poemtopia

poem is mylife

Archive for the ‘သရော်စာ’ Category

တနေ့သ၌ ကျွန်တော် သဘာပတိသည် ငပေါဂေဟာ၏ စည်ပင်ဝဖြိုးနေသည်ကို သိချင်စိတ်ပြင်းပြ၍ ဂေဟာအတွင်းသို့ round လှည့်ရန် အလို့ငှာ ရုပ်ဖျက်ခြင်း အမှုကိစ္စကို ဂေဟာအကျော်အမော် ဖိုးဂျယ်ဖြင့် တိုင်ပင်ကာ ရုပ်ဖျက်၏။ ဘောင်းဘီချွတ်လိုက်သည်။ သို့သော် တောင်ရှည်ပုဆိုး ကျန်ပါသေးသည်။ ထို့နောက် စီးထားသော တရုတ်ပြည်ထုတ် LV ကို ချွတ်က မနေ့က ဝယ်ထားသော ဖိနပ်တွေထဲက ပုံအတုံးဆုံး LV ခြေညှပ်ဖိနပ်ကို ယူလိုက်သည်။ မည်သူမှ မမှတ်မိစေရန် ရည်ရွယ်၍ ဖိနပ်လဲ စီးကာ ရုပ်ဖျက်လိုက်၏။ တွင်း၂ကို ငတိရုပ်ဖျက်ထားကြောင်း မည်သူကိုမှ မပြောရန် ကြိုတင် အမိန့်ချထားလေသည်။
သို့သော် ညက အရက်မူးကာ ငတိကိုယ်တိုင် မနက်ဖြန် ရုပ်ဖျက်ကာ round လှည့်မည့်အကြောင်းကို အာပေါင် အာရင်း သန်သန်ဖြင့် ပြောထားသောကြောင့် အကုန်လုံး သိနေသည်ကို တွင်း၂က မသိချင်ယောင်ဆောင်ကာ ခေါင်းငြိမ့်ပြီး ငတိ စိတ်ချမ်းသာစေရန် ” ဟုတ်ကဲ့ ” ဟု ပြောလေသည်။ ထို့နောက် ဂေဟာအတွင်းသို့ လှည့်လည် လမ်းသလား ကြ့ည်ရာ မိမိကို မည်သူမှ မမှတ်မိပဲ အံ့အားသင့်သော မျက်နှာတွေဖြင့် ကြည့်နေကြလေသည်။ ကဲ ဘယ်လောက် ရုပ်ဖျက်တာ ပီပြင်လဲ ဟု ဖိုးဂျယ်က ပြားနေသော ရင်ကို ကော့ပြ၏ တော်သေးသည် ဖိုးဂျယ်က ဘောင်းဘီချွတ် အဖွဲ့ဝင် မဟုတ်သဖြင့် မတော်တရော်တွေ မမြင်ရခြင်းဖြစ်သည်။ ဘေးတွင် တွင်း၂က ဘောင်းဘီချွတ် လိုက်သောကြောင့် ဝတ်စရာ မရှိ၍ လန်ကွတ်တီလေးဖြင့် ပါလာကာ “ငဂျယ် သွားကြစို့ဗျာ ” ဟု လက်တို့မှ လှည့်ထွက်လာခဲ့လေသည်။ ညတည်းက သူ့အား ငဗီဟုခေါ်ရန် ငတိအား ငဂျယ်ဟု ခေါ်မည်ဖြစ်ကြောင်း ပြောထားလေသည်။

တွင်း၂သည် မနက်မှ ငတိ မသိခင် ပျံဝံဆီက တောင်းထားသော ဆောင်ရန် ရှောင်ရန် လမ်းပြမြေပုံကို စိတ်ထဲမှ ရွတ်ဖတ်နေလေသည်။ ထို့နောက် ၉၆၉၃ ဖြင့် round လှည့်လေရာ

