poemtopia

poem is mylife

Archive for the ‘၀တ္ထုတို’ Category

ချစ်သူများနေ့(1)

နေ့လည် ၁း၁၀ ခန့်

Taxi ငှားပြီး အိမ်ပြန်ရောက်တော့

သားငယ် ဒီမှာ ဖုန်းလာသွားတယ်

ဟုတ် အဖေ ဘယ်သူဆီကလဲ

မင်းကောင်မလေးပေါ့ မင်းကို မေးလို့ လက်ဖက်ရည်ဆိုင် ခဏသွားတယ်လို့ ပြောလိုက်တယ်

ဟုတ် အဖေ

စိတ်ကို မနည်းထိမ်းပြီး

ကလင် ကလင် ဟလို ငယ်လေးလား အော် ကို လက်ဖက်ရည်ဆိုင် ခဏသွားတာ ပြန်ရောက်ပြီလား အေးအေး ခဏ အိပ်ဦးမယ် ဟုတ်လား အင်း အင်း နားလေ ကိုလဲ Game ဆော့လိုက်ဦးမယ် ဘိုင့်


15/02/2006 နေ့လည် ၃ နာရီခန့်ငယ်လေး အိမ်မှာ


” ကိုကိုရေ ကြီးကြီးက ဖိနပ်ဝယ်မလို့တဲ့ အဲ့တာ ဒဂုံစင်တာ သွားမလို့ လိုက်ခဲ့”

ဆိုဖာပေါ်ကနေ လှဲနေရင်း

အာ မလိုက်ချင်ဘူး အိပ်ချင်နေလို့ နေခဲ့မယ် ခဏပဲ မဟုတ်လား ငယ်လေး ကို မလိုက်ချင်ဘူး

ဒါဆိုလဲ ပြီးရော

၃း၃၀ ခန့်

ဒါနဲ့ အ၀တ်လှမ်းထားတဲ့ နေရာကို ကြည့်တော့ မနေ့က သူဝတ်ထားတဲ့ Esprit ပန်းရောင်လေးကို တွေ့ရော အဲ့ အကျီ င်္က သူ့အတွက် Singpore က အကို ဆီကနေ လှမ်းမှာပေးထားတာ မရီးနဲ့ သူ့ဖို့ ဆင်တူ နှစ်ထည်ဝယ်ပေးလိုက်တာ ဒါနဲ့ အဲ့တာကို ယူလိုက်ပြီး လွယ်အိတ်ထဲ ကောက်ထည့်လိုက်တယ်။ ပြီးတာနဲ့

အမေရေ (မွေးစားအမေပေါ့) အမေ သား ပြန်ပြီ

ပြန်ပြီလား သမီးကို မစောင့်တော့ဘူး တော်ကြာ သား ညီမက သိတဲ့အတိုင်း အိမ်မှာ တကျီကျီ ဖြစ်နေဦးမယ်

ပြန်လာရင် ဖုန်းခေါ် ခိုင်းအမေရာ အိမ်က ခုဏက ဖုန်းခေါ်တယ် ဘယ်ရောက်နေလဲ ပြန်လာခဲ့တော့ ပြောနေပြီ အမေရ

အေးအေး ဒါဆိုလဲ သမီးပြန်လာရင် ဖုန်းခေါ်ခိုင်းလိုက်မယ် ကားစီးတာ ဂရုစိုက်ဦး ကြားလား ပြီးရင် စနေနေ့ လာခဲ့ဦး သား ပါးပါးက မေးနေပြီ မတွေ့တာ ကြာလို့တဲ့ ” ဒါနဲ့ အမေ့ကို သွားနမ်းပြီး

