ခေါင် ၁၇.၀၃.၂၀၁၀့ ရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ငပေါဂေဟာနဲ့ အတူတူ အကယ်ဒမီတွေ ဆက်လက် ယူနိုင်ပါစေလို့ အစ်ကိုမှ ဆုမွန်ကောင်း တောင်းပေးပါတယ်။ ကိုကိုရဲ့ အချစ်ဆုံး ညီမလေးတွေ အဖြစ် မွေးဖွားပေးတဲ့ ဖေကြီးနဲ့ မေကြီးကိုလဲ ညီမလေး ကိုယ်စား ကျေးဇူးတင်ပါတယ်။ နေ့ရက်တိုင်း နေ့ရက်တိုင်း ပျော်ရွှင်ဖွယ် နေ့ရက်တွေ ဖြစ်ပါစေလို့လဲ ဆုတောင်းပေးပါတယ်။ မွေးနေ့မှာ ကိုယ်မျှော်နေတဲ့ သူဆီက ကောင်းမွန်သော သတင်းစကား ကြားရပါစေဗျာ
(ဒါက အရမ်းအရေးကြီးသော ဆုတောင်းလေး ဟုတ်တယ် ဟုတ် ) နောင်နှစ်ပေါင်းများစွာ ငပေါဂေဟာသူ ဂေဟာသားတွေနဲ့ ဆက်လက် ပေါနိုင်ပါစေသောဝ်
မွေးနေ့ အတွက် မွ မွ မွ . . . .
Archive for the ‘မွေးနေ့’ Category
5.12.09 မှာ မွေးနေ့ဖြစ်တဲ့ ဖိုးဂျယ်လေးရေ မွေးနေ့မှာ ပျော်ရွှင်ပါစေ
ဂျီးဒေါ်ဝှိုက် လုပ်ပေးထားတဲ့ မွေးနေ့ HappyBirthday Flash လေးပါ ကွန်နက်ရှင်ကြောင့် တင်မရလို့ပါ။ ကျေးဇူးပါ ဂျီးဒေါ်ဝှိုက်ရေ။
ဘာပဲ ဖြစ်ဖြစ် မင်း ၂၅ နှစ်ဆိုတဲ့ အသက်ရွယ်ရောက်လာပြီနော်။ လူ့ ဘဝရဲ့ တဝက်ကျိုးပြီလို့ ပြောလို့ရနေပြီ။ ဘာတွေ လုပ်ပြီးပြီလဲ။ ဘာတွေ လုပ်ဖို့ စဉ်းစားထားပြီးပြီလဲ။ လက်ရှိရော ဘာတွေ လုပ်နေလဲ။ မနှစ်နဲ့ ဒီနှစ် ဘာတွေများ ကွာခြားလာလဲ။ မနှစ်ကနဲ့ ဒီနှစ် ဘာမှ မကွာခြားတဲ့ အတွက် ဘာမှ ထွေထွေထူးထူးတွေ သြဝါဒတွေ မချွေချင်တော့ဘူး။ ကဲပါ ထားပါလေ မွေးနေ့မှာ အမှန်တကယ် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။
မင်းရဲ့ ကိုယ်စောင့်နတ်

