poemtopia

poem is mylife

Archive for the ‘သတင်း’ Category

“နောင်ထွက်မည့် မိုက်ခရိုဆော့ဝင်းဒိုး OS များတွင် မြန်မာဘာသာ အသုံးပြုရရန် ထည့်သွင်းပေးပါ” ဟု ကမ္ဘာအရပ်ရပ်မှ မြန်မာ ပြောဆို / ရေးသားသူ ကျွန်ုပ်တို့အားလုံးမှ တညီတညွတ်တည်း တောင်းဆိုပါကြောင်း အောက်တွင် လက်မှတ်ရေးထိုးပါသည်။

လေးစားစွာဖြင့်…

Dear Mr Bill Gates and Mr Steve Ballmer,

We, the users of Myanmar (Burmese) language around the world, here by sign this petition, requesting Microsoft Corporation “to include Myanmar Language support in the next updates of all Microsoft Windows Operating Systems”.

Sincerely,

This link >>> Petition Myanmar

မင်္ဂလာဈေးမီးလောင်မှု

Posted by ဖိုးဂျယ် On June - 27 - 2010 ADD COMMENTS Subscribe here

၂၄.၀၅.၂၀၁၀့ နံနက် ၈:၂၀ခန့် တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး၊ ပင်မဈေးရုံ စတုတ္ထထပ်တွင် ဆေးဝါးနဲ့ပရိဘောဂတွေ ရောင်းသော အထပ်မှ ဆေးပစ္စည်းရောင်းသည့် ဆိုင်ခန်းအမှတ် (၈၀/၈၁) နှစ်ခန်းတွဲမှ ၀ါယာရှော့ဖြစ်ကာ စတင်မီးလောင်သည်။ မီးလောင်ပြီး ၁၀ မိနစ်ခန့် ကြာသောအခါ ဈေးခေါင်မိုးပေါ်မှာ လူ၁၁ဦးခန့်  ပိတ်မိနေသောကြောင့် မီးသတ်သမားများက အသက်ကယ်လှေခါးဖြင့် ကယ်တင်နိုင်တာကို တွေ့ရှိခဲ့ရသည်။

မီးသည်  ည ၉ နာရီ ဆက်လက် တောက်လောင်နေဆဲဖြစ်ပြီး မီးသတ်သမား ၂၀ ကျော် ဒဏ်ရာရတယ်ဟု သတင်းရရှိပါသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို ရန်ကုန်မြို့နှင့် ပဲခူးတိုင်းတို့မှ မီးသတ်ယာဉ် အစီး ၇၀ ၀န်းကျင်နှင့် မီးသတ်အင်အား ၁၅၀၀ ကျော်တို့ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

မင်္ဂလာဈေးကဲ့သို့သော ဈေးအချို့သည် မီးသတ် စနစ် လုံးဝ မပါရှိသလို မီးလောင်ရင်လဲ ငြိမ်းသတ်ရန် မလွယ်သော အခြေနေတွေ ဖြစ်ပါသည်။ ယခု မီးလောင်နေသော အခြေနေတွင် မီးသတ်ကားများသည် ဈေးအတွင်းသို့ ဝင်ရောက် ငြိမ်းသတ်ခွင့် မရပဲ လမ်းမပေါ်ကနေ ငြိမ်းနေရသဖြင့် အရာမရောက်သကဲ့သို့ ဖြစ်နေပါသည်။ ထိုအပြင့် ဈေးကြီးရှေ့ရှိ ခိုင်မာသော Billboard ကြီးများကလဲ များစွာအနှောက်အယှက် ဖြစ်စေသည်။ ပတ်ဝန်းကျင်သည်လဲ ဖျက်လွယ် ဖြုတ်လွယ်သော အကာရံများသာရှိသင့်ပြီး အဆောက်ဦး စတင်ဆောက်လုပ်တည်းက မီးငြိမ်းသတ်သော စနစ်တွေ တပ်ဆင်ထားသင့်ပါသည်။ ဥပမာ – Smoke detectors, Heat Detectors, Automatic Sprinkler ect. ( Hose-reel System ) သည်လဲ အဆောက်ဦးတခုတွင် မပါမဖြစ် အရေြးံကီးသည်။ ထိုအပြင် အရေးပေါ်ထွက်ပေါက်၊ မီးသတ်ဗူး စသည်များလဲ ရှိသင့်သည်။

( Fire Hose-reel, အင်တာနက်မှ ကူးယူသည် )

မင်္ဂလာဈေးမီးလောင်မှုမှာ မီးညွန့်အား ထိန်းသိမ်းနိုင်ရန်အတွက် အချိန် နာရီ ၂၀ ၀န်းကျင် ကြာမြင့်ခဲ့သည့်အတွက် အဆိုပါကြာမြင့်ခဲ့သည့် အချိန်မှာ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်ကျွမ်းမှု ဖြစ်စဉ်များ အနက် အချိန်အကြာဆုံး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း သိရှိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေးကြီး မီးလောင်မှုသည် မြန်မာငွေ သိန်းပေါင်း ၂ သိန်း ၁သောင့်းခန့် ဆုံးရှုံးခဲ့သည်။ ထိုဈေးကြီးကို မှီခိုနေသော ဆိုင်ရှင်များနှင့် အလုပ်သမား ထောင်ပေါင်းများစွာအား အခက်ခဲတွေ့စေပါသည်။

