ဖိုးဂျယ်
Archive for November, 2008
ဖိုးဂျယ်
အဖေနဲ့ အမေက အိမ်မှာ အထည်ဆိုင် ဖွင့်ထားပါတယ်။ မြေညီထပ်မှာ အိမ်ခန်းတွေ ဖျက်ပြီးတော့ စတိုးဆိုင်သဘောပေါ့။ တိုက်ခန်းရဲ့ ၃ပုံ ပုံ ၁ပုံက ဆိုင်၊ ၁ပုံက မီးဖိုချောင်၊ ၁ပုံက အိပ်ခန်းပေါ့ အကြမ်းဖျင်းပြောပြတာပါ။ အဲ့မှာပဲ အိပ်၊ အဲ့မှာပဲ စားပေါ့၊ အိမ်မှာက အဖေ၊အမေနဲ့ ကျတော်ပဲရှိတယ်လေ၊ အစ်ကိုနှစ်ယောက်က စလုံးမှာဆိုတော့ နေရတာ အေးဆေးပေါ့၊ ကျတော်လဲ ကျောင်းက ညနေမှ ပြန်လာတာဆိုတော့ သိပ်ပြဿနာမရှိဘူးလေ။ နောက်တိုက်ခန်း တစ်ခန်းက ၃လမ်းလောက်တော့ခြားတယ်။ ဒါပေမဲ့ ကျတော်တစ်ယောက်တည်း ကြတော့ စိတ်မချဘူးလေ။ ကဲပါ လေကြော နည်းနည်းရှည်သွားပြီ။ ဇာတ်လမ်းက ဆိုင်ကစတာဖြစ်လို့ ရှင်းပြနေရတာပါ။
ဆိုင်က ညနေ ၇ နာရီလောက်ဆို သိမ်းပါတယ်။ ၂၃.၀၄.၀၆ မှာ ကျတော် ဆိုင်သိမ်းရင်းနဲ့ ကုလားထိုင်ကို တိုက်မိပြီး ကုလားထိုင် လဲသွားပါရော အဲ့တာကို ဘာမဆိုင် ညာမဆိုင် အမေ လာပြီး ဆူတယ်ဗျာ။ ကျတော်က အမြဲနမော်နမဲ့နိုင်လို့ ဆူတာရပါတယ်။ ဘာမှမဆိုင်တဲ့ ပိုက်ဆံ ဘယ်နှပြားရှာနိုင်လို့လဲ ဘာလဲဆိုတဲ့ ကျတော် မာနလာထိတယ်လေ။ ပြီးတော့ ဘာမှမဆိုင်တဲ့ ဟိုးအရင်က လုပ်ခဲ့တာတွေရော စုံနေတာပဲ။ ကျတော်က အငယ်ဆုံးဆိုတော့ ပိုက်ဆံကို အစ်ကိုတွေလို ရော ၃သိန်း၊ ၄သိန်းဆိုပြီး မရှာနိုင်သေးဘူးလေ။ အလုပ်လုပ်မယ်ဆိုတော့လဲ လက်မခံကြဘူးလေ။ ဒါပေမဲ့ ကျတော်လုပ်နိုင်သလောက် ကူညီခဲ့တယ်။ ကျတော် ဒေါသဖြစ်တာက ပိုက်ဆံမရှာနိုင်ဘူးဆိုတဲ့ စကားပါ အမှန်တော့ ကျတော်မရှာနိုင်ပါဘူး။ ဒါပေမဲ့ ထားပါလိုရင်း မရောက်တော့ဘူး။ ကျတော်က ဗုဒ္ဓဟူးသားလေ ဆင်ကြံကြံတတ်တယ်။ အဲ့နောက်ပိုင်း ကျတော် ပိုက်ဆံကိုရသလောက် အိမ်က ခိုးတယ်။ ဟုတ်တယ်လေ မခိုးရင် ဘယ်ကသွားရှာမလဲ။ ဆွဲကြိုးတို့ ဘာတို့ချွတ်ရောင်းတာ တခါလေး လုပ်ဖူးပါတယ် ပြောမဆုံးလို့ မလုပ်ချင်တော့ဘူးလေ။ ပြီးတော့ ကျတော့်မှာ ရှိသမျှ အောင်လက်မှတ်တွေရယ်၊ ကဗျာရေးထားတဲ့ စာအုပ်တွေကို ထည့်ထားတဲ့ လွယ်အိတ် ၁အိတ်၊ အ၀တ်စားထည့်ထားတဲ့ အိတ်က ၁အိတ်နဲ့ ကြိုတင်ကြံစည်ထားတာလေ။ အဲ့အိတ်နှစ်လုံးနဲ့ ထွက်တာ မသိဘူးလားမေးရင် အိမ်က မသိဘူးလို့ပဲဖြေရမှာပါ။
၂၆.၀၄.၀၆ ကျတော့ ဟိုတယ်ကို လှမ်းပြီး Booking လုပ်ထားလိုက်တယ်လေ။ ကိုယ်ကသာ အသုံးမကျတာ ဘာကိစ္စဖြစ်ဖြစ် ကြိုစီစဉ်ထားတတ်တဲ့ အကျင့်တော့ရှိတယ်။
၂၇.၀၄.၀၆ ကျတော့ ညနေ ၃နာရီ ၀န်းကျင်လောက် အဲ့အိတ်နှစ်လုံးကို အိမ်ရှေ့ချထားတယ်။ သူတို့လစ်လောက်တော့ ဆွဲပြီးထွက်လာလိုက်တယ်။ အဲ့နေ့က ကျတော် ဘ၀မှာ ပထမဆုံးကြိမ် တစ်ယောက်တည်း ဟိုတယ် တည်းဖူးတာပဲ။ ဘယ်သွားသွား အိမ်နဲ့ပဲ သွားရတာလေ သူငယ်ချင်းတွေနဲ့ တခါမှ ခရီးမထွက်ဖူးဘူး။ သွားမှာက ဆီဆိုင်မြို့မှာ ရှိတဲ့ မွေးစားအမေရဲ့ တူမပေါ့။ တောင်ကြီးနဲ့ မိုင် ၇၀၊ ၈၀လောက်ဝေးမယ်ထင်တယ်။ သေချာမမှတ်မိတော့ဘူး။ ၀ယ်ထားတဲ့ ရထားလက်မှတ်က ၂၈.၀၄.၀၆ ၁၂း၃၀ဆိုတော့ တရက်ကြိုပြီး အိမ်က ထွက်ထားတာ သွားမဲ့နေ့မှဆိုရင် အစီစဉ်ပျက်မှာဆိုးလို့လေ။ ဒီလိုနဲ့ ထုံးစံအတိုင်း ရထားက ညနေ ၃နာရီလောက်မှ ထွက်တယ်။ ပထမ ကျတော်စဉ်းစားထားတာက မန္တလေးကနေ တောင်ကြီးကို တက်မယ်ပေါ့။
၂၉.၀၄.၀၆ ၂နာရီ ၀န်းကျင်လောက်မှာ သာစည်ဘူတာရောက်တော့ စိတ်ကလဲ မရှည်တတ်တော့ ဆင်းလိုက်တယ်။ ရန်ကုန်က မထွက်ခင်တည်းက ဘယ်ကနေ ဘယ်လိုသွားလို့ ရတယ်ဆိုတာ ကြိုကြည့်ထားတယ်လေ။ မန္တလေးက သွားလို့ရသလို သာစည်ကလဲ သွားလို့ရတယ်လေ။ ဒါနဲ့ ကားဂိတ်ကို ဘူတာကနေ သွားရင် ၅မိနစ်လောက် လမ်းလျှောက်ရင်ရတာကို မသိတော့ မြင်းလှည်း ငှားစီးရတယ်။ ကာ
ညလေးရဲ့ပိကျိနဲ့ ကိုဖားကြီးက Tag ထားတာလေ မုန်းတဲ့ ၁၀ချက်တဲ့
၁။ ဗုဒ္ဓဟူးနေ့မှာ မွေးလို့ ဗုဒ္ဓဟူးသားဖြစ်တဲ့အတွက်
၂။ ပိုက်ဆံတွေကို မုန်းနေလို့
