



စာရေးဖို့ အာရုံ လုံးဝ မလာတဲ့အတွက် လာလည်တဲ့ ကိုကို မမ ညီမတွေကို ကျေးဇူးပါ
း)
ခင်မင်လျှက်
ဖိုးဂျယ်




စာရေးဖို့ အာရုံ လုံးဝ မလာတဲ့အတွက် လာလည်တဲ့ ကိုကို မမ ညီမတွေကို ကျေးဇူးပါ
း)
ခင်မင်လျှက်
ဖိုးဂျယ်

ခရီး ဝေး . . . .

Lonely

တိမ်တိုက်

အားပါးတရ

Depression



စိတ်တိုဒယ်နော် ဟွန့်

VCD Cover
ဒုတိယအကြိမ်မြောက် အလိုင်နီသို့ ဓမ္မာရုံပြန်လည်ပြုပြင်တည်ဆောက်နိုင်ရန် အစီအစဉ်
မင်္ဂလာပါခင်ဗျာ …
ကျွန်တော်တို့ Mysuboo Fan Club + M51A Group အနေဖြင့် အလိုင်နီဆည်ရှိ အောင်သိန္ဓိဘုန်းတော်ကြီးသင်ပညာရေး ကျောင်းရှိ ကျောင်းသား/သူများ စာသင်နေသည့်ဓမ္မာရုံအား မေလအတွင်း ပြန်လည်မွန်းမံ တည်ဆောက်ပေးရန် ရည်၇ွယ်ထားပါသည်။
ဓမ္မာရုံလေးကို ၂၉.၅.၂၀၁၀ တွင်အပြီးပြန်လည်ဆောက်လုပ်ပြီး ၃၀.၅.၂၀၁၀ တွင်ပါဝင်လှူဒါန်းသူများ နှင့်အတူ Mysuboo Fan Club + M51A Group မှ memberများနှင့် သူငယ်ချင်းများ အတူသွားရောက် ရေစက်ချမည်ဖြစ်ကြောင်းကို ကြိုတင် အကြောင်းကြားအပ်ပါသည်။
သို့ပါ၍မိတ်ဆွေများနှင့် သူငယ်ချင်းများအနေဖြင့် တတ်နိုင်သလောက် စာသင်နေသည့်ဓမ္မာရုံလေးအား မိုးရာသီမရောက်ခင် အမြန်ပြီးစီးအောင် ၀ိုင်းဝန်း၍တတ်အားသလောက်အလှူငွေ ပါဝင်ကူညီထည့်ဝင်ပေးကြပါရန် ဖိတ်မန္တက ပြုအပ်ပါသည်။ ဓမ္မာရုံပြန်လည် ပြုပြင် ဆောက်လုပ်ရန်အတွက် အသေးစိတ် ကုန်ကျစရိတ်ကို အောက်တွင်ဖော်ပြပေးထားပါသည်။
အပေါ်တွင်ပြထားသော ပုံသည်ဓမ္မာရုံ၏ ဘယ်ဘက်ခြမ်းဖြစ်ပါသည်။ ပုံတွင်ပြထားသော KBZ Bank Calendar များကပ်ထားသော ဓမ္မာရုံညာဘက်အခြမ်း (အလျား ၃၆ ပေ ၂ လက်မ ၊ အနံ ၆ ပေ) ကို သံဇကာကွက်များဖြင့် ကာပြီး မိုးလုံအောင် အပြင်ဘက်နေ တာလဘတ်အကြည်များဖြင့် ကာထားမည်ဖြစ်ပါသည်။
မျက်နှာစာ ၃ နေရာ အား သံဇကာတပ်ရန်
အပေါ်တွင် ပြထားသော ပုံသည် ဓမ္မာရုံ အရှေ့ ဘက်ဘက်မျက်နှာစာ ဖြစ်ပါသည်။ ဓမ္မာရုံ၏ ညာဘက်တွင် လည်း ထိုသို့သော မျက်နှာစာ ၂ ခုရှိသည်။ ထိုကြောင့် ထိုမျက်နှာစာ သုံးခု၏ တစ်ခုစီကို (အလျား ၁၀ ပေ ၊ အမြင့် ၆ ပေ) သံဇကာကွက်များဖြင့် ကာပြီး မိုးလုံအောင် အပြင်ဘက်နေ တာလဘတ်အကြည်များဖြင့် ကာထားမည်ဖြစ်ပါသည်။ ထိုနေရာ ၁ နေရာအတွက် ပြင်ဆင်စရိတ်ပျှမ်းမျှ တန်ဖိုးမှာ ၁၇၇၄၀ ကျပ်ဖြစ်ပါသည်။
ဓမ္မာရုံညာဘက်ဘေး ၉’ အကျယ် ၆ ကန့်အား ကာရန်
အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏ညာဘက်ခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၇ ပေ ၆ ကန့်ရှိပါသည်။ တစ်ကန့်ခြင်းစီတွင် အုတ် ၄ ပေခန့်ကာပြီး အပေါ်ပိုင်း ၃ ပေ ကို သံဇကာဖြင့် ကာထားပေးမည် ဖြစ်သည်။ တစ်ကန့်ခြင်းစီ၏ ကုန်ကျစရိတ် တန်ဖိုးမှာ ၂၁၇၂၆ ကျပ်ဖြစ်၍ အလှူ့ရှင်များ အနေဖြင့် တစ်ကန့်ခြင်းစီကိုလည်း ခွဲ၍လှူဒါန်းနိုင်ပါသည်။