” ဒီမီးလောင်ကျွမ်းမှုကို ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ တော်တော်လေး ခက်ခက်ခဲခဲ မီးထိန်းခဲ့ရပါတယ်။ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ စတုတ္ထထပ်ပဲ လောင်စဉ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီလို့ ယူဆခဲ့တယ်။ ဒါပေမယ့် မီးက ဆက်လောင်ပြီး အပေါ်ထပ်ကို ကူးသွားပါတယ်။ အပေါ်ထပ်မှာက စားသောက်ဆိုင်တွေ၊ အထည်ဂိုဒေါင်၊ ဆေးဂိုဒေါင်တွေနဲ့ ဂက်စ်အိုးတွေ၊ ဆိုဖာခုံတွေဆီကို မီးကကူးသွားတော့ ၆ နာရီ ၁၅ မိနစ် ၀န်းကျင်အချိန်မှာ မီးကတော်တော်လေး မီးညွန့်ပြန်အရှိန်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ စတုတ္ထထပ်မှာ မီးငြိမ်းနေတဲ့ မီးသတ်တပ်ဖွဲ့ တွေတောင် စိုးရိမ်ရလို့အောက်ကို အားလုံးပြေးဆင်းခဲ့ရပါတယ်။ စတုတ္ထထပ်မှာတုန်းက ဆိုင်ခန်းတွေက တစ်ခန်းကို (၅) ပေပတ်လည်ပဲရှိရမယ့် ဟာကို သူတို့တွေက လူသွားလမ်းတွေ အထိပါ တိုးချဲ့ထားတာတွေ့ရတယ်။ ဆိုင်ခန်းတစ်ခန်းနဲ့ တစ်ခန်းမှာ အလူမီနီယံ တံခါးတွေနဲ့ ကာထားတော့ ကျွန်တော်တို့ မီးသတ်တဲ့အခါမှာ ရေက တစ်ဖက်ဆိုင်တွေကို ထိုးမဖောက်ခဲ့ဘူး။ လူသွားလမ်းတွေမှာလည်း အထုပ်အထုပ်ကြီးတွေ၊ ပစ္စည်းတွေကို ထားရှိတော့ ၀င်ထွက်ဖို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ည ၁၁ နာရီခွဲလောက်မှာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ စတုတ္ထထပ်ရဲ့တချို့ အခန်းတွေကို ၀င်ခွင့်ရလို့ တော်တော်လေး အခြေအနေကောင်းခဲ့တယ်။ နံနက် ၄ နာရီခွဲ ၀န်းကျင်မှာ မီးညွန့်ကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်”ဟု မီးသပ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ဖိုးဂျယ်

Knowledge Sharing and Collaboration on Open Talk

Posted by ဖိုးဂျယ် On June - 13 - 2010 1 COMMENT Subscribe here

မင်္ဂလာပါခင်ဗျာ …

M51A Group & Mysuboo Fan Club တို့ ဦးစီးကျင်းပမည့် Knowledge Sharing and Collaboration on Open Talk အစီအစဉ် သစ်တခုကို ဇွန်လ ၂၀ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ Excel Treasure Hotel 10th Floor ရှိ Meeting Room တွင် နေ့လည် ၂ နာ၇ီ မှ ညနေ ၅ နာရီထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ Domain , Hosting Sever များအကြောင်း နှင့် ၄င်းတို့ရဲ့အလုပ်လုပ်ဆောင်ပုံ ၀ယ်ယူအသုံးပြုပုံများ အကြောင်းကို ဆွေးနွေးပြောကြား မည်ဖြစ်ပါသည်။ လူဦးရေ အယောက် ၈၀ သာ ကန့်သတ်ထားပါသဖြင့် mistake51area@gmail.com တွင် ကြိုတင် စာရင်းပေးသွင်းထား နိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

IT အကြောင်းဘာမှမသိသေးတဲ့သူများ လည်းပါဝင် တတ်ရောက် ဆွေးနွေး မေးမြန်းနိုင်အောင် စီစဉ်ပေးထားးပါသည်။

ပွဲချိန် : 2:00 pm to 5:00 pm

နေရာ : Excel Treasure Hotel (10th Floor)

နေ့ရက်: 20.June.2010 (Sunday)

***မှတ်ချက်***

ပွဲအတွက် စပွန်စာပေးလိုသူများအား နွေးထွေးစွာ ပျုငှာစွာကြိုဆိုလျှက်ရှိကြောင်းအသိပေးအပ်ပါသည်။