၃။ အရမ်းအချစ်ကြီးနေလို့
၎။ တကိုယ်ကောင်းအရမ်းဆန်လို့
၅။ တဖက်သားကို အရမ်းဦးစားပေးတတ်လို့ (ဒါကြောင့် တယောက်တည်းနေတယ်၊ သွားတယ်)
၆။ ကျတော်မိသားစု ချစ်အောင်မနေတတ်လို့
၇။ အမြဲကျီဆယ်တတ်တဲ့ နတ်ဆိုးတစ်ကောင်ရှိလို့
၈။ ဘယ်လောက်လုပ်လုပ် အောင်မြင်အောင် မလုပ်နိုင်လို့
၉။ အမြဲတမ်းရွဲ့ ပြောတတ်တဲ့လို့ ဟီး ပြင်လို့မရဘူးဗျ ခဏခဏ ရန်ဖြစ်တယ် ရွဲ့ပြောလို့တဲ့လေ
၁၀။ ပေါင်းသင်းဆက်ဆံရေး ညံ့လို့
ရေးရင်းရေးရင်း ငါမှာ မကောင်းတာတွေ တော်တော်ရှိပါလားလို. သိသွားတယ်။ ဒါတောင်မနည်း ရပ်ထားရတယ်။ ဆက်ရေးရင် ရှိသေးတယ်။
ဒါပေမဲ့ ခုတော့ရှိတော့ဘူး။ တားကို ဂရုစိုက်တဲ့ ချစ်ကျတဲ့ Blog မောင်နှမတွေရှိလို့ပဲ။ ကျေနပ်လောက်ပါပြီနော် ညလေးရဲ့ပိကျိနဲ့ ကိုဖားကြီးရေ
အဟမ်း အဟမ်း ဆက်လက်ပီးတော့ ချစ်လှစွာသောညီ၊ ဖိုးဂျယ်လေးအမမဆုမွန်၊ ဖိုးဂျယ်လေး အမမေ၊ ယမမင်းလေး၊ ညီအောင်ပြည်၊ ငှက်ငယ်လေး၊ ခပ်ညံ့ညံ့ကောင်၊ ချစ်ကိုကဗျာမွှေ၊ လိပ်ပြာလေးတို့ ကံစမ်းမဲပေါက်ပါကြောင်း
ဒါကြောင့် *ကျတော်ရေးတာ မဟုတ်ပါက ညီမတော်နန်းညီကိုသာ ပြစ်ပြစ်နှစ်နှစ် ထောပနာပြုကြပါကုန်။*
အဟမ်းဟမ်း ဟိုးရှေးရှေးတုန်းက တရုပ်ပြည်မှာ Kung Fu အရမ်းတတ်ချင်တဲ့ Pandaလေး ရှိသတဲ့ကွယ်။ သူ ပညာအရမ်းသင်ချင်လွန်းလို့ မြို့တွေ၊ ရွာတွေကို သွားပြီး လိုက်ရှာ ဒီလိုနဲ့ တစ်နေ့ကျတော့ သူကို ပညာသင်ပေးမဲ့ ဆရာရှဥ့်ဖြူနဲ့ တွေ့ပါရောလား။ အဲ့တော့ Pandaလေး အကြိုက်ပေါ့။ Pandaလေးက အစားသောင်းကျန်းတော့ သူ့ဆရာက အစားသောက်လုယူ စားသောက်နည်းတွေနဲ့ သင်ကြားပေးတာပေါ့။ Pandaလေးက သူ့ဆရာရဲ့ သင်ကြားမှုတွေကို ကြိုးစားသင်ယူပါတယ်။ ပင်ပန်း ဆင်းရဲမှုတွေ အမြောက်အမြားကို ကျော်ဖြတ်ရတာပေါ့။ Pandaလေး နဲ့အတူတူ ပညာသင်ကြားသူတွေကတော့ Monkey/ Tiger/ Viper/ Crane/ Mantis တို့ပါပဲ။ ဒီလိုနဲ့ တစ်နေ့ကျတော့ သူတို.