ကိုကို့ရဲ့ညီ (၁၆-ဝ၃-ဝ၉ )
စကားပြောရင် ကိုယ့်ကိုကိုယ် “ညီ”လို့
သုံးတတ်တဲ့ ကောင်မလေး . . . .
သူ့ကို ချစ်စရာကောင်းတယ်လို့ မြှောက်ပြောရင်
သိသားပဲလို့ ပြန်ပြောတတ်တဲ့ ကောင်မလေး . . . .
နည်းလမ်းမှန်မှန်နဲ့ ထိန်းကျောင်းပေးတတ်တဲ့
ဘုရားကပေးသော အကောင်းဆုဖြစ်တဲ့
အမေတစ်ယောက် ပိုင်ဆိုင်ထားသော ကောင်မလေး . . . .
အဲ့ ထိန်းကျောင်းမှု အောက်မှာ
ကြီးပြင်းခဲ့ရတဲ့ ကောင်မလေးဟာ
အောင်မြင်မှု့ တစ်ခုပြီး တစ်ခု
ဆွတ်ခူးနိုင်ခဲ့တယ်ဆိုတာ
သက်သေပြစရာ မလိုပါဘူး။
အဲ့ ကောင်မလေး ရဲ့
ချစ်စရာကောင်းတဲ့ အချက်ကတော့
ကိုယ့်ကိုကိုယ် ” ပိုက်ဆံမက်ပါတယ် . . . .
တစ်ကိုယ်ကောင်းလည်း ဆန်ပါတယ် . . . .
ရူးပေါပေါလည်း နိုင်ပါတယ်ရှင့် . . . . ” ဆိုတဲ့
ပွင့်ပွင့်လင်းလင်း ဝေဖန်ထားတာလေးပေါ့ . . . .။
ဟော့ဒိ ခပ်ပိန်းပိန်းအကိုက အဲ့ကောင်မလေးရဲ့
အောင်မြင်မှုနဲ့ ၂၁နှစ်ပြည့် မွေးနေ့ကို
ဂုဏ်ပြုဖို့ မဖျစ် မကျယ် ဥာဏ်လေးကို
ဖျစ်ညှစ်ထုတ်ပြီး ဒီကဗျာလေး လက်ဆောင်ပေးလိုက်ပါတယ်။
…………………………………………………………………………..
ဦးနော်၊ တီငယ်နဲ့ ကလေးလေး ရဲ့ မွေးနေ့ဆုတောင်းနှင့် မွေးနေ့ကိတ်လေးပါ။
Lovely Nang Nye..!
HAPPY BIRTHDAY..!!!!!
MAY THE PEACE OF GOD BE WITH YOU.
With love
U Naw, T Nge and Kalaylay

…………………………………………………………………………….
ကျွန်တော်ဖိုးဂျယ်လေးက ကျွေးမွေးတဲ့ အစီအစဉ်စပါပြီခင်ဗျာ

မွေးနေ့ကိတ်လေးစားသွားဦးနော်

ရေခဲမုန့်ကို အားပါးတရ စားသွားနော်

မ၀မှာစိုးလို့ ထပ်ကျွေးတား)