လေးစားစွာဖြင့်

Mistake 51 Area Group & Mysuboo Fan Club (Admin)

www.m51a.com (Music & IT Development)

www.mysuboofanclub.com

ဒုတိယအကြိမ်မြောက် အလိုင်နီသို့ ဓမ္မာရုံပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် အစီအစဉ်

မင်္ဂလာပါခင်ဗျာ …

ကျွန်တော်တို့ Mysuboo Fan Club + M51A Group အနေဖြင့် အလိုင်နီဆည်ရှိ အောင်သိန္ဓိဘုန်းတော်ကြီးသင်ပညာရေး ကျောင်းရှိ ကျောင်းသား/သူများ စာသင်နေသည့်ဓမ္မာရုံအား မေလအတွင်း ပြန်လည်မွန်းမံ တည်ဆောက်ပေးရန် ရည်၇ွယ်ထားပါသည်။

ဓမ္မာရုံလေးကို ၂၉.၅.၂၀၁၀ တွင်အပြီးပြန်လည်ဆောက်လုပ်ပြီး ၃၀.၅.၂၀၁၀ တွင်ပါဝင်လှူဒါန်းသူများ နှင့်အတူ Mysuboo Fan Club + M51A Group မှ memberများနှင့် သူငယ်ချင်းများ အတူသွားရောက် ရေစက်ချမည်ဖြစ်ကြောင်းကို ကြိုတင် အကြောင်းကြားအပ်ပါသည်။

သို့ပါ၍မိတ်ဆွေများနှင့် သူငယ်ချင်းများအနေဖြင့် တတ်နိုင်သလောက် စာသင်နေသည့်ဓမ္မာရုံလေးအား မိုးရာသီမရောက်ခင် အမြန်ပြီးစီးအောင် ၀ိုင်းဝန်း၍တတ်အားသလောက်အလှူငွေ ပါဝင်ကူညီထည့်ဝင်ပေးကြပါရန် ဖိတ်မန္တက ပြုအပ်ပါသည်။ ဓမ္မာရုံပြန်လည် ပြုပြင် ဆောက်လုပ်ရန်အတွက် အသေးစိတ် ကုန်ကျစရိတ်ကို အောက်တွင်ဖော်ပြပေးထားပါသည်။

အပေါ်တွင်ပြထားသော ပုံသည်ဓမ္မာရုံ၏ ဘယ်ဘက်ခြမ်းဖြစ်ပါသည်။ ပုံတွင်ပြထားသော KBZ Bank Calendar များကပ်ထားသော ဓမ္မာရုံညာဘက်အခြမ်း (အလျား ၃၆ ပေ ၂ လက်မ ၊ အနံ ၆ ပေ) ကို သံဇကာကွက်များဖြင့် ကာပြီး မိုးလုံအောင် အပြင်ဘက်နေ တာလဘတ်အကြည်များဖြင့် ကာထားမည်ဖြစ်ပါသည်။

မျက်နှာစာ ၃ နေရာ အား သံဇကာတပ်ရန်

အပေါ်တွင် ပြထားသော ပုံသည် ဓမ္မာရုံ အရှေ့ ဘက်ဘက်မျက်နှာစာ ဖြစ်ပါသည်။ ဓမ္မာရုံ၏ ညာဘက်တွင် လည်း ထိုသို့သော မျက်နှာစာ ၂ ခုရှိသည်။ ထိုကြောင့် ထိုမျက်နှာစာ သုံးခု၏ တစ်ခုစီကို (အလျား ၁၀ ပေ ၊ အမြင့် ၆ ပေ) သံဇကာကွက်များဖြင့် ကာပြီး မိုးလုံအောင် အပြင်ဘက်နေ တာလဘတ်အကြည်များဖြင့် ကာထားမည်ဖြစ်ပါသည်။ ထိုနေရာ ၁ နေရာအတွက် ပြင်ဆင်စရိတ်ပျှမ်းမျှ တန်ဖိုးမှာ ၁၇၇၄၀ ကျပ်ဖြစ်ပါသည်။

ဓမ္မာရုံညာဘက်ဘေး ၉’ အကျယ် ၆ ကန့်အား ကာရန်

အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏ညာဘက်ခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၇ ပေ ၆ ကန့်ရှိပါသည်။ တစ်ကန့်ခြင်းစီတွင် အုတ် ၄ ပေခန့်ကာပြီး အပေါ်ပိုင်း ၃ ပေ ကို သံဇကာဖြင့် ကာထားပေးမည် ဖြစ်သည်။ တစ်ကန့်ခြင်းစီ၏ ကုန်ကျစရိတ် တန်ဖိုးမှာ ၂၁၇၂၆ ကျပ်ဖြစ်၍ အလှူ့ရှင်များ အနေဖြင့် တစ်ကန့်ခြင်းစီကိုလည်း ခွဲ၍လှူဒါန်းနိုင်ပါသည်။