ငတိက “ဝေ့ . . . ငဗီ ရှေ့က တိုက်တတိုက်လုံးကြီး မည်းနေပါ့လား ဟ . . . . ဘာဖြစ်တာတုန်း “
ထိုအခါ တွင်း၂ တကိုယ်လုံး ကြက်သီးမွှေးညင်းတွေထကုန်၏ ပါးစပ်မှလဲ ” သေပြီ ဆရာ ” စိတ်ထဲမှ ပျံဝံကို ကျိန်ဆဲနေလေသည်။ ဒင်း သတင်းမှား ပေးတာလား၊ သက်သက် ချောက်ချတာလား၊ ဒါမှ မဟုတ် ငါကျက်ထားတာပဲ မှားတာလား ဟ တွေဝေနေစဉ် ဒီဈေးမီးလောင်တာ မသိအောင် ရှောင်ချင်ပါတယ်ဆိုမှ တည့်တည့်တိုးနေတယ်။
ထိုစဉ် ငတိက ” ဘာဖြစ်တာတုန်း ငဗီရ”
“ဘာမှ မဟုတ်ပါဘူး ငဂျယ်ရ အခုခေတ်က Emo ခေတ်လေ ဒီတော့ တိုက်တွေကိုလဲ Emo ဆန်ဆန်ဖြစ်အောင်
အမှုရှောင် နညက သူလိုချင်တယ်ဆိုလို့ ဆေးသုတ်ခိုင်းထားတာ မိုက်တယ် ဟုတ်. . . . ဟူး မဖြစ်ဘူး တယောက်ယောက်ကို မြန်မြန် ရောင်းမှ ဖြစ်တော့မယ်”
ငတိက ” ကဲနောက်တနေရာ သွားတာပေါ့ ” ထိုအခါမှ တွင်း၂ သက်ပြင်းချနိုင်သည်။

“ဟ ငဗီရေ ရှေ့က တိုက်က ပိုမိုက်တယ် ဟ . . . . အပေါ် တထပ် နှစ်ထပ်လောက်ပဲ မည်းနေတာ ရှိတ်ပြေးနေတဲ့ ပုံစံလေးကွ ဒါလဲ နည ဒီဇိုင်းပဲလား “

ငဗီ ” ဟိုက် “
ငတိ ” ဒီတိုက်တော့ ငါ ယူမယ်ကွာ ဘယ်သူမှ မသိစေနဲ့ဦး မင်းလိုချင်ရင်လဲ နညကို တလုံးလောက် ဒီဇီုင်း လုပ်ခိုင်းပေါ့”
ငဗီ ” အော် ဟုတ်ကဲ့ ဟုတ်ကဲ့ ”
ငတိ ” မောပြီကွာ ရေခဲရေ ဝယ်သောက်ရအောင်”
ငဗီ ” ကောင်းသားပဲ ငဂျယ် ကျွန်တော်လဲ ရင်တွေ ပူနေတာ ”
ငတိ “ရေခဲရေ ၁ ခွက်လောက်”
ငဗီ “အာာာ ငဂျယ် ကျွန်တော်လဲ ရေဆာတယ်လေဗျာ “
ငတိ “အေးလေ တယောက် တဝက်သောက်မယ်လေကွာ . . . တခွက် ဘယ်လောက်လဲ “
ရေခဲရေသည် ” ၄၀၀၀ပါ “
ငတိ ” ကဲရော့ ၅၀၀၀ တန် “
ရေခဲရေသည် ” ရော့ tissue ယူသွား အမ်းစရာ ၁၀၀၀ တန် မရှိလို့”
အပြန်လမ်းတွင် သူတောင်းစား တယောက်က ” တနား ကျပါ ခင်ဂျာ မယားကြီး ပြုပြင်ဖို့နဲ့ မယားငယ် နားကပ်ဖိုးလေးလောက်ပါ ”
ငတိလဲ အရမ်းသနား သွားသဖြင့် ” ကဲ ကဲ ခုဏက အမ်းလိုက်တဲ့ tissue ထုတ် ပေးလိုက်ကွာ ”
ငဗီက ” ဟုတ် ငဂျယ် “
ထိုအခါ သူတောင်းစားက ” အာ ဗျာ တယောက်လာလဲ tissue တယောက်လာလဲ tissue နဲ့ မလိုချင်ပါဘူးဗျာ ”
ငတိက ” အလကား ညာဏ် မရှိတဲ့ ကောင် ဒါကြောင့် သူတောင်းစားဖြစ်ပြီး မိန်းမ ၂ယောက်ပဲ ရသေးတာ ” သူတောင်းစား ” ဗျာ ”
ငတိ ” ဟုတ်တယ်လေ ၁၀၀၀ တန် မရှိတော့ tissue ပေးတာပေါ့ မင်းက စုပြီး ရေခဲရေသည်တွေကို ပြန်သွင်းပေါ့ သူများတွေ လုပ်တာ မမြင်ဖူးဘူးလား ”
သူတောင်းစား ” ဟုတ်သားပဲ ဒီလမ်းရဲ့ ဈေးသည်တွေဆီက စာရွက်လေးပြပြီး ပိုက်ဆံ လိုက်လိုက် တောင်းနေတဲ့ အဆင့်မြင့် လိုင်စင်ရ သူတောင်းစားဆို tissue ကို ၁၀၀၀၀ ဖိုး ၉ထုတ် နဲ့ ပြန်ရောင်းတယ် မှန်လိုက်လေဗျာ ဒါဆို နောက် မိန်းမတယောက်လောက်တော့ ထပ်ယူလို့ရပြီ ကျေးဇူးပါ ဗျာ “
ငတိ ” အေး မင်းကို ပေးတာ တိမ်မြုပ်ပျောက်ကွယ်နေသော ကုန်စည်ဖလှယ် နည်းပညာ ပဲ ”
တွင်း ၂ ” ငဂျယ် ပြန်မယ်ဗျာ”
ငတိ ” အေး အေး ပြန်ရောက်မှ ၁၀၀၀၀ တန်တို့ ၁၀၀၀၀၀ တန်တို့ ထပ်ထုတ်ဖို့ အစည်းဝေးကျင်းပရဦးမယ် ”
ငဗီ ” လိုနေတာက ၁၀၀၀ တန်လေ ငဂျယ်ရ “
ငတိ ” ပိန်းလိုက်တဲ့ ငဗီ ငါက သေးသေးလေးတွေ မလုပ်ချင်ဘူး . . . သူတို့ကို နည်းပညာ ပေးထားပြီပဲ တော်ရောပေါ့ ကမ္ဘာမှာ ငါတို့ ဂေဟာခုပဲ အဲ့နည်း ပြန်ဖော်ထုတ်သေးတာ ”