ဓမ္မာရုံ ဘယ်ဘက် နောက်ပိတ်အား ကာရန်
|
အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏ဘက်ဘက် ခြမ်းဖြစ်ပါသည်။ အလျား ၁၀ ပေ၊ အမြင့် ၅ ပေ ရှိပါသည်။
ထိုလစ်ဟာနေသော နေရာလေးအား သံဇကာဖြင့်ကာပြီး မိုးလုံအောင် တာလဘတ်ဖြင့် ကာပေးထားမည်ဖြစ်သည်။ ထိုနေရာလေး၏ ပြင်ဆင်စရိတ် ပျှမ်းမျှတန်ဖိုးမှာ ၂၂၁၇၆ ကျပ်ဖြစ်ပါသည်။
ဓမ္မာရုံ အရှေ့ပိုင်းပြင်ဆင်ရန်
|
အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏အရှေ့ဘက် ညာဘက် ခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၁၈ ပေ ရှိပါသည်။ ထိုလစ်ဟာနေသော နေရာလေးအား အလျား ၉ ပေရှိ ပျဉ်ချပ် ၁၇ ချပ်ဖြင့်ကာပြီး အလင်းရောင် ရရှိအောင် ပြတင်းပေါက် ဖောက်ပေးထားမည်ဖြစ်သည်။ ထို့အတွက် ပျှမ်းမျှ ကုန်ကျစရိတ်မှာ ၅၃,၆၉၀ ကျပ်ဖြစ်ပါသည်။
ဓမ္မာရုံ အရှေ့ပိုင်း ညာဘက်နောက်ပိတ်အားပြင်ဆင်ရန်
|
အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏အရှေ့ဘက် ညာဘက် ခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၆ ပေ ၂ ကန့် ရှိပါသည်။ ထိုနေရာလေးအား အုတ်အမြင့် ၄ ပေခန့် ထပ်တက်မည်ဖြစ်ပြီး။ တစ်ကန့်ကို အုတ် ၁၄၀ လုံး ခန့် ကုန်ကျမည်ဖြစ်သည်။ နောက် ၁ ကန့်ဆီတွင် အလင်းရောင်ကောင်းကောင်း ပြတင်းပေါက် ၁ ပေါက်စီ ဖောက်ထားမည်ဖြစ်ပြီး၊ အပေါ်က လွတ်နေသော ၂ ပေခန့်ကို သံဇကာဖြင့်ကာပြီး အပြင်ကနေ မိုးထပ်မံလုံအောင် တာလဘတ်ဖြင့် ကာထားပေးမည်ဖြစ်သည်။ ထို့အတွက် ၉ ပေကန့်တစ်ကန့်ကို ၄၂၁၁၇ ကျပ်ကုန်ကျ မည်ဖြစ်သည်။ ထို့ကြောင့် အလှူ့ရှင်များအနေဖြင့် တစ်ကန့်စီလှူဒါန်းချင်ပါကလည်း လှူဒါန်းနိုင်ပါသည်။
ဓမ္မာရုံ အရှေ့ပိုင်း ဘယ်ဘက်ဘေးပိတ် ၃ ကန့် အားပြင်ဆင်ရန်
|
အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏အရှေ့ဘက် ဘယ်ဘက်ပိတ်အခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၁၈ ပေ ၃ ကန့် ရှိပါသည်။ ထိုနေရာလေးအား အုတ်အမြင့် ၃ ပေ ခွဲခန့် ထပ်တက်မည်ဖြစ်ပြီး။ တစ်ကန့်ကို အုတ် ၁၀၀ လုံး ခန့် ကုန်ကျမည်ဖြစ်သည်။ နောက် ၁ ကန့်ဆီတွင် အလင်းရောင်ကောင်းကောင်း ပြတင်းပေါက် ၁ ပေါက်စီ ဖောက်ထားမည်ဖြစ်ပြီး ကျန်သည့်အပိုင်းကို အလျား ၉ ပေရှိပျဉ်ချပ် များဖြင့်ကာထားမည်ဖြစ်သည်။ ထို့အတွက် ၉ ပေကန့်တစ်ကန့်ကို ၅၁၀၃၀ ကျပ်ကုန်ကျ မည်ဖြစ်သည်။ ထို့ကြောင့် အလှူ့ရှင်များအနေဖြင့် တစ်ကန့်စီလှူဒါန်းချင်ပါကလည်း လှူဒါန်းနိုင်ပါသည်။
ဓမ္မာရုံအရှေ့ဘက် ညာဘက်အပိုင်း အပေါ်ပိုင်းပြင်ဆင်ရန်