ဆရာကြွက်ဖြူက မြင့်မားတဲ့ တောင်ထိပ်တစ်ခုမှာ သိုင်းပြိုင်ပွဲတစ်ခုကျင်းပပါရောလား။ Pandaလေးနဲ့ ပညာအတူတူသင်တဲ့ Monkey/ Tiger/ Viper/ Crane/ Mantiတို့က သူတို့ကျွမ်းကျင်ရာကို အသီးသီးပြသဖို့ လေ့ကျင်နေတဲ့အချိန်မှာ Pandaလေးက အစားသောင်းကြမ်းနေပါရောလား။
ဟော့လိုလေးပေါ့
တကယ်တကယ် လေ့ကျင်ပြန်တော့ ကမောက်ကမဖြစ်ပုံလေးက ချစ်စရာတမျိုးကောင်းနေပြန်ပါတယ်။ ဒါနဲ့ ပြိုင်ပွဲ ကျင်းပတဲ့နေ့ရောက်တော့ Pandaလေးဟာ တောင်ပေါ်ကို ရောက်ခဲ့ပေမဲ့ ရောက်နောက်ကျခဲ့တဲ့အတွက် တံခါးပိတ်သွားခဲ့ပါတယ်။ ဒါပေမဲ့နောက်ဆုံး ဘယ်လိုလုပ်မှန်းမသိပဲ အထဲရောက်သွားခဲ့ပါတယ်။အဲ့လောက်ထိ မြန်ဆန်တဲ့အတွက် ဘယ်သူမှ မမြင်လိုက်ပါဘူး။ ပညာတွေက အရမ်းတော်လွန်းကျတော့ ဘယ်သူနိုင်သွားလဲဆိုတာ ကြည်ဖူးတဲ့သူတွေသိမှာပါ။ နောက်ပြီး ရန်သူလူဆိုးကြီးကို ဘယ်လိုအနိုင်ယူတိုက်ခိုက်ခဲ့တယ်ဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါကုန်။
ညီရေ ကျေနပ်လောက်ပါပြီ။ မကျေနပ်လဲ ကျွမ်းသာထိုးနေတော့ ဆက်လက်ပြီး ကိုယ်ကြိုက်တဲ့ ကာတွန်းကားလေးတွေ ပြောပြစေချင်တာကတော့
ပျဉ်းမနားသား၊
ညလေးရဲ့ပိကျိ၊
အမောင်ချမ်းရဲ၊ (ရေးပြီး)၊
အမြဲကြိုဆိုတဲ့ အကို၊
ရေအမြဲလောင်းတဲ့ အကို၊ (ရေးပြီး)၊
တီတီမက်၊ (ရေးပြီး)
အိမ်ရှင်မကောင်းတစ်ယောက် ၊
ငှက်ငယ်လေး၊ (ရေးပြီး)
ခပ်ညံ့ညံ့ကောင်၊ (ရေးပြီး)၊
ပဲတင်သံတစ်ခုရဲ့ ရောင်ပြန်၊ (ရေးပြီး)၊
နွေသူရ ၊
သီဟငြိမ်း ၊
အလှတရား ၊
ကေလာ ၊ (ရေးပြီး)၊
ကိုဇင်ယော် ၊(ထပ်ဖြည့်)
ဗီဗီနဲ့ ညီ tag ထားတဲ့ သူတွေကိုတော့ မtagတော့ပါဘူး။ Blog မောင်နှမတွေ အားပါက ကိုယ့်အမြင်လေးတွေ ရေးပေးကြပါလို. တိုက်တွန်းလိုက်ပါတယ်။