အပြန်လမ်းတွင် ဆောင်ရန်လမ်းမှ ဘာပြဿနာမှမဖြစ်ပဲ ပြန်ရောက်ရန် တွင်း၂ ကြိတ်၍ ဆုတောင်းနေလေသည်။ သို့သော် ဆုတောင်း မပြည့်ပေ

ငတိ ” ငဗီ ရှေ့က လူတွေက သံချပ်ကာ ဦးထုတ်တွေ စွတ်ပြီး လမ်းလျှောက်နေပါလား ဘယ်သူတွေတုန်း ဟ ”
ငဗီ ” အော် အဲ့တာ အတင်းထောက်တွေပါ အတင်းမေးဖို့ သွားနေကြတာ”
ငတိ ” ဟေ . . . . ဘယ်လို ”
ငဗီ “မေ့လို့ မဟုတ်ပါဘူး အရင်နေ့က ကူးသန်း လုပ်သွားတဲ့ ပရိုးမိုးရှင်းအောင်မြင်လို့ပါ “

ငတိ ” အော် အေး အေး ဟုတ်သားပဲ ငါတောင် တလုံးယူလာသေးတာပဲ”
ငတိလဲ ဂေဟာပြန်ရောက်တော့ ရုပ်ဖျက်တဲ့ အတိုင်းပဲ နေလို့ ကောင်းသဖြင့် ဘောင်းဘီ ပြန်မဝတ်တောပေ။

ငပေါများဂေဟာမှာ တင်ထားပြီးသားလေးပါ။

“ဟ ငဗီရေ ရှေ့က တိုက်က ပိုမိုက်တယ် ဟ . . . . အပေါ် တထပ် နှစ်ထပ်လောက်ပဲ မည်းနေတာ ရှိတ်ပြေးနေတဲ့ ပုံစံလေးကွ ဒါလဲ နည ဒီဇိုင်းပဲလား ”

ပေါပေါချောချော ဆေးရုံ

Posted by ဖိုးဂျယ် On November - 29 - 2009 6 COMMENTS Subscribe here

Plastic Surgery ပြုလုပ်ကာ အရေပြားပြုပြင်ခြင်း ကိစ္စတွေသည် တကမ္ဘာလုံးမှာတင် မက မြန်မာနိုင်ငံကိုပါ ကူးဆက်လာလေသည်။ ဒါကို ငပေါဂေဟာရဲ့ ခေတ်ရှေ့ပြေး သဘာပတိကလဲ စီးပွားရေး သမားပီပီ ကွက်ကျော်မြင်ပြီး  ကောက်ခါ ငြင်ကာ plastic surgery ဆေးရုံ တစ်ရုံ ဖွင့်မည်ဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်ရဲ့  ပြောရဲ ဆိုရဲ ရှိသူ ဖိုးဂျယ်မှ အတိပြုပြောကြား လိုက်ကြောင်း ငပေါဂေဟာ သတင်းထောက် ဂျယ်ဂျယ်မှ ငပေါဂျာနယ်သို့ ထုတ်ဖော် ပြောကြားလိုက်သည်။