ဟုတ် မေမေ သား ပြန်ပြီ

ညနေ ၅ နာရီခန့် ကားပေါ်မှာ

ကလင် ကလင် ” ” ကို ဘယ်ရောက်နေလဲ

ကားပေါ်မှာလေ အခုမှ ပြန်ရောက်တာလား

အင်း ဘာလို့ ငယ်လေးကို မစောင့်ပဲ ပြန်သွားတာလဲ

အော် အမေက သိတဲ့အတိုင်း ဖုန်းခေါ်နေပြီလေ

အင်း ကို့အမေကလေ ငယ်လေးနဲ့က ဘယ်တော့မှ တည့်မလဲ မသိဘူး

ကဲပါ ငယ်လေးလဲ နားဦးလေ ဘိုင့်

ည ၈နာရီခန့် အိမ်ရှေ့က လမ်းပေါ်မှာ

ဟလို ငယ်လေးလား ကိုပါ အော် အေးအေး အမေကို ခဏခေါ်ပေး ဟင့်မနေနဲ့ အမေကို ခဏ စကားပြောမလို့ အမေ ထမင်းစားပြီးပြီလား

အေး သား ဘာလဲပြော

ဘာမှ မဟုတ်ပါဘူး ဒီလိုပါပဲ

အေးအေး မင့် ညီမက ဘေးကနေ မျက်နှာ စူပုတ်နေပြီ စမနေနဲ့တော့

ဟုတ် အမေ

ကို ပြော

အော် အေး ငါ နေ့လည်က မင်း မနေ့က ၀တ်တဲ့ အကျီ င်္ ယူလာတယ် ဒါပဲ

ကိုယ်တွေးထားသလို ဖြစ်လာလို့လားတော့ မသိဘူး။ ကျတော် တော်တာတော့ မဟုတ်ပေမဲ့ သူ ဘာဝတ်လာမလဲ?? ဘယ်ရုပ်ရှင်ရုံမှာ??? ဘယ်အချိန်ကြည့်မလဲ??? ဘယ်သူနဲ့လဲ???

12/02/2006 နေ့လည် ၂နာရီခန့် Game ဆိုင်မှာ

” ကလင် ကလင် ဟလို ငယ်လေးပြောလေ အင်း ဟုတ်ပြီ ကို လာခဲ့မယ် ဘယ်နှစ်နာရီ မနက်ဖြန် ၁၂ နာရီ အိုကေ ဟုတ်ပြီ ကို စောင့်နေမယ် “

13/02/2006 နေ့လည် ၁၂ နာရီခန့် မြေနီဂုံး ဒဂုံစင်တာ

ကလင် ကလင် ငယ်လေးပြော ဟုတ်ပြီလေ ကို ရောက်နေပြီ။ သိပ်တော့ မကြာသေးပါဘူး။ CafeAmoraလေ အင်း ဟုတ်ပြီ လာခဲ့တော့
ဖုန်းချပြီးတာနဲ့ စားပွဲခုံပေါ်မှာ လက်စွပ်ထည့်ထားတဲ့ ဘူးလေးရယ် အ၀ါရောင် နှင်းဆီပန်း စီးလေးနဲ့ ချောကလက်ကို ဘာရယ် မဟုတ် အကြည့်က ရောက်သွားတယ်။ ငယ်လေးက နှင်းဆီပန်းကို အ၀ါရောင် ကြိုက်တယ်။ ခဏကြာတော့ ကျတော့် မျက်စိထဲမှာ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတယ်။
ကို
အော် ငယ်လေး ဘာသောက်မလဲ စတော်ဘယ်ရီလား ကို မှာလိုက်မယ်လေ
အင်း ကို
ဒါဆို ကို သွားမှာလိုက်ဦးမယ်
ကို မနက်ဖြန် အမေက ဘယ်မှ မသွားရဘူးတဲ့ ဒါကြောင့် ဒီနေ့ ချိန်းလိုက်တာ ကို စိတ်မဆိုးပါနဲ့နော်
ရပါတယ်ကွ ကဲပါရော့ငယ်လေးအတွက် လက်စွပ်ရယ်၊ ပန်းစီးနဲ့ ချောကလက် ဒါနဲ့ ဘယ်မှာလဲ ကို့အတွက်က
အော် နောက်မှပဲပေးတော့မယ် ကို နော်
အင်းပါ
ပြီးတာပါပဲ ငယ်လေး ပြန်တော့မယ် အမေကို မြေနီဂုံး ခဏဆိုပြီး ထွက်လာတာ ကြာလို့ ဆူနေဦးမယ်
အင်းပါ
သူ ထွက်သွားတော့ ကျတော်လဲ ဘာလုပ်ရမှန်း မသိတာနဲ့ ဆက်ထိုင်နေလိုက်တယ်။ ခဏနေတော့ မထူးပါဘူး ပြန်တာပဲ ကောင်းတယ်ဆိုပြီး ဆင်းလာလိုက်တာ ဟင် City Martထဲမှာငယ်လေး ဘာလုပ်နေပါလိမ့် ဒါနဲ့ ကျတော်လဲ နောက်ကနေ လိုက်ခေါ်လိုက်တယ်။
ငယ်လေး ဘာလုပ်နေတာလဲ
အော် ကို ငယ်လေး သူငယ်ချင်းက မှာလိုက်တာ သူ့ချစ်သူအတွက် ချောကလက်နဲ့ လက်ဆောင် ၀ယ်ပေးနေတာ
ငယ်လေး သူငယ်ချင်းက ငယ်လေး ၀ယ်ပေးတာ ကြိုက်ပါ့မလား
ရပါတယ် သူမှာတာပဲ ကြိုက်မှာပေါ့
ဒါနဲ့ ကောင်တာမှာ သေချာ ထုတ်ပိုးပြီးတော့မှ
အော် မေ့နေတာ ကို့အတွက် ချောကလက် တခါတည်း ၀ယ်ပေးလိုက်မယ်
ကျတော့်အတွက်ကတော့ ချောကလက်ဆိုမှ တကယ့် ချောကလက်ပေါ့။ ထားပါ ချောကလက်ရတာပဲ တော်သေးတာပေါ့။
အင်း အင်း ဒါဆိုလဲ ကို ပြန်တော့မယ်
ကျတော်လဲ အိမ်ပြန်လာလိုက်တယ်။