တဆောင်းမုန်းလပြည့်နေ့က ကထိန်ခင်းတယ် ကျယ်ဂေါင်ထဲမှာ ရှိတဲ့ မြန်မာတွေ အားလုံးရဲ့ ကထိန် ဘုန်ကြီးကျောင်းက ရွှေလီ ရဲ့ဟိုးဘက်အဝေးမှာရှိတဲ့ ရှမ်းရွာမှာကျတယ် အဲဒီဘက်က လူတွေက သိပ်လည်း မဖွံ့ဖြိုးသေးဘူး မူဆယ်တို့ ကျယ်ဂေါင်တို့ထက် အများကြီးအေးတယ် နှင်းတွေလည်း အရမ်းကျတယ် အခုပို့လိုက်တဲ့ပုံတွေက အဲဒီကဘုန်ကြီးကျောင်းမှာ နှင်းကျနေတဲ့ ပုံတွေကို ချစ်ညီမလေးနွေးနွေး ရိုက်ထားတာပါ။
မှတ်ချက်- မွေးနေ့ကျေးဇူးတင်လွှာ ရေးသားခြင်းဖြစ်ပါသည်။ မမ၀ါနဲ့ ကိုဇင်ယော်တို့ ရေးသားတာကို ကွက်တိမှီငြမ်းသည်။ အားလုံးပါဝင်အောင် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ရေးသားထားခြင်းကြောင့် အမှားပါက ခွင့်လွှတ်ကြပါကုန်။ အားလုံးကို လှိက်လှိက်လှဲလှဲကျေးဇူးတင်ပါတယ်။
အဲ့လို အပ်ဖျားလေးနဲ့ ထိုးဆွလိုက်မှ
မင်း . . . . .
နေပျော်တာလား ကောင်မလေး
ငါ . . . .*
ဘာအမှားတွေများလုပ်မိလို့လဲ ကောင်မလေးရယ်
အရှုံးပေးထားတာတောင် မကျေနပ်သေးရင်
ငါ ဘာတွေများ ထပ်ပေးရဦးမှာလဲ
နင်က စွန့်လွှတ်မှ အချစ်ထင်ရင်
ငါ စွန့်လွှတ်မယ်။
တခါတခါအဲ့လိုပဲ
ပျော်ရွှင်မှုက တာရှည်မခံဘူး . . . .
အဲ့ ခဏတာကိုပဲ
ငါ . . . . ယစ်မူးနေတာ
ဖုန်းပြောနေတယ်ဆိုတဲ့
အသိလေးပဲရရ ငါ ကျေနပ်ပါတယ်။
အဲ့ ဂလောက်ဆိုတဲ့ ဖုန်းချသံက
ငါ့နှလုံးသားမှာ ပဲ့တင်မြည်ဟီးသွားတာ
ငါ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ အထိ
ဒါကြောင့် . . . .
အပြစ်မရှိတဲ့ ငါ့ အိမ်လေးကို
၆နာရီလောက်ချိတ်ပိတ်မိလိုက်တယ်လေ။
တံခါးလာလာခေါက်နေတဲ့ အစ်ကို၊အစ်မတွေကို
အိမ်ပြင်နေတာပါပေါ့
ခုတော့ အိမ်သစ်၊ လူသစ်လေးပေါ့
နာမည်လေးပါသစ်သွားတယ်လေ
ကောင်းတယ် ဟုတ်၊
မကောင်းလဲ ကောင်းတယ်လို.မှတ်။
မှတ်ချက်-*=သက်ပြင်းချသံ

အားလုံးကို တောင်းပန်ပါတယ် ခင်ဗျာ
မှတ်ချက်- မတူးတူးသာကို တားတား ဂျီကျရင် ဖိုးဂျယ်လေးကတော့လေဆိုပြီး ငြီးတယ်လေ ပြီးတော့ လုပ်ပေးတာပဲ။ ဟိဟိ မတူးတူးသာ ရှဲရှဲ၊ မဆုမွန်က “ဂျဲဂျဲ အစ်မ ဘာပြောခဲ့လဲ မောင်လေး….မင်း အစ်မတွေ ပြောစကား နားမထောင်ပါလား ဟင်