ဆေးရုံ၏ အမည်မှာ ပေါပေါချောချော ဖြစ်ကြောင်း၊

ထိုနာမည် ပေးရသည့် အကြောင်းရင်းမှာ ဈေးပေါပေါဖြင့် ချောမောလှပစေရန်
ပြည်တွင်းဖြစ် ပစ္စည်းများကို အရည်သွေးမြှင့်ကာ သုံးစွဲမည်ဖြစ်ကြောင်း နှင့် ပြည်တွင်းက တက်ကျွမ်းသော ပန်းပု ပညာရှင်များကို ခန့်အပ်ထားကြောင်း၊  ပြည်တွင်းက နည်းပညာများကို စနစ်တကျ ဓာတ်ခွဲ စမ်းသပ်ကာ သုံးစွဲမည် ဖြစ်ကြောင်း၊ (အင်တာဗျူးခါနီး တခါလောက် ဓာတ်ခွဲခန်းကို သန့်ရှင်းရေး လုပ်လိုက်တယ်။  လာဗျူးတော့မှ အားနေတဲ့ သန့်ရှင်းရေး သမားကို ဖြစ်ဖြစ်၊ ဒရဝမ်ကို ဖြစ်ဖြစ် အဖြူရောင် ဂျူတီကုတ် ဝတ်ခိုင်းလိုက်တယ်။ ဘာခက်တာမှတ်လို့ )

ဥပမာ – အဆီတွေ လျှော့ကျစေရန် ဘစ်ကား တိုးစီးခိုင်းခြင်း၊ ဆီလျှော့စားရန်တော့ ပြောစရာ မလိုပေ။ (ဆီကို ဝယ်မှ မစားနိုင်ပဲ)

နှာခေါင်း ချွှန်စေရန် ရေဘော်ထိုးပေးခြင်း၊ ကော်ပတ်စားခြင်း၊

ကြီးချင်တာ ကြီးစေရန် ဓာတုဗေဒနည်းများဖြစ်သော ဆီလီကွန် ထည့်ခြင်း၊ ဆေးထိုးခြင်း ကိစ္စများသည် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်ပေါ်စေ၍  မြန်မာနည်း မြန့်မာဟန်ဖြစ်သော ရည်းစားများများ ထားခိုင်းခြင်း၊ ( မှတ်ချက်- မကြီးသင့်တာ ကြီးလာက တာဝန်မယူ။ )

ခန္ခာကိုယ် လှစေရန် ရွာတွေသို့ ပို့ဆောင်၍ ကောက်စိုက်၊ စပါးရိတ် ပြုလုပ်ခိုင်းခြင်း၊ ကိုယ်ခန္ဓာလဲ လှ ဝင်ငွေလဲရ၊

အသားဖြူစေရန် ထုံးသုတ်ပေးခြင်း၊ ရေနွေးပေါင်းအိုးဖြင့် ပြုတ်ခြင်း၊ ခရုသင်းစွဲစေရန် နည်းလမ်းကောင်းများ ပေးခြင်း၊

ချေးညှော်များ ကင်းစင်စေရန် သံ ဘရပ်စ်ဖြင့် တိုက်ပေးခြင်း၊ ရေကန်ထဲတွင် နာရီ ၁၀၀ လောက် စိမ်ပေးခြင်း၊

ချောစေရန် ငါးရှဥ့်မှ ထွက်သော အဆီ သုတ်လိမ်းပေးခြင်း၊

ထို့အပြင် ပန်းပုပညာရှင်ကြီးများ နှစ်ပေါင်းများစွာ ကိုင်ဆောင်လာသော ဆောက် အရွယ်စုံ၊ တူ စသည့် ပစ္စည်းများဖြင့်
ခုတ်ထစ် ပါးပါး လှီးပေးမည်ဖြစ်ကြောင်း

မှတ်ချက် – လူပြောင်းများပြီး ဈေးပေါသော မျက်နှာများမှာ လီရောင်ဂျေး၊ ထယ်ဆောက်၊ ဒါရိုက်တာရင်၊ အွန်စော၊ စသည့် ကိုရီးယား အနုညာရှင်များ
ငပေါဂေဟာတွင်း ၂၊ ငှက်ကထ၊ နာယကကြီး၊ စည်းရုံးရေး အမှုရှောင်၊ စသည့် ငပေါဂေဟာ၏ အရာရှိများစွာ

