တော့ သူမကို ဆိုပြမည်ဟု ကတိခံထားဖူးတယ်လေ။ ဒီလိုနဲ့ ဖြတ်သန်းလာတာ ရက်တွေ၊ လတွေတောင် ကြာလာတယ်။ သူမနဲ့ ကျတော်နဲ့ကတော့ အသွားအလာမပျက်၊ အတူစား အတူသွားပေါ့။

တက္ကသိုလ်ဝင်တန

ငါ့ချစ်သူနဲ့ အတူတူရှိချိန်ထက်
မင်းနဲ့ အတူတူရှိ ချိန်က ပိုများခဲ့တယ်။
ငါ့ချစ်သူကို စိုးရိမ်တာထက်
မင်းကို ပို ဂရုစိုက်ခဲ့မိတယ်။
ငါ့ချစ်သူနဲ့ တွေ့လို့
လောက၀တ်စကားတွေပဲ ပြောမိပေမဲ့
မင်းနဲ့တွေ့ရင်တော့
ငါ ပေါ့ပါးလန်းဆန်းနေတတ်တယ်။
ငါ့ချစ်သူနဲ့ မျက်နှာချင်းဆိုင်
ချစ်စကားပြောရတာထက်
မင်းနဲ့မျက်နှာချင်းဆိုင်
အာလပသလာပပြောရတာ ပိုခုံမင်လာတယ်။
ငါ့ချစ်သူ အကြောင်းပြောပြလို့
မင်း ခေါင်းညှိမ့်ပြီး နားထောင်တတ်သလို
မင်းချစ်သူ အကြောင်း ပြောလဲ
ငါ့ ငြိမ်ငြိမ်လေး နားထောင်တတ်လာတယ်။
ငါ့ချစ်သူနဲ့ နှစ်ယောက်တည်း
လျှောက်လည်တာထက်
မင်း အပေါင်းသင်းတွေနဲ့
လက်ဖက်ရည်ဆိုင် အတူတူထိုင်ရတာ
ငါ ပိုနှစ်သက်လာတယ်။
င့ါချစ်သူကို သမီးရည်းစားလို ချစ်ရတာထက်
မင်းကို သူငယ်ချင်းလို၊ မောင်နှမလို
ချစ်ရတာ ပို ကောင်းတယ်လို့ ငါထင်နေတယ်။
ဘယ်အချစ်က ပူလောင်ပြီး
ဘယ်အချစ်က အေးချမ်းလဲ
လူတိုင်းသိသလို ငါလည်းသိတယ်။
ဒါပေမဲ့ . . . .