poemtopia

poem is mylife

Archive for the ‘ကဗျာ’ Category

ဂျူး

Posted by ဖိုးဂျယ် On August - 9 - 2010 3 COMMENTS Subscribe here

သူမကို ဂျူးဝတ္ထူထဲက ဇာတ်ကောင်အဖြစ်
ကျွန်တော်က ကောက်ချက်ချတယ်။
ဂျူးဝတ္ထူ ဖတ်နေတဲ့ သူမက
ဘာတွေ ရေရတ်နေတာလဲဆိုတော့
ကျွန်တော် သူမကို ပြုံးပြလိုက်မိတယ် ထင်တယ်။

မျက်ချေး

Posted by ဖိုးဂျယ် On July - 5 - 2010 2 COMMENTS Subscribe here

အို . . . . အသင် လူသား . . . .

အသင့်ကိုယ် အသင် မှန်ထဲ ပြန်ကြည့်ကာ

မျက်ချေးတွေ သုတ်သင်လော . . . .

သို့မဟုတ်

Posted by ဖိုးဂျယ် On May - 23 - 2010 4 COMMENTS Subscribe here

အပျင်းပြေဖို့ မိုးရေ မိုးပေါက် သို့မဟုတ်
သောက်ရန် ကော်ဖီတစ်ခွက် သို့မဟုတ်
နားထာင်ရန် သီချင်း တစ်ပုဒ် သို့မဟုတ်
ဖတ်ရန် ဝတ္ထုတို တစ်ပုဒ် သို့မဟုတ်
ကြည့်ယုံ ကြည့်ရန် မော်ဒန် ကဗျာ တစ်ပုဒ် သို့မဟုတ်
စားရန် ခေါက်ဆွဲ တစ်ထုတ် သို့မဟုတ်
တီးဆိုင် ထိုင်ရန် သူငယ်ချင်း တချို့ သို့မဟုတ်
ထွေးပွေ့ထားရန် ချစ်သူ တစ်ယောက် သို့မဟုတ်
မီးစက်နှိုးရန် ဓာတ်ဆီ အချို့ သို့မဟုတ်
ငြင်းခုန်ရန် ဈေးဝယ် အချို့ သို့မဟုတ်
လိုအပ်ရင် သုံးရန် ၅ ထောင်တန် အချို့ သို့မဟုတ်

သို့မဟုတ် . . . .

သို့မဟုတ် . . . .

နေရာ

Posted by ဖိုးဂျယ် On April - 23 - 2010 8 COMMENTS Subscribe here

အလုပ်သမားကလဲ
သူဌေးက ပေးတဲ့ နေရာ . . . .
သားသမီးကလဲ
မိဘကပေးတဲ့ နေရာ . . . .
Bus စီးတဲ့ လူကလဲ
ထိုင်စရာ နေရာ . . . .
အဖွဲ့စည်းတခုခုမှာလဲ
လျှမ်းလျှမ်းတောက် တစ်နေရာ. . . .
သူငယ်ချင်းတွေ အပေါ်မှာလဲ
ဘာဆိုလား နေရာ. . . .
ဘလော့ လောကမှာလဲ
ပါလေရာ နေရာ . . . .
Facebook မှာလဲ
လူသိများတဲ့ နေရာ . . . .
Meeting တွေ လုပ်ရင်လဲ
Admin နေရာ . . . .

လူတိုင်း လိုချင်တဲ့ နေရာ . . . .

မှတ်ချက် – တိုက်ဆိုင်မှု ရှိက တည့်တည့်ပြောသည် ဟု မှတ်ပါ။

သင်္ကြန်

Posted by ဖိုးဂျယ် On April - 11 - 2010 2 COMMENTS Subscribe here

သင်္ကြန်မှာ ပွင့်တိုင်း ပိတောက်ပန်း မဟုတ်ဘူး။
ပိတောက်ပန်း ပွင့်တိုင်း သင်္ကြန်မှာ မဟုတ်ဘူး။
သင်္ကြန်မှာ ဆိုတိုင်း သင်္ကြန် သီချင်း မဟုတ်ဘူး။
သင်္ကြန် သီချင်းဆိုတိုင်း သင်္ကြန် မဟုတ်ဘူး။