အထူးအစီစဉ်မှာ အရမ်းချောမော လှပသော လူတွေ များပြားလာသော အခါ လူအများကြားတွင် ထင်ပေါ်ချင်၍သော်လည်းကောင်း၊ နာမည်ကြီး ရုပ်ရှင် မင်းသား၊ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ ဖြစ်ချင်၍သော်လည်းကောင်း၊ ပိုက်ဆံရှိတိုင်း လုပ်ခွင့်မရပဲ ခက်ခဲသော မျက်နှာကျပုံရှိရာ ကံကောင်းသော လူအချို့သာ လုပ်ခွင့်ရှိသော မျက်နှာ အချို့မှာ ဗေလုဝ မျက်နှာနှင့် အရပ်အမောင်း၊ ကင်းကောင် မျက်နှာ၊ ရာဇာနေဝင်း မျက်နှာအချိုးအစားနှင့် အမူရာ၊ သဘာပတိ ဖိုးဂျယ် မျက်နှာ၊ မိန်းကလေးများအတွက်မှု ပွင့် ခန္ခာကိုယ် ရရှိစေရန် ပြုပြင်ပေးခြင်း၊ လူကောင်ကြီးသော သူများအား ကြီးပေါဖြစ်စေရန် သင်တန်းပေးခြင်း စသည့် ထိပ်တန်း ပြုပြင်ခြင်း အချို့လဲ ရှိ၏။ ပိုက်ဆံ မရှိသော်လည်း အထက်ပါ အချက်များဖြင့် သင့်တော်သော လူဖြစ်ပါက အထူးအခွင့်ရေး အနေဖြင့် ကျသင့်ငွေကို အရစ်ကျ စနစ်ဖြင့်သော်လည်းကောင်၊ အကြွေး စနစ်ဖြင့်သော်လည်းကောင်း ပြုပြင်ပေးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမျက်နှာ ပိုင်ရှင်များသည် အထူးအောင်မြင်ကြော်ကြားသည့် အပြင် ဝင်ငွေများစွာရရှိသောကြောင့် ဖြစ်သည်။ လတ်တလော ရုပ်ရှင်များစွာသည် ပေါပေါတောတော ဟာသကားများ ရိုက်လာခြင်း၊ ထိုဇာတ်ကားတွင် သရုပ်ဆောင်အများစုမှာ ရုပ်အလွန်ဆိုးခြင်း၊ အရမ်းဝသော သရုပ်ဆောင်များပါခြင်း၊ ကြီးပေါပေါင်း မြောက်မြားစွာ ပါဝင်ခြင်း စသည့် အချက်များကြောင့် အမြော်မြင်ကြီးစွာဖြင့် အရစ် စနစ်သော်လည်းကောင်း၊
အကြွေး စနစ်သော်လည်းကောင်း ပြုလုပ်ပေးခြင်းဖြစ်၏။

တင်ပြသူ ဖိုးဂျယ်

လောကဒဏ်ရှစ်ပါးကို
ကြံ့ကြံ့ခံနိုင်အောင်ဆိုပြီး
တစ်ချိန်လုံးခေါင်းမထူနိုင်အောင်
ဂရုဏာဒေါသအပြည့်နဲ့
ဝိုင်းနှိပ်ကွပ်နေတဲ့
ကျွန်တော့်မိသားစုကို ကျေးဇူးတင်ပါသည်။

လောကကြီးမှာ တစ်ယောက်တည်း
ပျော်ပျော်နေတတ်ပြီး
ရင့်ကျက်လာအောင် သစ္စာဖောက်သွားတဲ့
ရည်းစားဟောင်းကို ကျေးဇူးတင်ပါသည်။

စဉ်းစားတွေးခေါ်မှုနဲ့
လူဆိုတာ ငါတို့လို လူမျိုးတွေကွဆိုတာ
သိအောင်မြင်အောင်
မသိမသာ ချောက်တွန်းပေးနေတဲ့
သူငယ်ချင်းတွေကို ကျေးဇူးတင်ပါသည်။

ပိုက်ဆံဆိုတာ ရှာရတာခက်တယ်ကွဆိုပြီး
ပေးထားတာနဲ့ တန်အောင် ခိုင်းနေသော
ပိုက်ဆံတန်ဖိုး သိစေချင်တဲ့
အလုပ်ရှင်ကို ကျေးဇူးတင်ပါသည်။

အဲ့လို ဒုက္ခ၊ သုခတွေနဲ့
ရောယှဉ်နေတဲ့ လောကကြီးမှာ
ကြံ့ကြံ့ခံပြီး တစ်ယောက်တည်း
စဉ်းစားတွေးခေါ်တတ်တဲ့ လူတစ်ယောက်ဖြစ်သော
ငါ့ကိုငါ ကျေးဇူးတင်ပါသည်။

နာမည်ခံ

Posted by On February - 14 - 2009 13 COMMENTS Subscribe here
ကမ္ဘာကြီးက ပြောတယ်
မင်းဟာ ငါ့ရဲ့ နာမည်ခံ လူသားတဲ့ . . . .
မိန်းမက ပြောတယ်
ရှင့်ဟာ ကျမရဲ့ နာမည်ခံ ယောင်္ကျားတဲ့ . . . .
မိဘက ပြောတယ်
မင်းက ငါ့တို့ရဲ့ နာမည်ခံ သားတဲ့ . . . .
အစ်ကိုတွေက ပြောတယ်
မင်းက ငါ့တို့ရဲ့ နာမည်ခံ ညီလေးတဲ့ . . . .
သူငယ်ချင်းတွေက ပြောတယ်
နင်က ငါ့တို့ရဲ့ နာမည်ခံ သူငယ်ချင်းတဲ့ . . . .
အလုပ်ရှင်က ပြောတယ်
မင်းက ငါ့ရဲ့ နာမည်ခံ အလုပ်သမားတဲ့ . . . .
ကျောင်းက ဆရာ ပြောတယ်
သားက နာမည်ခံ ကျောင်းသားတဲ့ . . . .
ဘလော့ အသိုင်း အ၀ိုင်းက ပြောတယ်
မင်းက နာမည်ခံ ဘလော့ဂါတဲ့ . . . .
ငါကလဲ ငါ့ကို ငါ ပြန်ပြောတယ်
မင်းက ငါ့ရဲ့ နာမည်ခံ လူတဲ့ . . . .