14/02/2006 မနက် ၉နာရီခန့် အိမ်မှာ

ကလင် ကလင် ဟဲလို အမေလား (၃နှစ်လောက်တော်ခဲ့တဲ့ မွေးစားအမေပေါ့) ငယ်လေးရော အိပ်နေတုန်းလား
မဟုတ်ပါဘူး သား မနက်တည်းက ထွက်သွားတာ လူကြုံ ပေးစရာရှိလို့ဆိုပြီး
အော် အင်း ဟုတ် အမေ ပြန်လာရင် သား ဆက်တယ်ပြောပေးပါ
အေးအေး ပြောပေးမယ် သား
(သူ့အိမ်က ကျတော်တို့ ချစ်သူဆိုတာ မသိဘူး သူငယ်ချင်းလို့ ထင်နေတာပါ) ဒါနဲ့ ကျတော်လဲ

ကျနော်ရဲ့ ဒုတိယမြောက် ၀တ္ထုတိုလေးပါ။ ခံစားပြီး ဝေဖန်ပေးကြပါဦး ခင်ဗျာ။
—————————————————————————————————————————————————————————————————————————————————————————————

မနက်မိုးလင်းတော့ ထုံးစုံအတိုင်း သူမက ကျနော်ကို လာနိုးတယ် “ကို ထတော့လေ ဘယ်အချိန်ရှိနေပြီလဲ ပျင်းမနေနဲ့” ထုံးစံအတိုင်း ကျနော်က အိပ်ယာထဲကနေ “အင်း အဲ ဒီနေ့ ရုံးပိတ်တယ်လေကွာ” “ထ ထ ကဲပါ အခုထိ ကလေးလုပ်နေတုန်းလား” လို့ သူမ ကျနော်ကို ခဏခဏ ပြောလေ့ရှိပေမဲ့ သူမပဲ ကလေးတစ်ယောက်လို စိတ်ပူပြီး လိုက်ပြုစု စောင့်ရှောက်နေတာလေ အခုလဲ သူမ ကျနော်ကို ဆွဲထူမယ်။ ပြီးရင် သူမ လက်ထဲက သွားတိုက်ဆေးထည့်ပြီးသား သွားတိုက်တံကို ကျနော်လက်ထဲ အတင်းထည့် ပြီးတော့ ရေချိုးခန်းထဲ မျက်နှာသစ်သွားတိုက် ခိုင်းမယ်။ ပြန်ထွက်လာတော့ သူမ ပခုံးပေါ်က မျက်နှာသုတ်ပါဝါနဲ့ သူမ ကိုယ်တိုင် တယုတယ သုတ်ပေးမယ်။ ပြီးရင် စားပွဲပေါ်က မနက်စာ ပူပူနွေးနွေးလေးကို စားမယ်။ စားပြီးရင် သူမ အကျင့်အတိုင်း ကျနော်လက်ကို ဆပ်ပြာနဲ့ သူမကိုယ်တိုင် သေချာဆေးပေးမယ်။ ဒါကြောင့်လဲ ကျနော်က ဘယ်တော့မှ ဇွန်းနဲ့မစားဘူး။ စားပြီးရင်တော့ တခါတလေ ကျနော်က ပျင်းတယ် ဈေးဝယ် ထွက်မယ်ဆိုရင်တော့ နှစ်ယောက်သား ရေအတူတူချိုးတယ်။ ကျနော်က အဲ့အချိန်စောင့်နေတာ ဒီလို ရုံးပိတ်ရက် တခါတလေမှ အတူတူချိုးလို့ရတာလေ ကျနော်က အပျင်းကြီးတော့ သူမကို ခေါင်းလျှော်ခိုင်းတယ် ဂျီးတွန်းခိုင်းတယ် လက်သည်းညှပ်ခိုင်းတယ်။ အ၀တ်စားကို သူမရွေးပေးတာဝတ်တယ်။ သူမက အမြဲပြောတယ် “ပေစုတ်လေး မရှိတော့ရင် ကို ဘယ်လိုနေမလဲ” တဲ့ ကျနော် ဖြေနေကျကတော့ “ဘယ်သိမလဲ“။ ဈေးဝယ်ထွက်ရင် စိတ်ညစ်ရတာက သူမက ခြေထောက်အရမ်းသေးတော့ ဖိနပ်ကို ခေါင်းမီးတောက်အောင် ရှာရတယ်။ မတွေ့ရင်တော့ သူမကို ကျနော် ပေးထားတဲ့ နာမည်အတိုင်း Baby Collection ကို သွားရတယ်။ သူမကို ကျနော်က ခြေထောက်သေးလွန်းလို့ ဖိနပ်ဝယ်တိုင်း ကလေးဆိုင်မှာ သွားသွားဝယ်ရတတ်လို့ Baby Collectionလေး လို့ချစ်စနိုးလေး ခေါ်တယ်။ ဒါတောင် တခါတလေ ကလေး Size အကြီးဆုံးထက် တစ်Sizeငယ်နေတတ်တယ်။ ပြန်ရောက်ရင်တော့ သူမက ကိုရီးယားကား (သို့) ကုလားကား (သို့) အင်္ဂလိပ်ကား ဖွင့်ပြီး ဆိုဖာပေါ်မှာ ထိုင်မယ်။ ပြီးရင် ကျနော်ပေါင်ပေါ် သူမက ခေါင်းတင်ပြီး သူမဘာသာပြန်ပြတာကို ကျနော် နားထောင်မယ်။ သူမက Gimini ရာသီခွင်ဆိုတော့ ဘာသာစကား ကျွမ်းကျင်တယ်လေ။ တခါတလေတော့ သူမပေါင်ပေါ် ကျတော်က ခေါင်းတင်ပြီး အိပ်ငိုက်မယ်။ ကျနော်က ဗီဒီယိုကြည့်ရတာ ၀ါသနာမပါဘူးလေ။ ဘာသာစကားလဲ မကျွမ်းကျင်ဘူး။ မကျွမ်းကျင်ဆို ကျနော်က ဓနုရာသီခွင်လေ။ ကျတော် အိပ်ချင်ပြီလို့ ဂျီတိုက်ရင်တော့ အိပ်ယာထဲမှာ သူမရင်ခွင်ထဲ ကျနော်တိုးနိုင်သလောက်တိုးပြီး သူမက သီချင်းဆိုပြီးဖြစ်ဖြစ် ပုံပြောပြပြီးဖြစ်ဖြစ် ချော့သိပ်တတ်တယ်။ တခါတလေတော့ ကျနော်က သူမနဖူးကို ဖွဖွလေး နမ်းပြီး ကျနော်အကျင့်အတိုင်း ခေါင်းလေးကို ပွတ်ကာ “ကို့ အိမ်က ခွေးလေးတွေကို ဒီလို ချော့သိပ်တာက” ဟု စတတ်တယ်။ ဒါဆိုရင်တော့ သူမက ကျနော်ကို စိတ်ကောက်ပြီး ဂျီကျတတ်တယ်။ သူမ ဂျီကျတာကတော့ ကျနော်ကို ပုံပြောပြ ခိုင်းတာပဲ။ ကျနော် ငယ်ဘ၀က တခါမှ ပုံပြင်နားမထောင်ခဲ့ဖူးတော့ ပုံပြင်မပြောတတ်ဘူးလေ။ ဒီတော့ “ဘာတိုင်းပြည်မှာ ဘာမင်းကြီး” လို့ အစချီတာနဲ့ အော်တော့တာပဲ “အာ ကို့ အဲ့တာပဲ ခဏခဏ မပြောနေနဲ့ တခြား ပုံပြင်ပြောင်းပြော” ဒါဆိုရင်တော့ ကျနော်ဖာသာ စိတ်ကူးတည့်ရာ ပြောတဲ့ ပုံပြင်တွေေ

