ကျွန်တော့်ဘဝ၏ စာသင်ခန်းများသည် A မဟုတ်ခဲ့ချေ။ ကျွန်တော့တွင် Bipolar disorder (ဒွိပိုစွန်းရောဂါ ခေါ် စိတ် ကျတလှည့် တက်တလှည့် ရောဂါ) ရှိသည်။ ကျောင်း မုန့်စား ဆင်းချိန်တွင် ဖြူဖြူကျော်သိန်း ကြော်ငြာသော C+Plus သောက်လေ့သောက်ထ မရှိ။ ကျွန်တော်သည် ဘယ်သောအခါမှ ( Dream ) အိမ်မက် မမက်ချေ။ အိမ်မက် မက်ခြင်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်ဟု သိပံ္ပ ပညာရှင်များက သတ်မှတ်သည်။ Ear နား ရှိသောကြောင့် သီချင်း နားထောင်သည်။ အဆူခံ ရသည်။ ဖုန်းနားထောင် ၍ ရသည်။ ခြင်အော်သံ တဝီဝီကိုလဲ ကြားရသည်။ Fail . . . . Try again later ! ! ! Gun တလက် ရှိသည်။ ခက်သည်က ရေထည့် ပစ်ရခြင်း ဖြစ်သည်။ ကျွန်တော်သည် (High) အမြင့်ကြောက် ရောဂါ ရှိသည်။ ထိုကြောင့် ပိုက်ဆံ မရှာခြင်း ဖြစ်သည်။ ကျွန်တော်သည် မကြာခဏဆိုသလို (Ill) နေမကောင်း ဖြစ်တတ်သည်။ (Jealous) မနာလို ဝန်တိုခြင်းသည် ကောင်းမွန်သော အရာဖြစ်၏။ ဥပမာ – သင့်ချစ်သူမှ ဝန်တိုခြင်း၊ ချွန်ထက်သော (Knife) ဓါးတစ်လက်ကို (Life) ဘဝတွင် တခါတရံ ကိုယ့်ကိုကိုယ် ထိုးစိုက်ရန် ဆောင်ထားသင့်သည်။ ကျွန်တော်သည် (Moon) လ မဖြစ်ချင် အနည်ငယ် လင်းလက်သော ကြယ်မျှသာ . . . (Nothing) ဘာမှ မရှိပါဘူးဟု ပြောရလောက်အောင် ဘာမှ မရှိပေ။ ကျွန်တော်သည် မီးခလုတ် တခုဖြစ်ပါက ကိုယ့်ကိုကိုယ် (Off) ပိတ်ထားမည်သာ ဖြစ်သည်။ ကျွန်တော်သည် (Psychologist) စိတ်ပညာရှင်တစ်ယောက် ဖြစ်သောကြောင့် နှုတ်လုံသည်။ သေချာသည်ကတော့ (Queen) ဘုရင်မလို မိန်းမလို မလိုချင်ပေ။ ကျွန်တော်သည် (Reader) စာဖတ်သူ အဆင့်မျှသာ ဖြစ်ပြီး စာကျက်သမားတစ်ယောက် မဟုတ်ချေ။ ဖတ်ပြီးသော ကဗျာ၊ ဝတ္ထုများအား များသောအာဖြင့် မမှတ်မိသောကြောင့် ဖြစ်သည်။ (Stream) စမ်းချောင်းဟု ခေါ်သော ပန်းချီဆရာတစ်ယောက်ရှိသည်။ သူသည် အက်ဆေးများကို ရေးသားသည်။ (Thank) ကျေးဇူးတင်သင့်သော သူများကို ကျေးဇူးတင်သည်။ (Unconscious) မသိစိတ်မှ လှုံ့ဆော်သောအခါ သိစိတ်မှ လှုပ်ရှား၏။ သိစိတ်မှ လှုပ်ရှားသောအခါ မသိစိတ်မှ ထိမ်းချုပ်၏။ သုညသည် ဘာမှ မရှိဘူးဆိုတာကို ပြသသော (Value) တန်ဖိုးရှိသည်။ လူများသည် ခြေထောက် နှစ်ချောင်းဖြင့် (Walk) လမ်းလျှေက်သွား ရမှာ အပျင်းကြီး၍ ကားကို တီထွင်ကြသည်။ သေချာသည်ကတော့ (Xylophone) သစ်သား ပတ္တာလားကို တခါလား နှစ်ခါလား မြင်ဖူးသည်။ You သင် ကောင်းလျှင် ကျွန်ုပ် ဆိုးမည်။ မေတ္တာဆိုသော အရာအား Zoom ဆွဲကြည့်ချင်မိသည်။
ရင်ညို တဂ်ထားသော တဂ် A to Z လေးပါ။