ဓမ္မာရုံ ဘယ်ဘက် နောက်ပိတ်အား ကာရန်


လှူဒါန်းနိုင်သည့် ပစ္စည်းစာရင်း

၁) သံဇကာ = ၁၀ ပေ

၂) သစ် (4X2) = ၁၃.၆ ပေ

၃) သစ် (2X1/2) = ၃၀.၈ ပေ

၎) တာလဘတ် = ၃ ကိုက်

ပစ္စည်းတန်ဖိုး

၁) သံဇကာ (8’X6’) = ၁၂,၅၀၀ ကျပ်

၂) သစ် သစ် (4X2) = ၅,၄၄၀ ကျပ်

၃) သစ် (2X1/2) = ၁,၈၃၆ ကျပ်

၎) တာလဘတ် = ၂,၄၀၀ ကျပ်

စုစုပေါင်းတန်ဖိုး = ၂၂, ၁၇၆ ကျပ်

အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏ဘက်ဘက် ခြမ်းဖြစ်ပါသည်။ အလျား ၁၀ ပေ၊ အမြင့် ၅ ပေ ရှိပါသည်။

ထိုလစ်ဟာနေသော နေရာလေးအား သံဇကာဖြင့်ကာပြီး မိုးလုံအောင် တာလဘတ်ဖြင့် ကာပေးထားမည်ဖြစ်သည်။ ထိုနေရာလေး၏ ပြင်ဆင်စရိတ် ပျှမ်းမျှတန်ဖိုးမှာ ၂၂၁၇၆ ကျပ်ဖြစ်ပါသည်။

ဓမ္မာရုံ အရှေ့ပိုင်းပြင်ဆင်ရန်


လှူဒါန်းနိုင်သည့် ပစ္စည်းစာရင်း

၁) ပျဉ်ချပ် (6×1/2) = 153 ပေ

၂) ကျဉ်းဘောင် = ၁ ခု

ပစ္စည်းတန်ဖိုး

၁) ပျဉ်ချပ် (6×1/2) = ၃၅,၁၉၀ ကျပ်

၂) ကျဉ်းဘောင် = ၁၈,၅၀၀ ကျပ်

စုစုပေါင်းတန်ဖိုး = ၅၃,၆၉၀ ကျပ်

အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏အရှေ့ဘက် ညာဘက် ခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၁၈ ပေ ရှိပါသည်။ ထိုလစ်ဟာနေသော နေရာလေးအား အလျား ၉ ပေရှိ ပျဉ်ချပ် ၁၇ ချပ်ဖြင့်ကာပြီး အလင်းရောင် ရရှိအောင် ပြတင်းပေါက် ဖောက်ပေးထားမည်ဖြစ်သည်။ ထို့အတွက် ပျှမ်းမျှ ကုန်ကျစရိတ်မှာ ၅၃,၆၉၀ ကျပ်ဖြစ်ပါသည်။

ဓမ္မာရုံ အရှေ့ပိုင်း ညာဘက်နောက်ပိတ်အားပြင်ဆင်ရန်

လှူဒါန်းနိုင်သည့် ပစ္စည်းစာရင်း

၁) သံဇကာ = ၉ ပေ

၂) သစ် (4X2) = ၃၂.၆ ပေ

၃) သစ် (2X1/2) = ၆၂.၄ ပေ

၎) တာလဘတ် = ၃ ကိုက်

၅) အုတ် = ၂၈၀ လုံး

၆) ကျဉ်းဘောင် = ၂ ခု

ပစ္စည်းတန်ဖိုး

၁) သံဇကာ (8’X6’) = ၁၁,၂၅၀ ကျပ်

၂) သစ် သစ် (4X2) = ၁၃,၀၄၀ ကျပ်

၃) သစ် (2X1/2) = ၃,၇၄၄ ကျပ်

၎) တာလဘတ် = ၂,၄၀၀ ကျပ်

၅) အုတ် = ၁၆,၈၀၀ ကျပ်

၆) ကျဉ်းဘောင် = ၃,၇၀၀၀ ကျပ်

စုစုပေါင်းတန်ဖိုး = ၈၄,၂၃၄ ကျပ်

အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏အရှေ့ဘက် ညာဘက် ခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၆ ပေ ၂ ကန့် ရှိပါသည်။ ထိုနေရာလေးအား အုတ်အမြင့် ၄ ပေခန့် ထပ်တက်မည်ဖြစ်ပြီး။ တစ်ကန့်ကို အုတ် ၁၄၀ လုံး ခန့် ကုန်ကျမည်ဖြစ်သည်။ နောက် ၁ ကန့်ဆီတွင် အလင်းရောင်ကောင်းကောင်း ပြတင်းပေါက် ၁ ပေါက်စီ ဖောက်ထားမည်ဖြစ်ပြီး၊ အပေါ်က လွတ်နေသော ၂ ပေခန့်ကို သံဇကာဖြင့်ကာပြီး အပြင်ကနေ မိုးထပ်မံလုံအောင် တာလဘတ်ဖြင့် ကာထားပေးမည်ဖြစ်သည်။ ထို့အတွက် ၉ ပေကန့်တစ်ကန့်ကို ၄၂၁၁၇ ကျပ်ကုန်ကျ မည်ဖြစ်သည်။ ထို့ကြောင့် အလှူ့ရှင်များအနေဖြင့် တစ်ကန့်စီလှူဒါန်းချင်ပါကလည်း လှူဒါန်းနိုင်ပါသည်။