အပေါ်ပုံတွင်ပြထားသော ပုံသည် ဓမ္မာရုံ၏အရှေ့ဘက် ညာဘက်အပေါ်ပိတ်အခြမ်းဖြစ်ပါသည်။ အလျား ၉ ပေ၊ အမြင့် ၅ ပေ ၃ ကန့် ရှိပါသည်။ ထိုနေရာအား သံဇကာကာပြီး အပြင်ဘက်တွင် မိုးလုံအောင် တာလဘတ်များ ဖြင့်ကာထားပေးမည်ဖြစ်သည်။ ထို့အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ၅၃၁၅၀ကျပ် ဖြစ်ပြီး ၉ ပေကန့်တစ်ကန့်ကို ၁၇၇၁၆ ကျပ်ကုန်ကျ မည်ဖြစ်သည်။ ထို့ကြောင့် အလှူ့ရှင်များအနေဖြင့် တစ်ကန့်စီလှူဒါန်းချင်ပါကလည်း လှူဒါန်းနိုင်ပါသည်။
ဓမ္မာရုံပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် လိုအပ်သော ပစ္စည်းများနှင့် ပျှမ်းမျှ ကုန်ကျငွေစာရင်း
| No | Items | Per Unit Price | Quantity | Total Amount |
| 1 | ပျဉ်ချပ် ( 6 X ½) | 230 ks | 306’ | 70,380 |
| 2 | ကျည်းဘောင် အသေး | 18500 ks | 6 | 111,000 |
| 3 | အုတ် | 55 ks | 1300 | 71,500 |
| 4 | ဘိလပ်မြေ | 7000 ks | 5 | 35,000 |
| 5 | စာသင်ခုံ | 25000 ks | 5 | 125,000 |
| 6 | သဲ | 15000 ks | 2 | 30,000 |
| 7 | သစ် (4 X 2 ) | 400 ks | 207’ | 82,800 |
| 8 | သံ | 1400 ks | 3 | 4,200 |
| 9 | သွပ်သံ | 2300 ks | 1 | 2,300 |
| 10 | သံဇကာ (8’ x 6’) | 10000 ks | 23 | 230,000 |
| 11 | တာလဘက် (3’ X 6’) | 800 ks | 58 yard | 46,400 |
| 12 | သစ် ( 2 X ½) | 60 ks | 447’ | 26,820 |
| BOOKSHELF FOR LIBRARY | ||||
| 1 | သစ် (အလျား ၉ ပေ၊ အမြင့် ၇ ပေ) | 35000 | 2 | 70,000 |
| 2 | သုံးထပ်သား | 6000 | 15 | 90,000 |
| 3 | လက်ခ | - | - | 20,000 |
| SUNSHADE | ||||
| 1 | သွပ် (၈ပေ ဆိုဒ်) | 6000 | 15 | 90,000 |
| 2 | သစ် (3 X 1) | 160 ks | 87’ | 13,920 |
| 3 | သစ် (3 X 2) | 320 ks | 26’ | 8,320 |
| 4 | လက်ခ | - | - | 70,000 |
| General Transportation Charges (Estimate) | 100,000 | |||
| TOTAL AMOUNT | 1,297,640 KS | |||
မေလအတွင်း ထိုကျောင်းလေးပြီးစီးသွားပြီး ကလေးတွေ စာကောင်းကောင်း သင်နိုင်အောင် အတူတူပူပေါင်း ဆောက်ရွက်ကြရန် ကျွန်တော်တို့ Mysuboo Fan Club + M51A Group တို့မှ ဖိတ်ခေါ်အပ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်လိပ်စာ
Echo Internet Center
အမှတ်(၁၄၅)၊ ၄၈ လမ်း (အထက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ဖုန်း: ၄၄၁၁၅၄၇၊ ၄၄၁၁၅၄၈
ဆက်သွယ်ရန် : ကိုသီလ၊ ကိုစိုင်းနောင်
ကိုထွန်း (ဖုန်း: ၀၉၈၆၄၀၂၀၆)
ကိုအောင်သင်း ( Ph: 0124430046 ) ( မလေးရှား)
Email : mysuboofanclub@gmail.com
mistake51area@gmail.com (Tin Htoon Lwin)
junesai21@gmail.com (Sai Naung)
