ကျွန်တော့်တွင် အလွမ်းများစွာရှိသည်။ ထိုအလွမ်းတွေထဲတွင် သတ္တ၀ါတခုကို လွမ်းနေသော အလွမ်းတခု ပါနိုင်သည်။ ထိုသတ္တ၀ါသည် လူတယောက် ဖြစ်နိုင်သည်။ ထိုလူသည် ကောင်မလေး တယောက် ဖြစ်နိုင်သည်။ ထိုကောင်မလေးသည် ကျွန်တော့်ထက် ငယ်နိုင်သည်။ ကျွန်တော့်ထက် ငယ်သော ကောင်မလေးသည် ကျွန်တော်နှင့် မိုင်ပေါင်းများစွာ ကွာဝေးသော နေရာတွင် ရှိနိုင်သည်။ အနီးဆုံးနေရာတွင် ရှိနိုင်သည်။
ထိုကောင်မလေးနဲ့ ကျွန်တော်သည် ၀တ္ထုတွေထဲကလို တက္ကသိုလ်ကျောင်းသား/ သူတွေ ဖြစ်ခဲ့ကြသည်။ ထို့နောက် ၀တ္ထုတွေထဲကလို ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ သို့သော် ၀တ္ထုနှင့် ရှပ်ရှင်တွေထဲကလို ဦးချစ်လ္ဘရည်ဆိုင်ထိုင်ပြီး ဂျက်ဆင်ဘေးမှ လမ်းဖြတ်လျှောက်ကာ အင်းယားကန်သို့ သွား ထိုင်ရင်း ဘူးသီးကြော် မစားပေ။ လူများ အသိမှတ်ပြုထားသော ချစ်သူဆိုဟု ထင်မြင်ဖွယ် အပြုအမူတွေ တခုမှ မရှိပေ။ အယုတ်စွဆုံး သူက ပါးပြင်သည် ဘာရနံ့ ရှိလဲပင် မသိပေ။ ကွင်းပြင်တွင်ရှိသော တက္ကသိုလ် တခုတွင် ပညာနို့ချို သောက်သုံးရင်း တရပ်ကွက်ထဲနေ၍ ဖယ်ရီ တယောက် တစီး စီးကြသည်။ ကျွန်တော့်ထက်ငယ်သော ထို ကျွန်တော့် ချစ်သူဟုခေါ်သော ကောင်မလေး အတန်းတက်နေချိန်တွင် ကျွန်တော်သည် လွယ်အိတ် ကန့်လန့် လွယ်၍ ဘွဲ့နှင်းသဘင်ရှေ့တွင် သူငယ်ချင်းများနဲ့ ဂစ်တာ တီးနေတတ်သည်။ လမ်းဆုံဟုခေါ်သော ဘုံဆိုင် ရောက်နေတတ်သည်။ ဖယ်ရီပေါ်တွင် အိပ်နေတတ်သည်။ အဆောင်ပေါက်စေ့အောင် လျှောက်လည်နေတတ်သည်။ တက္ကသိုလ်ကျောင်းသားတို့ သဘာဝ အလုပ်ကြီး အကိုင်ကြီးဖြစ်သော ကဗျာ စာအုပ်ထွက်ရန် ကဗျာလဲ အချိန်လု၍ ရေးရသေးသည်။
ဇာတ်နာအောင် ရေးရသော် ကျွန်တော်တွင် သိန်းပေါင်းမြောက်များစွာတန်သော ကိုယ်ပိုင်ကား မရှိပေ။ ကိုယ်ပိုင်လက်ကိုင်ဖုန်းလဲ မရှိပေ။ ရှပ်ရှင်တွေထဲကလို သူငယ်ချင်းတွေကို ကင်းတင်းတွင် ငါရှင်းမယ် ထားခဲ့လို ပြောနိုင်လောက်အောင်ပင် ငွေမရှိပေ။ အယုတ်စွဆုံး ကိုယ်ပိုင် အိပ်ခန်းတောင် မရှိသဖြင့် ရှပ်ရှင်တွေထဲကလို သူငယ်ချင်းတွေက ကျွန်တော့် အခန်းထဲလာ၍ ဂစ်တာတီးခြင်း ချစ်သူအကြောင်း တိုးတိုးတိတ်တိတ် ပြောခွင့်မရပေ။ ပို၍ ဇာတ်နာအောင် ရေးရသော် ကျောင်းမသွားခင် ကျွန်တော့် မိဘပိုင်သော ဆိုင်ကို ခင်ကျင်းပြီးမှ သွားရသလို ပြန်လာလျှင်လဲ ဆိုင်သိမ်းပြီးမှ အိမ်ပြန်ခွင့်ရလေသည်။ ပို၍ ဇာတ်နာသထက် နာအောင်ရေးရသော် အိမ်တွင် ဖုန်းမရှိသောကြောင့် တခါတရံ ဖုန်းမှား၍ အသံလေးသာယာသောကြောင့် ချစ်သူဖြစ်သွားခွင့်၊ သင်္ကြန်တွင် ဖုန်း နံပတ်ပေး၍ သင်္ကြန်ဇာတ်လမ်း လုပ်ခွင့်၊ သီချင်းတွေထဲကလို တညလုံး ဖုန်းပြောရင်းလဲ ရူးခွင့်မရခဲ့ပေ။