ဓမ္မာရုံ အရှေ့ပိုင်း ဘယ်ဘက်ဘေးပိတ် ၃ ကန့် အားပြင်ဆင်ရန်

လှူဒါန်းနိုင်သည့် ပစ္စည်းစာရင်း

၁) သစ် (4X2) = ၃၇ ပေ

၂) အုတ် = ၁၀၀ လုံး

၃) ကျဉ်းဘောင် = ၁ ခု

၎) ပျဉ်ချပ် (6×1/2) = ၅၁ ပေ

ပစ္စည်းတန်ဖိုး

၁) သစ် (4X2) = ၁၄,၈၀၀ ကျပ်

၂) အုတ် = ၆,၀၀၀ ကျပ်း

၃) ကျဉ်းဘောင် = ၁၈,၅၀၀ ကျပ်

၎) ပျဉ်ချပ် (6×1/2) = ၁၁,၇၃၀ ကျပ်

စုစုပေါင်းတန်ဖိုး = ၃ X ၅၁,၀၃၀ = ၁၅၃,၀၉၀ ကျပ်

အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏အရှေ့ဘက် ဘယ်ဘက်ပိတ်အခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၁၈ ပေ ၃ ကန့် ရှိပါသည်။ ထိုနေရာလေးအား အုတ်အမြင့် ၃ ပေ ခွဲခန့် ထပ်တက်မည်ဖြစ်ပြီး။ တစ်ကန့်ကို အုတ် ၁၀၀ လုံး ခန့် ကုန်ကျမည်ဖြစ်သည်။ နောက် ၁ ကန့်ဆီတွင် အလင်းရောင်ကောင်းကောင်း ပြတင်းပေါက် ၁ ပေါက်စီ ဖောက်ထားမည်ဖြစ်ပြီး ကျန်သည့်အပိုင်းကို အလျား ၉ ပေရှိပျဉ်ချပ် များဖြင့်ကာထားမည်ဖြစ်သည်။ ထို့အတွက် ၉ ပေကန့်တစ်ကန့်ကို ၅၁၀၃၀ ကျပ်ကုန်ကျ မည်ဖြစ်သည်။ ထို့ကြောင့် အလှူ့ရှင်များအနေဖြင့် တစ်ကန့်စီလှူဒါန်းချင်ပါကလည်း လှူဒါန်းနိုင်ပါသည်။


ဓမ္မာရုံအရှေ့ဘက် ညာဘက်အပိုင်း အပေါ်ပိုင်းပြင်ဆင်ရန်

အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏အရှေ့ဘက် ညာဘက်အပေါ်ပိတ်အခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၅ ပေ ၃ ကန့် ရှိပါသည်။ ထိုနေရာအား သံဇကာကာပြီး အပြင်ဘက်တွင် မိုးလုံအောင် တာလဘတ်များ ဖြင့်ကာထားပေးမည်ဖြစ်သည်။ ထို့အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ၅၃၁၅၀ကျပ် ဖြစ်ပြီး ၉ ပေကန့်တစ်ကန့်ကို ၁၇၇၁၆ ကျပ်ကုန်ကျ မည်ဖြစ်သည်။ ထို့ကြောင့် အလှူ့ရှင်များအနေဖြင့် တစ်ကန့်စီလှူဒါန်းချင်ပါကလည်း လှူဒါန်းနိုင်ပါသည်။

ဓမ္မာရုံပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် လိုအပ်သော ပစ္စည်းများနှင့် ပျှမ်းမျှ ကုန်ကျငွေစာရင်း

No Items Per Unit Price Quantity Total Amount
1 ပျဉ်ချပ် ( 6 X ½) 230 ks 306’ 70,380
2 ကျည်းဘောင် အသေး 18500 ks 6 111,000
3 အုတ် 55 ks 1300 71,500
4 ဘိလပ်မြေ 7000 ks 5 35,000
5 စာသင်ခုံ 25000 ks 5 125,000
6 သဲ 15000 ks 2 30,000
7 သစ် (4 X 2 ) 400 ks 207’ 82,800
8 သံ 1400 ks 3 4,200
9 သွပ်သံ 2300 ks 1 2,300
10 သံဇကာ (8’ x 6’) 10000 ks 23 230,000
11 တာလဘက် (3’ X 6’) 800 ks 58 yard 46,400
12 သစ် ( 2 X ½) 60 ks 447’ 26,820
BOOKSHELF FOR LIBRARY
1 သစ် (အလျား ၉ ပေ၊ အမြင့် ၇ ပေ) 35000 2 70,000
2 သုံးထပ်သား 6000 15 90,000
3 လက်ခ - - 20,000
SUNSHADE
1 သွပ် (၈ပေ ဆိုဒ်) 6000 15 90,000
2 သစ် (3 X 1) 160 ks 87’ 13,920
3 သစ် (3 X 2) 320 ks 26’ 8,320
4 လက်ခ - - 70,000
General Transportation Charges (Estimate) 100,000
TOTAL AMOUNT 1,297,640 KS

