ဖြတ်သန်းရတာ တော်တော်ကြာနေပြီ ချစ်သူ။
ငါ့ ဘ၀မှာ music နဲ. ကဗျာတွေ ၊
ဟော့ဒီ့ blog ဆိုတဲ့
ငါ့ရဲ.စိတ်ထွက်ပေါက်လေးရှိနေလို.သာပေါ့။
မရှိရင်တော့လား
ငါ့ဘ၀က မတွေးရဲ စရာပဲ။
သူများနည်းတူ ငါလည်း
မင်းကို အရမ်းချစ်ကြောင်းပြောချင်တာပေါ့ ချစ်သူ။
သူများနည်းတူ ငါလည်း
ကိုယ့်ချစ်သူအကြောင်းတွေ ရေးချင်တာပေါ့ ချစ်သူ။
သူများနည်းတူ ငါလည်း
ဒါကျွန်တော်ချစ်သူလို. ကြွားချင်တာပေါ့ ချစ်သူ။
သူများနည်းတူ ငါလည်း
ကိုယ်ချစ်သူနဲ့စကားတွေပြောချင်တာပေါ့ ချစ်သူ။
ငါပြောချင်တာပြော ဆိုရင်
ပြောစရာတွေ အများကြီးရှိနေမှာပေါ့။
ပိုပိုသာသာလေးပြောရရင်တော့
ရင်နဲ.မဆံ့အောင်ရှိတယ်ဆိုပါတော့။
တစ်ကယ်တော့ မရှိပါဘူး။
ရှိတယ်ဆိုရင်ပြောဆိုပြီး မင်းမေးလာရင်
ငါ့မှာ ခွေးအကြီးလှည်းနင်းခံရသလို
အစ်အစ်နဲ.ပဲ ထွက်လာမယ်ထင်တယ် ချစ်သူ။
ငါမှာ ပြောစရာ စကားဆိုလို.
မင်းကို ချစ်တယ် ဆိုတဲ့ စကားစုလေးပဲ
အကြိမ်ကြိမ် အခါခါထွက်လာမယ်ထင်တယ် ချစ်သူ။
ငါ့ကိုယ်တိုင်က ရင်ထဲကစကားကို
ပြောလိုက်လို. မင်းက ဟိုးအရင်ကလိုပဲ
မယုံဘူးဆိုရင် ငါ ဘာဆက်ပြောရမှာလဲဆိုတာ
ကြိုတင်စဉ်းစားထားတာတောင် အဖြေမထွက်ဘူး ချစ်သူ။
ဟိုးအရင်ကလို
မင်းရင်ထဲမှာ ငါရှိတာ မင်းကိုယ်တိုင်မသိသလို
ငါရင်ထဲမှာလဲ မင်းရှိနေခဲ့တယ်ဆိုတာ ငါကိုယ်တိုင်တောင်မသိခဲ့ပါဘူး။
နင်ပြောတယ်
ငါနေကောင်းတယ် စိတ်ပူမနေနဲ.မကြာပါဘူး နင်နဲ.တွေ.ရတော.မှာဘဲ
နင်ပြောတော့ လွယ်လွယ်လေးနော်။
ငါ့မှာ ဘယ်လောက် စိတ်ပူနေရလဲ မင်းမသိဘူး ချစ်သူ။
နင်ပြောသမျှ စကားထဲမှာ ငါနားမထောင်တတ်တာ
မလာဖြစ်ရင်လည်းမျော်မနေနဲ ဆိုတဲ့ စကားစုလေးကိုပဲ
နင်ပြောတိုင်းလဲ ငါနားမထောင်တတ်ခဲ့ဘူး။
“ ပျော်ရွင်တဲ.နေ.တနေ.ဖြစ်ပါစေ“
နင် ငါ့ဘေးနားမှာ ရှိနေမယ်ဆိုရင်တော့
ငါ့အတွက် နေ့တိုင်းဟာ ပျော်ရွင်တဲ.နေ.တနေ.ဖြစ်မှာပါ။
အဲ့နေ့ရောက်အောင် ငါစိတ်ရှည်ရှည်နဲ့စောင့်ရမှာပေါ့။
မင်းကို…….
သတိတရရှိတဲ့အခါရှိသလို မေ့နေတဲ့အခါလည်းရှိတာပဲ။
လွမ်းနေတဲ့အခါရှိသလို
အလုပ်ထဲစိတ်ရောက်နေလို. လွမ်းဖို.မေ့နေတဲ့ အခါလည်းရှိတာပဲ။
မင်းကို ချစ်နေတဲ့အခါရှိသလို
ငါ့ကိုယ်ငါ မုန်းနေတဲ့အခါလည်းရှိတာပဲ။