အပြင်းသောက်မဲ့ ဦးဦး၊ ကိုကိုတွေ အတွက်

တီတီ မမ၊ ညီမလေးတွေ အတွက် ၀ိုင်လေးပေါ့

ညီရေ အိမ်ရောက်မှ ဖွင့်ကြည့်ပေါ့။
ငါ . . . .
မှတ်မှတ်ရရ ဆေးတဖုံစာ ရေးခဲ့တယ်။
ငါ့ ဘ၀တစ်ခုလုံး ဖူလုံမဲ့
ဆေးစာလေးပေါ့ . . . .
၂၄-၀၁မှာ ငါ့ တစ်သက်တာမှာ
အိမ်မက်တောင် မမက်ဖူးတဲ့
မောင်နှမတွေနဲ့ တွေ့ခဲ့ရတယ်။
ဘယ်လိုမှ မထင်မှတ်ထားတဲ့
ရင်းနှီးမှုတွေနဲ့ တွေ့ဆုံခဲ့ကြတယ်။
တအူတုံဆင်းမောင်နှမတွေတောင်
ငါ့တို့လောက် ချစ်ခင်ရင်းနှီးမယ် မထင်ဘူး။
(ဒီထပ်ပြည့်စုံတဲ့ စာသားမရှာရပါ)
၂၄-၀၂မှာ မောင်နှမတွေနဲ့ စကားပြောရတာ
အားမရဘူး အချိန်တွေ အကုန်မြန်လွန်းလို့
ဒါပေမဲ့ ဒီလိုဖြစ်ခွင့်ပေးတဲ့ ကံကြမ္မာကို
ဒီတခါတော့ ပိုးစိုးပက်စက်
ကျေးဇူးတင်တယ်။
ငါ စိတ်ညစ်ခဲ့သမျှတွေက
စာမျက်နှာ ၂၃မှာကျန်ခဲ့ပြီ။
ငါ့မွေးနေ့ဖြစ်တဲ့အတွက်
မတူးတူးလာတဲ့အတွက်
အားလုံးတွေ့ဆုံဖို့ဖြစ်လာတယ်လို့ထင်တယ်။
ဒီစာမျက်နှာ ၂၄က
ငါ့ ဘ၀အတွက် အမှတ်တရတွေအများကြီးရှိတဲ့
စာမျက်နှာလေးပေါ့။
မှတ်ချက်-
တွေ့ဆုံတဲ့ လူတွေကတော့
၁- ဖုန်းပြောနေတဲ့ကြားက အချိန်ပေးနေတဲ့ မတူးတူးသာ
(ဖုန်းပြောချိန်တနေ့ ၈၄နာရီခန့်)
၂- ၁၈၁၈နဲ့ အလုပ်ရှုပ်နေတဲ့ ငါ့ချစ်ကို ကဗျာမွှေ
၃- လိတ်တိန်လိန်တိန်နဲ့ ဗီလိန်
၎- တီးတောင်တီးတောင်နဲ့ အော်နေတဲ့ ခေါင်
၅- အကောင်ကြီးကြီး ယမမင်း
၆- ခပ်ချောချောကောင်လေး ဖိုးဂျယ်
ိမ်ထဲမှာ ဒုတိယအကြိမ်အန်တာပဲ ပါးစပ်ကိုချုပ်ထားတာ ဘယ်လိုအန်လဲ မေးချင်စရာပဲ စားလို့တောင်ရတာ အန်လို့လဲ ရတယ်ပဲပြောပါတော့ ဒါပေမဲ့ တော်တော်ခံရခက်ပြီး တော်တော်ဆိုးတဲ့ ဘ၀လေ (ပါးစပ်ချုပ်ထားတဲ့ ပုံပြချင်တာ ရိုက်ထားတဲ့ပုံက ပျောက်သွားတယ်) တအိမ်လုံး စိတ်ပူကုန်တာပေါ့ လူက အားနည်းနေတဲ့ကြားထဲ အန်ပါအန်တော့ အလုပ်တွေရှုပ်ကုန်တာပေါ့။ ခဏနားပြီးတော့ အိမ်ကို ဆိုက်ကားငှားပြီး လိုက်ပို့တယ်။ ဒီလောက်မူးနေတာ မားမားအိမ်မှာပဲ အိပ်ပါလားမပြောပါနဲ့ တားတားအိမ်က ညအိပ်ညနေ ဘယ်မှာမှ အိပ်တာမကြိုက်ပါ။ အိပ်မိပါက မနက်ပြန်လာရင် လူပြောပြောမပြောပါဘူး။ လူကလူပါးနော် ဆိုက်ကားပေါ်မှကျတော့ အခုပဲ သေတော့မလို ကြက်ကြီးလည်လိမ်ထားသလိုပဲ အိမ်ပေါ်လည်းတက်ရော လူက ခုဏက မင်းသေမလောက်မူးနေပါတယ် လာပြော