ပထမဆုံးကြိုးစားပမ်းစား ရေးလိုက်တယ်။ ၀တ္ထုတိုလား ဘာလားတော့ တိဖူး ရေးလိုက်ပီ တူညားတွေ အားကျယို့ မကောင်းဘူးလို့ မပြောနဲ့နော်၊ ဂျယ်လီကျွေးမယ်။

မနက် အိပ်ယာနိုးတော့ အိုး . . . အပြင်မှာ မြူတွေဆိုင်းနေပါ့လား။ ဒီလို ဒီဇင်ဘာလမှာ မြူတွေဆိုင်းတာ၊ နှင်းတွေ ဝေနေတာ မြင်ရရင် ဒီဇင်ဘာလမှာ မွေးလို့လားတော့မသိဘူး အလိုလိုပျော်တယ်။ ဒါနဲ့ နာရီကြည့်တော့ အောင်မလေး ကျောင်းချိန်နီးနေပြီ။ ဒါနဲ့ ခပ်သွက်သွက် အ၀တ်စားလဲ၊ မပါမဖြစ် Mp3လေးယူပြီး။ ကျောင်းကို ထွက်လာခဲ့တယ်။ အပြင်ရောက်တော့ စိတ်လက်ပေါ့ပါးပြီး သူမ ကြိုက်တယ်ဆိုတဲ့ ဒီဇင်ဘာသီချင်းလေးနဲ့ အတူ နှင်းတောထဲမှာ ခုန်လိုက် ပေါက်လိုက်နဲ့ ကျောင်းကို ရောက်လာခဲ့တယ်။ အိပ်ကပ်ကို စမ်းကြည့်လိုက်တော့ အိပ်ကပ်ထဲမှာ မနေ့က မကျွေးလိုက်ရတဲ့ အသည်းပုံဂျယ်လီလေးပါတယ်လေ။

အခန်းထဲရောက်တော့ သူမ မရောက်သေးဘူးလေ။ ဒါနဲ့ ကိုယ့်ထိုင်ခုံမှာ ထိုင်ပြီး စဉ်းစားနေလိုက်တယ်။ ဒီနေ့ သူမကို ပြောဖို့စကားတွေ အများကြီးရှိတယ်လေ။ ဒါနဲ့ ဘယ်လောက်တောင် စဉ်းစားမိလဲဆို ဘေးက သူငယ်ချင်းက ” ဟေ့ကောင် ကျောင်းတက် ခေါင်းလောင်းထိုးလို့ ၀ိုင်ဝိုင်းတောင်လာနေပြီ မင်းဘာတွေ စဉ်းစားနေတာလဲ” “အော် ဘာရယ် မဟုတ်ပါဘူးကွ ဒီလိုပါပဲ” ပြောပြီး အခန်းထဲ ဝေ့ကြည့်လိုက်တော့ သူမ မရောက်သေးပါလား။ ဘာဖြစ်လို့ပါလိမ့် ဒီအချိန်သူမ ရောက်နေကျပါ။ ဒီနေ့ သူမ ကျောင်းမတက်ဘူးထင်တယ်ဆိုပြီး ကျတော် စိတ်ထဲ တမျိုးဖြစ်သွားတယ်။ သူမ တကယ်ပဲ ကျောင်းမတက်ဖူးလေ။ ကျောင်းစာသင်ချိန်မှာ စာထဲ စိတ်ရောက်လိုက် သူမအကြောင်း စိတ်ရောက်နဲ့ တစ်ယောက်တည်း အတွေးထဲ မျောချင်ရာ မျောနေတယ်။ ဒီလို့နဲ့ ဆရာမတွေ ၀င်လာလိုက် ထွက်သွားလိုက်နဲ့ မုန့်စားဆင်းချိန်ရောက်လာတယ်။ ကျောင်းသားတွေ အားလုံး မုန့်စား ဆင်းသွားပြီလေ။ အခန်းထဲမှာ ကျတော် တစ်ယောက်တည်း ကျန်တော့တယ်။ ဒါနဲ့ အိပ်ကပ်ထဲက အသည်းပုံဂျယ်လီလေး ထုတ်ကြည့်မိတယ်။