ဖိုးဂျယ်

Posted by ဖိုးဂျယ် On April - 6 - 2010 5 COMMENTS Subscribe here

ဖိုးဂျယ်  ဖိုးဂျယ် ကိုဖိုးဂျယ်
ခင်ဖို့ ကောင်းတဲ့ ကိုဖိုးဂျယ်

အာဘွားလေးက ခင်တတ်တယ်
စတာလွန်ရင် ခွင့်လွတ်ကွယ်

chat with ခြူသစ်ရေးတဲ့ အခါ
ကိုဖိုးဂျယ် လေးမနိုလာ

ပြန်ကြွားစရာ ခြူသစ်ကြည့်
တကယ် နှစ်ကယ် မရှူးဘိ

ဖိုးဂျယ် နောက်က တကောက်ကောက်
လမ်းထိပ်က အခြောက်

ဖိုးဂျယ် စိတ်ကောက်နှူတ်ခမ်းစူ
ဝက်ကလေးနဲ့ တူ..(ဟိဟိ)

အခြောက်ကြောက်လို့ ဝေးဝေးပြေး
ဖက်တီးကြီးနဲ့တွေ့ 

ဖက်တီးမလေး ချစ်စရာ
ဝကစ်ကစ်လေးပါ

ကိုဖိုးဂျယ် ကိုအရမ်းချစ်
ဖိုးဂျယ်ရဲ့ ချစ်ချစ် (ခစ်ခစ်)

ရေးသားသူ……………မွန်မွန် (ခ) အာဘွားစ်

သူငယ်ချင်း မွန်မွန် (ခ) အာဘွားစ်က ရေးပေးတာပါ။ အမှတ်တရ တင်လိုက်ခြင်းဖြစ်ကြောင်း :)

ပိုင်ဆိုင်မှု

Posted by ဖိုးဂျယ် On April - 1 - 2010 8 COMMENTS Subscribe here
ဟော့ဒီ့……..
ရေမရှိတဲ့ ချောင်းထဲမှာ
ငါ……………….
ငါးထိုင်မျှားနေမိတယ်။
မရရင် မပြန်ဘူးဆိုတဲ့
ခပ်မာမာ ဇွဲနဲ့ပေါ့။
ငါဆိုတဲ့ကောင်က
ဇွဲသာရှိပြီး ဘာအရည်အချင်းမှ မရှိတဲ့
ခပ်ပိန်းပိန်းကောင်လေးပေါ့။
သုံးစားလို့မရတဲ့
ဘွဲ့လက်မှတ်တစ်စောင်……….
အသုံးမ၀င်တဲ့
Certificate ပေါင်းများစွာ……………
အသုံးပြုလို့မရတဲ့
အတွေ့ကြုံတွေ……………..
ဘာလုပ်လုပ်မအောင်မြင်တဲ့
ကြံကမ္မာတစ်ခု………………
ဘယ်သူမှအသိအမှတ်မပြုတဲ့
တွေးခေါ်မှုတွေ…………….
မင်းကိုမပြောပြရသေးတဲ့
ရနံ့တစ်ခု………………..
ငါ့ကိုဘာလုပ်လုပ်
အသုံးမကျဘူးလို့ အမြဲပြောတဲ့
မိဘနဲ့ အကိုနှစ်ယောက်……..
ဘယ်လောက် ကောင်းတာလုပ်လုပ်
မကောင်းတာကိုပဲ မြင်အောင်
မျက်လှည့်ပြ ကျီစယ်တတ်တဲ့
နတ်ဆိုးတစ်ပါး…………..
နောက်ပြီးတော့ ………
ငါ့ရဲ့ စိတ်ခံစားနေရတာကို
ဖွင့်ဟလို့ရတဲ့ Blogတစ်ခု…………