ထို့နောက် ကျွန်တာ့်ချစ်သူဟုခေါ်သော ကောင်မလေးနဲ့ ကိုရီးယားကားများလို ဇာတ်လမ်းတွဲရိုက်ရန်အတွက် မိုးရွာမည်ဟု ကြိုမသိသော တနေ့တွင် ထူးဆန်းစွာ သူ(မ) သူငယ်ချင်းတွေနဲ့ လျှောက်သွားမယ် လိုက်ခဲ့ဟု ဖယ်ရီကွင်းထဲတွင် ပြောလာရာ ကျွန်တ်ာလဲ လက်ခံလိုက်မိသည်။ (ထူးဆန်းစွာ ခေါ်လို့လဲ မိုးရွာတာ ဖြစ်နိုင်ပါသည်။) ထို့နေ့သည် ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူရဲ့ ပထမဇာတ်လမ်းတွဲတွင် အတူတူလျှောက်သွားဖူးသော ပထမဆုံးအကြိမနဲ့ နောက်ဆုံး အကြိမ်ဖြစ်သည်။ သို့သော် ရှပ်ရှင်တွေထဲကလို မိုးရေထဲတွင် စလိုးမိုးရှင်းပြကွက်ဖြင့် ပြေးလွှားမနေပေ။ မိုးရေထဲတွင် ထီးအတူတူဆောင်းရင်း သူ(မ) သူငယ်ချင်းများနှင့် underground ကကြသေးသည်။ မည်သို့မှ ကဗျာမဆန်သော ကျွန်တ်ာနှင့် ကျွန်တာ့်ချစ်သူ၏ မိုးနေ့ တနေ့ဖြစ်သည်။
ဇာတ်ချိန်မြှင့်ရသော် စာမေးပွဲတွေ ဖြေပြီးသော နေ့တနေ့တွင် သူ(မ) ဆိုင် ကျွန်တော်သွားလည်ရာ ကျွန်တော့်အား ” နင်နဲ့ ငါ မဖြစ်နိုင်ဘူး” ဟူသော ၀ါကျတကြောင်းသာ ပြောလေသည်။ ကျွန်တာ့် ဘာစကားမှ ပြန်မပြောနိုင်ပဲ လှည့်ထွက်လာခဲ့မိသည်။ ထို့နေ့သည် ကျွန်တာ့်ဘ၀တွင် အစီစဉ်မရှိပဲ တယောက်တည်း ဇာတိမြေသို့ ပထမဆုံး အကြိမ်ပြန်ဖူးခြင်းဖြစ်သည်။
ကျွန်တ်ာနှင့် ကျွန်တ်ာချစ်သူသည် ၀တ္ထုတွေထဲက အတိုင်း မိဘချင်း ရင်းနှီး၍ နှစ့်အိမ့် တစ်အိမ်နေသော ပုံစံဖြစ်သည်။ သို့သော် ၀တ္ထုတွေထဲက အတိုင်း ဖြစ်မလာပေ။ ကျွန်တော့် ချစ်သူသည် သူ(မ) အဖေကို အရမ်းကြောက်ရ၍ ကျွန်တော်သည် ကျွန်တော့် အမေကို အရမ်းကြောက်ရသည်။ (နားညည်း မခံနိုင်၍ဆို ပိုမှန်မည်။) ၀တ္ထုတွေထဲကအတိုင်း သူ(မ) အဖေက ဆူပူကျိမ်းမောင်း ပုံရသည်။ ဒီကောင်ကို ဖြတ်ရင် ဖြတ် မဖြတ်ရင် ငါ့ကို ဖြတ်ဟူ၍လဲ ကျိမ်းမောင်းကောင်း ကျိမ်းမောင်းနိုင်သည်။ ထို့အတူ့ အမေကလဲ ကျွန်တော့်အား တခြား နေပူပူ ကွင်းပြောင်ပြောင် တက္ကသိုလ်ကျောင်းတခုသို့ ပြောင်းထားလိုက်သည်။ဒီလိုနဲ့ ကျွန်တ်ာချစ်သူနဲ့ ကျွန်တော် ပထမပိုင်းဇာတ်လမ်း အဆုံးသတ်ခဲ့ပါတယ်။
ကျွန်တော့်တွင် ချစ်သူတယောက် ရှိတယ်။ တိတိကျကျပြောရရင် အတိတ်မှာ ရှိခဲ့တယ်။ ယခုပစ္စုပ္ပုန်လဲ ရှိနေတယ်။ အနာဂတ်မှာလဲ ရှိနေဦးမယ်။