ခပ်ချောချောကောင်လေး ဖိုးဂျယ်သည် ဘလော့ရွာထဲတွင် မျက်စိသူငယ် နားသူငယ်နဲ့ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ခေါင်းထဲမှာလဲ ဗလာနထိ ဘာမှ မရှိဖြစ်တဲ့ အပြင် လူရော ခေါင်းရော ထုံနေပါပြီဖြစ်ကြောင်း၊ တခါတရံ ဘီယာစုန်မျောနေကြောင်း၊ ရုပ်တည်နဲ့ တွေ့သမျှ ကောင်မလေးတွေကို ရည်းစာအတင်းလိုက်ပေးနေကြောင်း၊ အခုတော့ ရထားတစီးနဲ့ ခရီးထွက်သွားပြီး၊ ရော်ရွက်ဝါလို့ လေယူရာလွင့်နေကြောင်း၊ ပါးစပ်ကလဲ အချစ် အချစ်ဟု တိုးတိုးလေး ရွတ်ဖတ် သရဇ္ဈယ်(ပူဇော်)နေကြောင်း ပြောရေးဆိုခွင့်ရှိသူ မဒမ်လောင်းလေးမှ အကျယ်တ၀င့် မကျဉ်းမကျယ်ပြောကြား
ဗီဗီမှာ ရုတ်တရက် ကျရောက်နိုင်ဖွယ်ရှိသော လုပ်ကြံမှု ကာကွယ်နိုင်ရန်၊ သိုင်းကျမ်းကြီးမြောက်များစွာ ရေးသားရန် ဂူအောင်းး ပြုစုနေကြောင်း၊ ဖိုးဂျယ်မှ စောက်ပျင်းတစ်နေသဖြင့် ငပေါဂေဟာရုံးတွင်းရှိ အလုပ်ပေါင်းမြောက်များစွာ တစ်ယောက်တည်း ပြုလုပ်နေရသဖြင့် မည်တွန်တောက်တီးနေကြောင်း၊
ကြမ်းမာရေးဝံကြီး(ခ) မောင်မျိုးမှာ ပိန်ညှောင်နေသော ကိုယ်ကာယကြောင့် ရာထူးနဲ့ မလိုက်ကြောင်း၊ ယခုအချိန်သည် သူအား ကောင်းကောင်း ထောပနာပြုရန် အချိန်ကောင်းဖြစ်ကြောင်း သူ့အိမ်တွင် မကောင်းဘူးဟုဆိုတော့ ဗုတ်အား အားအားနေ သွားနှိပ်သင့်နေကြောင်း၊ ဟို မဲပုံးလိုတော့ ဗုံးထောင်မည်မဟုတ်ဟု ယူဆရကြောင်း
နန်းညီမှာ နာမည်သစ်ပေါင်း မြောက်များစွာနဲ့ ပျော်ရွှင်စွာ တိုင်ပတ်နေကြောင်း၊ ဥပမာ ဂျေမီရဲ့ ညီမ ဂျေပီ JP (ထို နာမည်၏ ရာဇ၀င်ကို သိသူ အနည်းငယ်သာရှိ) ဟု၍ စသော နာမည်ပေါင်းမြောက်များစွာဖြင့် တိုင်ပတ်နေကြောင်း၊ ယခုလောလောဆယ် ပေါက်စီ စားချင်နေကြောင်း၊ လမ်းမှာ တွေ့တဲ့ သူတွေကိုလဲ သူမလွမ်းနေကြောင်း ရပ်ဝေးတစ်နေရာရှိ ဂျေပီ နာမည်ပိုင်ရှင်အား ပြောကြားပေးရန် အတင်း လူကြုံပါးနေကြောင်း သူမ အကြောင်းသိသူ တစ်ဦးမှ လျှို့ဝှက်စွာ အတင်းကာရောပြောကြား
ငပေါမိုးသားမှာ အိမ်သာတွင်းလိုက်လံ တူးကြောင်း သတင်းတစွန်းတစရရှိ ထို့အပြင် အခမဲ့ ဘာသာရေးစာစောင် ထုတ်ဝေရန် စီစဉ်နေသောကြောင့် မအားလပ်ဟုသိရ
အန်ဒီတစ်ယောက်သည် ငပေါဂေဟာအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းလုပ်ဆောင်ရန်အတွက်
လက်ရှိလုပ်ကိုင်နေသော ဟိုကလိ ဒီကလိ နှင့် ချက်တင် ထိုင်ချက်နေသော ရာထူးမှ ရုံးရှိ အရာရှိကြီးများ အောက်ကျို့ခံ တားမြစ်နေသည်ကြားမှ ရင်ကော့ပြီး (အန်ဒီပြောတာပဲ ကိုယ်မှ မမြင်ရတာ) ၁၀၉/၁၁၀ ရာထူးနှင့် ငပေါဂေဟာ ငှက်ကထရာထူးအား ပူးတွဲထမ်းဆောင်ရန် ထွက်စာတင်ခဲ့သည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ ပြောရေးဆိုခွင့်ရှိသူ အန်ဒီကိုယ်တိုင်မှ ပြောကြား
ခေါင်မှာ သူမ မိုးချုပ်နေသော အသားနဲ့ မလိုက်ဖက်စွာ အလွန်လှပသော ဖိနပ်များအား သူမ၏ ပြောရေးဆိုခွင့်ရှိသူအား တဖက်လှည့်နဲ့ ၀ယ်ခိုင်းနေကြောင်း၊ အခုရက်ပိုင်း ကိုမာနကို ချောင်ထိုးထားကြောင်း၊ သူမ၏ သတိုးသားလောင်းလေး ဒိုလေးမှာလည်း ပြောင်းရွှေ့ခြင်းကြောင့် အလုပ်ရှုပ်နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ ပြောကြား
ညီငယ်ပွကြီးမှာ တာဝန်တခုနဲ့ ဇာတိမြေသို့ အလွမ်းတွေ ကူးသန်းသွားကြောင်း၊ ရုံးသို့ တက်ရောက်နိုင်မည် မဟုတ်ဟု သဘာပတိအား တိုးတိုးတိတ်တိတ် ခွင့်တိုင်သွားခြင်းဖြစ်ကြောင်း ဖိုးဂျယ်ြေ