မေလအတွင်း ထိုကျောင်းလေးပြီးစီးသွားပြီး ကလေးတွေ စာကောင်းကောင်း သင်နိုင်အောင် အတူတူပူပေါင်း ဆောက်ရွက်ကြရန် ကျွန်တော်တို့ Mysuboo Fan Club + M51A Group တို့မှ ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်လိပ်စာ

Echo Internet Center
အမှတ်(၁၄၅)၊ ၄၈ လမ်း (အထက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုန်း: ၄၄၁၁၅၄၇၊ ၄၄၁၁၅၄၈

ဆက်သွယ်ရန် : ကိုသီလ၊ ကိုစိုင်းနောင်

ကိုထွန်း (ဖုန်း: ၀၉၈၆၄၀၂၀၆)

ကိုအောင်သင်း ( Ph: 0124430046 ) ( မလေးရှား)

ဖိုးဂျယ် – 095026506

Email : mysuboofanclub@gmail.com

mistake51area@gmail.com (Tin Htoon Lwin)

junesai21@gmail.com (Sai Naung)

kaunglayye@gmail.com ( Ko Aung Thin)

mr.thila@gmail.com (Ko Thila)

blesses.god@googlemail.com (Su Lei)

အပတ်စဉ်စနေနေ့တိုင်း ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် အတွင်းအင်္ဂါထောင့်ရှိ စေတနာရှင်အသင်းတွင် ညနေ ၅ နာရီခွဲမှ ၇ နာရီအတွင်းလာရောက် ပေးသွင်းနိုင်ပါသည်။

၁၅.၅.၂၁၀၁ ရက်နေ့ထိ လက်ခံရရှိငွေ အလှူရှင်စာရင်း

Donor List For 2nd Alaningni Donation (30.5.2010)
Date Name Cash (ks)
2010-05-01 Ko Han Tun Yin 5000
2010-05-08 Ko  Zin Ko Latt 5000
2010-05-08 Nang Su Su Kywe 10000
2010-05-10 Capt. Sei Thu Htun 100000
2010-05-11 Ma Khin Thuzar Soe 100000
2010-05-11 U Than Htay 1000
2010-05-11 Daw Sandar 1000
2010-05-11 San Win 3000
2010-05-11 Tun Tun Oo 10000
2010-05-11 Ko Win Ko 10000
2010-05-12 U Mya Sein 1000
2010-05-12 U Thein Zan + (Daw Win Thin) 75000
2010-05-12 In Loving Memory Of U Maung Maung Myint (Yadanar Myint Drug Store Meikhtilar Division) 50000
2010-05-12 31st July Born (PTT) 75000
2010-05-13 Anty Baby 5000
2010-05-13 Ko Win Khine + Ma Chaw Su 72000
2010-05-15 U Aung Ba + Daw Tin Tin Aye 5000
2010-05-15 Phyu Hnin Khine 2000
2010-05-15 Ma Thiri Han 3000
2010-05-15 Ma Thu Thu Shein 5000
2010-05-15 Ma Myat Aye Win 10000
2010-05-15 Ma Lwin Lwin Aung 10000
2010-05-15 Ko Hein Htet + Ma Mee Mee 5000
2010-05-15 Ko Aung Ko Latt 1000
2010-05-15 Ko Thant Zin Win 1000
2010-05-15 Ko Sai Kyaw Lu 1000
2010-05-15 Ma Moh Moh Myint Kyi 3000
2010-05-15 Ma Ei Ei Min Mon 3000
2010-05-15 Ma Su Myat Lwin 2000
2010-05-15 Ma Thu Zar Aung 2000
2010-05-15 Ma Myat Myat Moe 90000
2010-05-15 Ma Myat Myat Moe 10000
Total :
776000

IT Ebook

Posted by ဖိုးဂျယ် On April - 5 - 2010 2 COMMENTS Subscribe here

ကျွန်တော်တို့ M51A Media Group အဖွဲ့သားတွေ ကြိုးစားပမ်းစား စီစဉ်ထားတဲ့ ထူးထူးခြားခြား Online Magazine Issue (1) လာမယ့် ဧပရယ်လ် (၄) ရက်နေ့မှာ ထွက်ရှိပါပြီ်။ “Online Magazine Ebook ထွက်တာပဲ .. ….. ဘာများ ထူးဆန်းလို့လဲ”လို့ မေးလာရင် ဖြေပေးပါ့မယ်။ အပြင်စာပေလောကမှာ ထွက်ရှိနေတဲ့ မဂ္ဂဇင်းကြီးတွေနီးပါး ကဏ္ဍအစုံအလင် ပါရှိတယ်။ ITနည်းပညာပိုင်းကို စိတ်ဝင်စားတဲ့သူရော၊ ရသစာပေကို စိတ်ဝင်စားတဲ့သူရော စိတ်တိုင်းကျဖြစ်အောင် တင်ဆက်ထားပါတယ်။ “ဒါများ … ….. ဘာထူးခြား နေလို့လဲ” လို့ မပြောပါနဲ့ဦး။ ထူးခြားတာကို ဆက်ပြောပါ့မယ်။