အနည်းငယ် ပြင်းထန်သဖြင့် ဆန္ဒရှိမှသာ ဖတ်ပါ။ စိတ်ထွက်ပေါက်အဖြစ် ရေးသားထားခြင်းဖြစ်လို့ပါ။ အနည်းငယ် ရိုင်းသလိုဖြစ်သွားပါက အနှုးအညွှတ်တောင်းပန်ပါတယ်။ ကျေးဇူးတင်ပါသည်။

တောက် ! ! ! ! ကွာ . . .
မင်းေ-ာက် သုံးမကျချက်က
Top 10 ၀င်လောက်တယ်။
အဓိပ္ပာယ်ရှိတဲ့ အလုပ်ဆိုတာ ဘာလဲ . . . .
အဓိပ္ပာယ်မရှိတဲ့ အလုပ်ဆိုတာ ဘာလဲ . . . .
မင်း သေချာ ပြန်စဉ်းစားကြည့်စမ်း
ဟေ့ ကောင် ငဂျယ် ေ-ြးသား ! ! ! !
ေ-ွးတစ်ကောင်လောက်တောင်
အဓိပ္ပာယ်ရှိတဲ့ အလုပ် လုပ်ခဲ့ဖူးလို့လား . . .
မင်း မှန်ကြည့်ရဲတဲ့ သတိရော ရှိသေးရဲ့လား . . . .
ညဘက် ခေါင်းပေါ်လက်တင်ပြီး
တစ်နေ့တာ ဘာတွေ လုပ်ခဲ့ပြီးပြီးလဲ
စဉ်းစားကြည့်ဖူးလား . . . .
ေ-ာက်ဆံ ဘယ်နှပြားရှာလို့ ရခဲ့ဖူးပြီလဲ . . . .
လူ့ဘ၀ရဲ့ သုံးပုံ တစ်ပုံရောက်နေပြီဆိုတာ သတိရသေးရဲ့လား
မင်း သေဖို့နီးနေပြီကွ
ေ-ာက်အဓိပ္ပယ်ရှိတဲ့ အလုပ်ဆိုတာ ဘာလဲ စဉ်းစားမိရဲ့လား
ေ-ာက်ရှက်ရော ရှိသေးရဲ့လား
မင်းက ဘာလုပ်လုပ် ေ-ာက္သံုးမွ မက်တာ
ေ-ွးသားရဲ့ . . . .
ဟား ဟား ဟား ဟား ဟား
မင်းဟာ ဘယ်တော့မှ
အောင်မြင်မဲ့ကောင် မဟုတ်ဘူး
ဒါတော့ မင်းကိုယ်မင်းသိမှာပါ
ဟား ဟား ဟား ဟား ဟား
မင်းဟာ တော်တော်ရီရတဲ့ကောင်ပဲကွ
ဟား ဟား ဟား ဟား ဟား
ငါရယ်လွန်းလို့ အူတက်ပြီး သေသွားလောက်တယ်
ဟား ဟား ဟား ဟား ဟား

မင်းကွာ ဟား ဟား ဟား
ဟေ့ကောင် ငဂျယ်
ငါ့ရှေ့က ကျေးဇူးပြုပြီး ထွက်သွားပေးပါကွာ
ငါ အူတက်ပြီး သေသွားလိမ့်မယ်ကွ
ဟား ဟား ဟား ဟား ဟား
ဟေ့ကောင် သွားအိပ်တော့မှာလား
ခေါင်းပေါ်လက်တင်လိုက်ဦးနော်
သေသေချာချာ
သတိပေးတာ မေ့နေမှာ စိုးလို့ပါ။