” ဂရုဏာဒေါသလေးနဲ့ ကြိမ်းသွားတယ် ရှဲရှဲ၊ ကိုဗီဗီက ညီရေ အိမ်ပြင်မယ်လေတဲ့ ဆိုပြီး အိမ်ပြင်ပေးတယ် ရှဲရှဲ၊ ညီညီကတော့ Banner က အရမ်းမိုက်တယ် ဘယ်သူလုပ်ပေးတာလဲဆို ရင်ကော့ပြီးဖြေတဲ့ “ငါ့ ညီမကွဆိုပြီးတဲ့ အဲ့လို ကြော်ငြာခိုင်းတာ” ရှဲရှဲ၊ ကိုအိမ်မက်ရှင်ကလဲ “ဘာပဲ ဖြစ်ဖြစ် အဆင်ပြေ ပျော်ရွှင်ပါစေ ဆုတောင်းပေးနေပါမယ်တဲ့” ရှဲရှဲ ပါ အားလုံးကို အရမ်းကျေးဇူးတင်ပါတယ် အခုလို ကိုအိမ်မက်ရှင် စကားအရ ရေလောင်းပေါင်းသင်ကျတဲ့အတွက်ပါ။
မန္တလေးဆောင်းက အရိုးကွဲအောင်အေးသတဲ့
အဲဒီမနက်က
ငါ့ရင်ဗတ်တွေ ပွင့်ထွက်တဲ့ထိအောင်
ချစ်ရမယ့် ကောင်မလေးတယောက်
ကမ္ဘာပေါ်ကို လာချင်းကောင်းခဲ့ပေါ့
နင့်မေမေကို ကျေးဇူးတင်ရမလား
ကံကြမ္မာကိုပဲ ကျေးဇူးတင်ရမလား
စောင်းငဲ့ကြည့်ဖော်ရတဲ့
နင့်ကိုတော့ ကျေးဇူးအတင်ဆုံးပါပဲ
ကောင်မလေးရေ … ခုတလောမှာ
အိပ်မက်တွေ လှတယ်ကွယ့်
အပြုံးတွေနဲ့ ခင်းကျင်းမယ့်
အဲဒီ့ပျော်ရွှင်ပွဲမှာ ငါ မပါပေမယ့်
ငါ့ အလွမ်းတွေက နင့်ဘေးမှာ ပျံဝဲနေလိမ့်မယ်
ငါ့ရဲ့တောင်းဆုတွေကြောင့် နင် ကျန်းမာနေလိမ့်မယ်
ငါ့ရဲ့အချစ်တွေက နင့်ကိုနွေးထွေးစေမှာပါ
အဲဒီ့ ၂၂ ကြိမ်မြောက် နံနက်ခင်းလေးမှာ
အဝေးဆုံး ရောက်နေပေမယ့်
ရင်ဗတ်ချင်း အနီးဆုံးရှိနေခွင့်ပေးပါ
ငါလည်း ထပ်တူပျော်ရွှင်ပါ့ရစေ
ငါ့ဆီက ဘာလိုချင်တာလဲ
ငါ့ရဲ့ မိုးကောင်းကင်လေးရေ
နင်ကိုငါ ပြောခဲ့သလိုပေါ့
ငါမတတ်နိုင်တဲ့ အရာတွေကို
မခိုင်းနဲ.လို.ပြောတာ
ဥပမာ- ဓူဝံကြယ်ဆွတ်ပေးတို့ ဘာတို့ပေါ့။
အဲ့လိုပြောတော့
နင်ငါ့ကိုပြောတယ် အရူးတဲ့။
ဟုတ်တယ် ကောင်မလေးရေ
ငါ ရူးနေတာ နည်းနည်းတော့ ကြာနေပြီလေ
ဘာပဲဖြစ်ဖြစ် မွေးနေ့မှာ
ကမ္ဘာပေါ်မှာ ရှိရှိသမျှ
ငြိမ်းချမ်းမှုတွေနဲ့ နိုးထနိုင်ပါစေကွာ