kaunglayye@gmail.com ( Ko Aung Thin)
mr.thila@gmail.com (Ko Thila)
blesses.god@googlemail.com (Su Lei)
အပတ်စဉ်စနေနေ့တိုင်း ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် အတွင်းအင်္ဂါထောင့်ရှိ စေတနာရှင်အသင်းတွင် ညနေ ၅ နာရီခွဲမှ ၇ နာရီအတွင်းလာရောက် ပေးသွင်းနိုင်ပါသည်။
| Donor List For 2nd Alaningni Donation (30.5.2010) | |||
| Date | Name | Cash (ks) | |
|---|---|---|---|
| 2010-05-01 | Ko Han Tun Yin | 5000 | |
| 2010-05-08 | Ko Zin Ko Latt | 5000 | |
| 2010-05-08 | Nang Su Su Kywe | 10000 | |
| 2010-05-10 | Capt. Sei Thu Htun | 100000 | |
| 2010-05-11 | Ma Khin Thuzar Soe | 100000 | |
| 2010-05-11 | U Than Htay | 1000 | |
| 2010-05-11 | Daw Sandar | 1000 | |
| 2010-05-11 | San Win | 3000 | |
| 2010-05-11 | Tun Tun Oo | 10000 | |
| 2010-05-11 | Ko Win Ko | 10000 | |
| 2010-05-12 | U Mya Sein | 1000 | |
| 2010-05-12 | U Thein Zan + (Daw Win Thin) | 75000 | |
| 2010-05-12 | In Loving Memory Of U Maung Maung Myint (Yadanar Myint Drug Store Meikhtilar Division) | 50000 | |
| 2010-05-12 | 31st July Born (PTT) | 75000 | |
| 2010-05-13 | Anty Baby | 5000 | |
| 2010-05-13 | Ko Win Khine + Ma Chaw Su | 72000 | |
| 2010-05-15 | U Aung Ba + Daw Tin Tin Aye | 5000 | |
| 2010-05-15 | Phyu Hnin Khine | 2000 | |
| 2010-05-15 | Ma Thiri Han | 3000 | |
| 2010-05-15 | Ma Thu Thu Shein | 5000 | |
| 2010-05-15 | Ma Myat Aye Win | 10000 | |
| 2010-05-15 | Ma Lwin Lwin Aung | 10000 | |
| 2010-05-15 | Ko Hein Htet + Ma Mee Mee | 5000 | |
| 2010-05-15 | Ko Aung Ko Latt | 1000 | |
| 2010-05-15 | Ko Thant Zin Win | 1000 | |
| 2010-05-15 | Ko Sai Kyaw Lu | 1000 | |
| 2010-05-15 | Ma Moh Moh Myint Kyi | 3000 | |
| 2010-05-15 | Ma Ei Ei Min Mon | 3000 | |
| 2010-05-15 | Ma Su Myat Lwin | 2000 | |
| 2010-05-15 | Ma Thu Zar Aung | 2000 | |
| 2010-05-15 | Ma Myat Myat Moe | 90000 | |
| 2010-05-15 | Ma Myat Myat Moe | 10000 | |
| Total : |
776000
|
||

နွေကို ဘုရား ရိပ်မှာ အံ့တု

နွေရာသီရဲ့ စိမ်းစိမ်း စိုစို

ငုဝါက ဒုတိယ ဘုရင်မ


မှတ်ချက် - ပုံတွေထဲမှာ နာမည် ထည့်ထားရတာ စိတ်တော့ မကောင်းပါ။ ကြွားဝါခြင်း မဟုတ်ပါ။ အွန်လိုင်း ကော်ပီသမားတွေကို ကာကွယ်ထားခြင်းသာ ဖြစ်ပါတယ်။