ဟား ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟာားး

ကဗျာသည်

Posted by On December - 2 - 2008 16 COMMENTS Subscribe here
ငါဟာ လမ်းဘေးက
ခပ်ပိန်းပိန်းကဗျာသည်လေးပါ။
သူများတွေလို လာပါယူပါလို့လဲ
တစာစာမအော်နေတတ်ဘူး။
ဖက်ကြမ်းဆေးလိပ်တိုလေး ခဲပြီး
ငုတ်တုတ်ထိုင်နေယုံပဲတတ်နိုင်တယ်။
ဖြန့်ခင်းထားတဲ့ ဈေးဗန်းလေးကို ကြည့်ပြီး
တစ်ချို့က မင်းရေးထားတာရော ဟုတ်ရဲ့လား . . . .
တစ်ချို့က ငါ့ ပုခုံးကို ပုတ်ပြီး ကြိုးစားကွာ . . . .
ဘာပဲဖြစ်ဖြစ် ပစ္စည်းအရည်သွေးကို
အကဲခတ်ခွင့်ရှိတယ်။
ဒါပေမဲ့ . . . .
ပြီးပြီးရော ဖြစ်သလို ထုတ်ခဲ့
ပစ္စည်း အရေအတွက် မပါဘူး။
တန်ဖိုးကြီး စာရွက် လှလှတွေနဲ့ ရေးထားပြီး
Quality အော်တဲ့ ဈေးသည်တွေထဲ
ငါ . . . . မပါဘူး။
ငါ့ ပစ္စည်းကို အာမခံရဲတယ်။
ကြည့်လိုက် . . . .
ငါ့ နှလုံးသွေးတွေ တစက်စက်ကျနေတာ တွေ့လိမ့်မယ်။
မြန်မာပြည်ပြန်မဲ့ သူငယ်ချင်းက လွှတ်ပစ်မလို့ဆိုပြီး ရော့ အင့်ဆိုပြီး ပေးထားတဲ့ ဖုန်းဆိုမှ ဘုရားစူးဖုန်းလေးက မနက်မိုးလင်းတော့ Alram မြည်လာတယ်။ ဒါနဲ့မဖြစ်သေးပါဘူးဆိုပြီး သူများလွှတ်ပစ်ထားတာကို ကောက်ထားတဲ့ အိပ်ယာပေါ်က ထပြီး သူငယ်ချင်းတွေက ခြေသုတ်ခုံလုပ်မလို့ဆိုတာကို အတင်းယူထားတဲ့ ရေလဲပုဆိုးလေးကို ပြင်ဝတ်ရင်း အိမ်အောက် အမှိုက်ပုံးထဲက တွေ့လို့ယူထားတဲ့ အကျီ င်္လေးကို ချွတ်လိုက်တယ်။ ပြီးတော့ ရေဘုံဘိုင်က ရေနဲ့ဆားအနည်းငယ်ယူပြီး သွားတိုက် လိုက်တယ်။ မျက်နှာသစ်စရာနဲ့ ကိုယ်တိုက်ဆပ်ပြာကတော့ မရှိဘူး။ ရေလဲ ချိုးတယ်ဆိုယုံပဲ မီတာခက မသက်သာဘူးလေ။ ပြီးတော့ အသစ်လွင်ဆုံး ပုဆိုးပိုင်းနဲ့ ရေကိုသုတ်လိုက်တယ်။ ဒါနဲ့ ShengSiongက တစ်ထုပ်ဝယ်ရင် တစ်ထုပ်အပိုရတဲ့ ပါမုန့်ကို ဘုံဘိုင်က ရေနဲ့မျှောချ ပြီးတော့ အလုပ်က ပေးထားတဲ့ ၀တ်စုံကို ၀တ်လိုက်တယ်။ ပြီးတော့ လာကြိုမဲ့ ကားကိုစောင့်ရင်း အမှိုက်ပုံးထဲမှာ ဘာရှိလဲ မသိမသာကြည့်လိုက်သေးတယ်။ ပြန်ရောင်းလို့ရတာဆိုရင် ကောက်ထားမယ်လေ။ ကားလာတော့ တက်လိုက်သွားတယ်လေ။ တော်သေးတာပေါ့ နေ့လည်စာကို အလုပ်က ကျွေးတယ်လေ။ ပြန်ရောက်တော့ သူငယ်ချင်းအိမ်မှာ သွားနားတယ်။ သူ့ကွန်ပြူတာ ကပ်သုံးရင်းနဲ့ အိမ်မှာနေရင် မီတာခအပိုကုန်မယ်လေ။ သူ့အိမ်မှာပဲ ပန်းကန်ဆေးကူ အိမ်အလုပ်တွေ လုပ်ကူရင်းနဲ့ သူတို့စားတဲ့ အကျန်လေးတွေ စားပြီး အိမ်ပြန်လာတယ်လေ။ တခါတလေတော့ သူ့တို့ အကျန်လေးတွေ ယူလာပြီး မနက်ကျတော့ ပြန်နွေးပြီး စားတယ်လေ။ စနေနေ့ကျတော့ နေ့တစ်ဝက်ရယ် တနင်္ဂနွေနေ့ရယ် အိမ်နားက စားသောက်ဆိုင်မှာ သန့်ရှင်းရေးဝင်လုပ်တယ်လေ အိမ်ကလဲ တစ်လ တစ်ခါဖုန်းဆက်တိုင်း Handpone ၀ယ်ဖို့ငွေလိုလို့၊ အိမ်နောက်ထပ်တစ်လုံး ၀ယ်ဖို့၊ ဆိုင်နောက်ထပ် တစ်ဆိုင်ထပ်လိုချင်လို့ တစ်မျိုးပြီး တစ်မျိုးမရိုးအောင်ပြောတတ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျတော့ နေမကောင်းဖြစ်ရော ပင်းပန်းတာရော အစားသောက်ချို့တဲ့တာရောပေါ့ ဒါနဲ့ အိမ်ကိုဖုန်းခေါ်လိုက်ရော ဖုန်းလဲဝင်သွားတယ်ပဲ ထားပါတော့ဗျာ ဖုန်းလိုင်းက သိတဲ့အတိုင်းပဲ ဖုန်းလဲကိုင်ရော ကျတော်ဆီကမှန်းလဲသိရော သားငယ် ဒီလ ဘယ်လောက်ပို့မှာလဲတဲ့ အော် ဟုတ်ကဲ့ သားပို့ပါ့မယ်ဆိုလဲပြီးရော ကျတော်လဲ အသက်ထွက်ရော
Bank စာအုပ်လေးတစ်အုပ်ရဲ့ ပထမဆုံးစာရွက်မှာက ဒီလိုရေးထားတယ်လေ
“မောင်ဖိုးဂျယ် နောက်ဘ၀တွင်သုံးရန်တဲ့”