” ဟိတ် ဘာတွေ စဉ်းစားနေတာလဲ မုန့်သွား စားမယ်လေ ဘာလုပ်နေတာလဲ” သူမကပြောတော့ ကျတော်က “အော် အေးအေး . . လာပါပြီဟ” ဒီလိုနဲ့ မုန့်ဈေးတန်းရောက်တော့ သူမ စားချင်တာကို ကျတော်က ကျောင်းသား/သူတွေ ကြားထဲက တိုးဝေ့ ၀ယ်ပြီး မျက်နှာချင်းဆိုင် ထိုင်ပြီး စားတယ်။ စားပြီးတော့ ထုံးစံအတိုင်း သူမနဲ့ ကျတော် စကားပြောနေကျ ကျောင်းအ၀င်ဝလမ်း ခုံတန်းလေးမှာ စာအကြောင်းတွေ၊ ကဗျာအကြောင်းတွေ ပြောရင်း ကျတော်ကျွေးတဲ့ ဂျယ်လီကို အမြဲစားတတ်တယ်။ တခါတခါသူမက သူမရဲ့ ချစ်သူအကြောင်း ပြောပြတာကို ကျတော် ငြိမ်ငြိမ်လေး နားထောင်နေတတ်တယ်။ သူမပြောတာတော့ သူမချစ်သူက တခြားအခန်းမှာတဲ့လေ။ ဒါပေမဲ့ ကျောင်းမှာတော့ တွဲသွားတွဲလာ မတွေ့ဖူးဘူး။ ဒီလိုနဲ့ စကားပြောရင်း ကျောင်းတက် ခေါင်းလောင်းထိုးရင် အတန်းထဲ ပြန်ဝင် အတန်းထဲမှာလဲ သူမနဲ့ကျတော်က စာတိုလေးတွေ ဆရာ/မ အလစ် ပစ်ပေါက်ပြီး စနေနောက်နေကျလေ တခါတလေတော့ ကျတော်က ဟိုးနောက်ဆုံး ခုံမှာ သီချင်း ခိုးနားထောင်နေတတ်တယ်။ အဲ့အချိန်ဆိုရင်တော့ သူမက အလိုက်တသိနဲ့ ငြိမ်ငြိမ်လေး နေပေးတတ်တယ်။ ကျတော် နားထောင်နေတတ်တာက သူမကြိုက်ပါတယ်ဆိုတဲ့ အောင်ကောင်းထက်ဆိုထားသော ၁၂နှစ်ရာသီအချစ်ထဲက ဒီဇင်ဘာနံနက်ခင်းဆိုတဲ့ သီချင်းလေးလေ ထိုသီချင်းကို တချိန်ချိန်ကျရင်တော့ သူမကို ဆိုပြမည်ဟု ကတိခံထားဖူးတယ်လေ။ ဒီလိုနဲ့ ဖြတ်သန်းလာတာ ရက်တွေ၊ လတွေတောင် ကြာလာတယ်။ သူမနဲ့ ကျတော်နဲ့ကတော့ အသွားအလာမပျက်၊ အတူစား အတူသွားပေါ့။

တက္ကသိုလ်ဝင်တန