ငွေ

Posted by ဖိုးဂျယ် On March - 30 - 2010 4 COMMENTS Subscribe here

လူတွေမှာ၊ လောကမှာ ငွေဆိုတာပဲ အရေးကြီးတာလား။
ငွေဆိုတဲ့ စကားတစ်လုံးက လူတိုင်းကို ချုပ်ကိုင်ထားတာလား။
ကျုပ်ကတော့ အဲ့ငွေဆိုတာကို မုန်းတယ်။
လူတွေဆီမှာ အဲ့ငွေဆိုတဲ့ အရာရှိတာနဲ့ပဲ အရာအားလုံးပြည့်စုံပြီလား။
အချစ်၊ မေတ္တာ၊ သံယောဇဉ်တွေ မလိုအပ်ဘူးလား။
ကျုပ်ဆီမှာ အဲ့တာတွေ မရှိတော့ရင် အဲ့အရာတွေ ပျောက်ကုန်မှာလား။
ပျောက်ချင်ပျောက်ပါစေ။
ကျုပ် အဲ့ငွေ ဆိုတဲ့ အရာဝတ္ထုကို မုန်းတယ်။
ကျုပ်သူ့ရဲ့ ချုပ်ကိုင်ခြင်းကို မခံနိုင်ဘူး။
ချုပ်ကိုင်ခြင်းကို မုန်းတယ်။
ချုပ်နှောင်ခြင်းကို ချစ်တယ်။
ဒါပေမဲ့ ကျုပ်ချစ်သူကို လက်ထပ်ချင်တယ်။
ပြီးတော့ ကျုပ်ချစ်သူကို ပြည့်ပြည့်စုံစုံထားချင်တယ်။
အဲ့ဒီ့တော့ ငွေ ဆိုတဲ့ အရာဝတ္ထုလိုအပ်လာတယ်။
ဒါကြောင့် ငွေ ဆိုတဲ့ အရာဝတ္ထုရဲ့ ချုပ်ကိုင်ခြင်းကို ခံရတယ်။
ထိုကြောင့် ငွေ ဆိုတဲ့ အရာဝတ္ထုကို ချစ်တယ်။
ထိုကြောင့် ငွေ ဆိုတဲ့ အရာဝတ္ထုကို မုန်းတယ်။
ထို့ကြောင့် ကျုပ်ချစ်သူကို မုန်းတယ်။
ထို့ကြောင့် ကျုပ်ချစ်သူကို ချစ်တယ်။

အညာမြေ

Posted by ဖိုးဂျယ် On March - 24 - 2010 8 COMMENTS Subscribe here

ခြေတံရှည် အိမ်အောက်

နွေ နေ့လည်ခင်း

မြေပြင်ကို ရေလောင်း

သင်ဖြူးဖျာပေါ် ထိုင်

လက်ဖက်သုတ်နဲ့ အဖန်ရည် ကိုင်စွဲကာ

အံတုခဲ့ဖူးတယ် . . . .

အပျက်စီးများနဲ့ ငါ

Posted by ဖိုးဂျယ် On January - 16 - 2010 13 COMMENTS Subscribe here

ပျက်ဆီးခြင်းကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။

ငါ့ ဖုန်းလေး သူငယ်ချင်းကြောင့် ပျက်စီးသွားတယ် . . . .
အလျော် မတောင်းဘူး . . . .

Memory card လေး ငါ့ကြောင့် ပျက်စီးသွားတယ် . . . .
ပုံတွေ တစ်ပုံမှ မရလိုက်ဘူး . . .

MP3 လေး ဘာဖြစ်မှန်း မသိပဲ ပျက်သွားပြန်တယ် . . . .
ငါ ဘာမှ မလုပ်မိဘူး . . . .

ငါ့ အလွမ်းတွေလဲ သူ(မ) မသိပဲ ပျက်စီးသွားတယ် . . . .
လွမ်းနေကြောင်း သူ(မ)ကို မပြောမိဘူး . . .

ငါ့ ဘလော့လေးလဲ သူတို့ကြောင့် ပျက်စီးသွားတယ် . . . .
ဆက်လုပ်ရန် ခက်ခဲလို့ . . . .

ငါ့ အတွေးတွေ ပျက်စီးသွားတယ် . . . .
ဖော်ထုတ်ခွင့် မရလို့ . . . .

သူငယ်ချင်းတွေနဲ့ ခင်မင်မှုတွေ ပျက်စီးသွားတယ် . . . .
အားလပ်ချိန် ကောင်းကောင်းမရပဲ တွေ့ဆုံဖို့ ခက်ခဲလို့ . . . .

ကျတော်နဲ့ သူ(မ) အချစ်တွေ ပျက်စီးသွားတယ် . . . .
ကျတော့်ရဲ့ ညံ့ဖျင်းမှုကြောင့် . . . .

ဘလော့ဂါ မောင်နှမတွေနဲ့ ရင်းနှီးမှု ပျက်စီးသွားတယ် . . . .
အွန်လိုင်းမှာ ဂိမ်းဆော့နေလို့ . . . .