*မှတ်ချက်* သူငယ်ချင်းတစ်ယောက်ပြောပြောနေသော ဒီဘ၀အသေရှာ နောက်ဘ၀ကျမှ သုံးဆိုတဲ့ စကားလေးသတိရလို့ရေးလိုက်တာပါ။

ကိုယ်စိတ်ထဲရှိသော စာများရေးနေသူကို အရူးဟုခေါ်လျှင် ကျတော်သည်အရူးဖြစ်သည်။ ကျတော်ရူးနေကြောင်းကို ထွေထွေထူးထူးပြော နေစရာမလိုပေ။ မင်းဘာမေဂျာနဲ့ကျောင်းပြီးတာလဲ မေးယုံနဲ့တင် လုံလောက်ပါသည်။ အဘယ်ကြောင့်ဆိုသော် Psychology Major ကို တာဝတွင် (၄)နှစ် ကျော် လေ့လာစည်းပူး၍ ဘွဲ့ရခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ကျတော်ရှုးနေကြောင်း ထောက်ခံစာမလိုပေ။ မည်သူ့ကိုမှ ကျတော်ရူးနေကြောင်း အကျယ်တ၀င့်ရှင်းပြနေစရာမလိုပေ။ ထိုကြောင့်ကျတော်ရူးနေသည်။ ကိုယ်ရူးနေသည်ကို ရူးနေမှန်းသိသော ရူးတစ်ယောက်ဖြစ်သည်။ မြတ်စွာဘုရား ဟောကြားခဲ့သော အဆိုအမိန့်များနဲ့တော့ ကိုင်မပေါက်ချင်ပါ။ ထို့ကြောင့် ကျတော်သည် Psychology Major ကျောင်းသားလို့ ပြောတိုင်း မင်းအရူးပါကွာ ဆိုသော အကြည့်နဲ့ကြည့်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် ကျတော်ရူးနေကြောင်း အထက်တွင် အထောက်အထားခိုင်လုံစွာ တင်ပြထားသောကြောင့်ဖြစ်သည်။ ကျန်သူများကိုတော့ မသိပေ။ သေချာတာကတော့ ကျတော်သည် Psychology Major နဲ့ ဘွဲ့ရခဲ့သော အရူးတစ်ယောက်ဖြစ်သည်။ Psychology Major ၀င်ခွင့်ရသည့်နေ့မှ စ၍ ယခုတိုင်ရူးနေသော အရူးတစ်ယောက်ဖြစ်ပြီး တစ်သက်လုံး အရူးစာရင်းဝင်နေသော အရူးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် Psychology Major နှင့် ဘွဲ့ရထားသော၊ Psychology Major တွင် ပညာလေ့လာစည်းပူးနေသော ကျောင်းသား/သူများသည် အရူးစာရင်းတွင် စာရင်းပေးစရာမလိုပဲ စာရင်းဝင်ပြီးသား အရူးများဖြစ်ကြသည်။

ပုံ/ ထာဝရ အရူး ဖိုးဂျယ်