ဒီ Online Magazine ကို မိတ်ဆွေက ဖတ်ချင်လွန်းလို့ Download လုပ်လိုက်ပြီ ဆိုပါစို့။ မိတ်ဆွေရဲ့ စက်မှာ

ဒီ Ebook ကိုဖတ်ရှုနိုင်မယ့် Adobe Reader (သို့မဟုတ်) Foxit Reader မရှိဘူးလို့ ဆိုပါစို့။ ဘာမှ စိတ်ပူစရာ မရှိပါဘူး။ကျွန်တော်တို့ Ebook ရဲ့ Autorun File ကိုဖွင့်လိုက်တာနဲ့ Adobe Reader ရဲ့ Latest Version ကိုပါ မိတ်ဆွေရဲ့ စက်ထဲမှာ Install လုပ်ပြီးသား ဖြစ်အောင် စီစဉ်ထားပါတယ်။ နောက်ပြီး Software Style
နဲ့ ပြုလုပ်ထားတဲ့ Ebook ဖြစ်လို့ မိတ်ဆွေ ကြိုက်နှစ်သက်ရာ ကဏ္ဍကို ရွေးချယ်ပြီး ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

“ဒါလောက်လေးကိုများ ထူးခြားတာလို့ ပြောချင်တာလား” ဆိုရင်လည်း ထပ်ပြောပြပါဦးမယ်။ ဒီ Ebook ကို ဖတ်ရှုနေရင်းနဲ့ သောတအာရုံလေးပါ ခံစားလို့ရနိုင်အောင် Media Player ထည့်သွင်းပေးထားပါတယ်။ Earphone နဲ့ နားလေးနဲ့ မိတ်ဆက်ပေးထားရုံနဲ့ ကျွန်တော်တို့ ထည့်သွင်းပေးထားတဲ့ သီချင်းခပ်လန်းလန်းတွေ နားဆင်လို့ ရနေမှာပါ။ ဒီလ Issue (1) မှာဆိုရင် သင်္ကြန်နီးပြီဆိုတော့ သင်္ကြန်ရင်ခုန်သံ သီချင်းလေးတွေ ထည့်ပေးထားမှာပေါ့ဗျာ။ ဒီလို သီချင်းတွေ ထည့်ပေးလိုက်တယ် ဆိုတာက ဒီလအတွက် အစမ်းသဘောမျိုး၊ အမြည်းသဘောမျိုး ထည့်သွင်းပေးတာပါ။ နောက်လတွေကျရင် သီချင်းတွေနေရာမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ အသံဖိုင်တွေ အမြဲတမ်း တင်ပေးသွားမှာ ဖြစ်ပါတယ်။

ကဲ .. …. ဒီတော့ Midea Art Wave Online Magazine Issue (1) ကို ဖတ်ရှုအားပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။ ဒီ Ebook ကို Download ရယူနိုင်မယ့် နေရာများကတော့ ကျွန်တော့်ဘလော့ဂ်ဖြစ်တဲ့ http://thurathawah.myanmarbloggers.info ရယ်၊ နည်းပညာဆိုက်ဖြစ်တဲ့ www.m51a.com ရယ်မှာ အပြေးအလွှား Download လုပ်လို့ ရနိုင်မှာဖြစ်တဲ့အကြောင်း Online နိဗ္ဗာန်ဆော်လုပ်လိုက်ရကြောင်းပါ ခင်ဗျာ။

Dowaload Mediafire

သူရဿဝါ

ဧပရယ်လ် ၁ ရက် ၊ ၂၀၁၀ ခုနှစ်

မင်္ဂလာပရဟိတ ဂေဟာ သို့…

Posted by ဖိုးဂျယ် On March - 26 - 2010 2 COMMENTS Subscribe here
ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး ပထမဆုံးအကြိမ် ( ၁၂ ၊၂၊၁၀ ) ပြည်ထောင်စုနေ့မှာ သံလျင်မြို့မှာရှိတဲ့ Child Care Mission ဆိုတဲ့ မိဘမဲ့ကျောင်းကို စုပေါင်းသွားရောက်ပြီး ဆန် ၊ ဆီ နဲ့ Stationary များလှုဒါန်းခဲ့ပါတယ်။
ဒုတိယ အကြိမ် အဖြစ် လှည်းကူးမြို့နယ်၊ အင်းတကော် ကျေးရွာရှိ အောင်သိဒ္ဓ ဘုန်းတော်ကြီး ပညာသင်ကျောင်းသို့ My suboo fun clubဖြင့် သွားရောက် လှုဒါန်းခဲ့ပါသည်။
အခုတစ်ခေါက်လဲ ကျွန်တော်တို့သူငယ်ချင်း တွေနောက်တစ်ခေါက် သွားကြဖို့စီစဉ်ထားပါတယ်။ ဒီတစ်ခါ သွားမယ့်နေရာက တွံတေး မြို့နယ် ၊ ဘုရားကြီးကျေးရွာ မှာ ရှိတဲ့ ” မင်္ဂလာ မိဘမဲ့ ပရဟိတ ” ဂေဟာပါ။
ဧပရယ် လ ၁ ရက်နေ့မှာ သွားရောက်လှုဒါန်းဖို့ စီစဉ်ထားပါတယ်။ အတူတူ လိုက်ပါ လှုဒါန်းမယ့် သူငယ်ချင်းတွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။
ဆက်သွယ် လှုဒါန်းရန်
ဖိုးဂျယ်
095026506
မင်္ဂလာ ပရဟိတ ဂေဟာ

Welcome to BarCamp Yangon!!

Posted by ဖိုးဂျယ် On January - 3 - 2010 1 COMMENT Subscribe here

Barcamp ဆိုတာဘာလည်း?
သမရိုးကျဆွေးနွေးပွဲပုံစံတွေက နေခွဲထုတ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဘယ်သူမဆို ပါဝင်ဆင်နွှဲနိုင်တဲ့ နည်းပညာ
ဖလှယ်ပွဲတစ်ခု ဖြစ်ပါတယ်။ Web 2.0 ခေတ်မှာ လူတွေ လက်ခံလာတဲ့
ပူးပေါင်းလုပ်ဆောင်ခြင်း Collaboration and Knowledge Sharing ဆိုတာကို
အခြေခံပြီး လူတစ်ယောက်နဲ့ တစ်ယောက်ကြား၊ ပညာရှင် ဟုတ်သူနဲ့
မဟုတ်သူတွေကြား အသိပညာ ကွာခြားချက်ကို ကျဉ်းမြောင်းလာအောင်
လုပ်ဆောင်ကြတဲ့ Community Activity တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းက
ပြောဆိုနေတာကို ကျန်တဲ့သူတွေက နားထောင်နေရတာမျိုးမဟုတ်ဘဲ ကိုယ်သိတဲ့
ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေကို ကိုယ့်အနေနဲ့လည်း
ဖွင့်ဟပြောဆိုနိုင်တာမို့ လူအများကြီးနဲ့ထိတွေ့ဆက်ဆံနိုင်ခွင့်ကိုလည်း
ရရှိစေမှာပါ။
ဘယ်သူတွေလာကြမလည်း၊ ပါကြမလည်း?

မြန်မာပြည်မှာရှိတဲ့ နည်းပညာကျွမ်းကျင်သူတွေ ၊ ဝါသနာရှင်တွေ အားလုံးစုကြမှာဆိုတော့ သင်လည်းပဲ လက်လွတ်မခံသင့်ပါဘူး။

ဘယ်တော့လည်း ဘယ်မှာလည်း ?

MICT Park ၂၃ နဲ့ ၂၄ ဇန်နဝါရီ ၂၀၁၀

အချိန်- နံနက် ၉ နာရီ မှ ညနေ ၅ နာရီ

ဘယ်မှာစာရင်းပေးရမလည်း?

ဒီနေရာမှာ စာရင်းပေးဖို့လိုပါတယ်။ လာတဲ့သူတွေကို နည်းပညာနဲ့ပတ်သတ်တဲ့ လက်ဆောင်လေးတွေ ဝေဦးမှာဆိုတော့ စာရင်းပေးဖို့မမေ့နဲ့နော်။ စာရင်းပေးဖို့

Barcamp ကိုဘာတွေယူလာရမလည်း?
ကိုယ်ကိုယ်တိုင်လည်း နည်းပညာအသစ်တွေ ကိုယ့်ရဲ့ပစ္စည်းအသစ်တွေကို ဝင်ရောက် မျှဝေနိုင်မှာမို့ ယူလာကြဖို့မမေ့နဲ့နော်။ ပြီးတော့ မြန်မာပြည်မှာ မကြုံဖူးတဲ့ Internet Connection ပေးထားမှာဆိုတော့ ကိုယ့်မှာရှိတဲ့ wireless device တွေအကုန်ယူလာလို့ရပါမယ်။ Power အတွက်စိတ်ချရအောင် power plug လေးတွေလည်း သယ်လာနိုင်ပါတယ်။

http://www.barcampyangon.org က ကူးယူဖေါ်ပြသည်။

မြန်မာဖောင့် U 5.1 ဖြင့် domain mane ရယူနိုင်သည်ဟု ဂျာနယ်တခုမှ ဖော်ပြထားသည်။ မြန်မာ နာမည်ဖြင့် Domain Name ကို ယူနီ 5.1 ဖြင့်မှ အဆင်ပြေကြောင်း သိရှိရသည်။ www.ဧရာ.com နှင့် www.အ.com စသည့် နာမည်များဖြင့် စတင် အသုံးပြုနေပြီဖြစ်သည်။