ပြောတဲ့ လူအရူးဖြစ်လောက်အောင် ချက်ချင်း ရုပ်ကပြောင်းသွားတယ်။ တံခါးခေါက် အခန်းထဲ ရုပ်တည်နဲ့ဝင် ပြီးမှောက်သွားပါရောလား။ အဖေနဲ့ အမေက သိချင်လဲသိမယ် မသိချင်လဲ မသိဘူး။ မသိဖို့များပါတယ်။ အိမ်မှာက တနေ့ကုန် စကားလေးလုံးကွဲအောင် ပြောကျတာမဟုတ်ဘူးလေ။ ဒီလိုပဲ စောစောပြန်လာရင် ဘာမှမပြောဘူး။ ၁၀နာရီလောက်မှ ပြန်လာရင်တော့ လူနဲ့မတူအောင်ပြောခံရတာ ရန်ကုန်မှာ ၉း၃၀ဆိုတာ တော်တော်နောက်ကျနေပြီတဲ့ အိမ်ခန်းထဲရောက်တော့မှ လူမဆန်အောင်မူးပါရောလား။ ခဏနေတော့ ရုပ်တည်နဲ့ အ၀တ်စားလဲပြီး ရေချိုးလိုက်တယ်။ နည်းနည်းတော့ သက်သာသွားတယ်။ အဲ့လို ကမောက်ကမ မွေးနေ့လေးဖြစ်ပါရောလား။ မွေးနေ့ပိုစ့်ကနေ ဘယ်တွေရောက်မှန်းမသိတော့ပါဘူး။
မှတ်ချက်- မွေးနေ့ကျေးဇူးတင်လွှာ ရေးသားခြင်းဖြစ်ပါသည်။ မမ၀ါနဲ့ ကိုဇင်ယော်တို့ ရေးသားတာကို ကွက်တိမှီငြမ်းသည်။ အားလုံးပါဝင်အောင် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ရေးသားထားခြင်းကြောင့် အမှားပါက ခွင့်လွှတ်ကြပါကုန်။ အားလုံးကို လှိက်လှိက်လှဲလှဲကျေးဇူးတင်ပါတယ်။
မန္တလေးဆောင်းက အရိုးကွဲအောင်အေးသတဲ့
အဲဒီမနက်က
ငါ့ရင်ဗတ်တွေ ပွင့်ထွက်တဲ့ထိအောင်
ချစ်ရမယ့် ကောင်မလေးတယောက်
ကမ္ဘာပေါ်ကို လာချင်းကောင်းခဲ့ပေါ့
နင့်မေမေကို ကျေးဇူးတင်ရမလား
ကံကြမ္မာကိုပဲ ကျေးဇူးတင်ရမလား
စောင်းငဲ့ကြည့်ဖော်ရတဲ့
နင့်ကိုတော့ ကျေးဇူးအတင်ဆုံးပါပဲ
ကောင်မလေးရေ … ခုတလောမှာ
အိပ်မက်တွေ လှတယ်ကွယ့်
အပြုံးတွေနဲ့ ခင်းကျင်းမယ့်
အဲဒီ့ပျော်ရွှင်ပွဲမှာ ငါ မပါပေမယ့်
ငါ့ အလွမ်းတွေက နင့်ဘေးမှာ ပျံဝဲနေလိမ့်မယ်
ငါ့ရဲ့တောင်းဆုတွေကြောင့် နင် ကျန်းမာနေလိမ့်မယ်
ငါ့ရဲ့အချစ်တွေက နင့်ကိုနွေးထွေးစေမှာပါ
အဲဒီ့ ၂၂ ကြိမ်မြောက် နံနက်ခင်းလေးမှာ
အဝေးဆုံး ရောက်နေပေမယ့်
ရင်ဗတ်ချင်း အနီးဆုံးရှိနေခွင့်ပေးပါ
ငါလည်း ထပ်တူပျော်ရွှင်ပါ့ရစေ
ငါ့ဆီက ဘာလိုချင်တာလဲ
ငါ့ရဲ့ မိုးကောင်းကင်လေးရေ
နင်ကိုငါ ပြောခဲ့သလိုပေါ့
ငါမတတ်နိုင်တဲ့ အရာတွေကို
မခိုင်းနဲ.လို.ပြောတာ
ဥပမာ- ဓူဝံကြယ်ဆွတ်ပေးတို့ ဘာတို့ပေါ့။
အဲ့လိုပြောတော့
နင်ငါ့ကိုပြောတယ် အရူးတဲ့။
ဟုတ်တယ် ကောင်မလေးရေ
ငါ ရူးနေတာ နည်းနည်းတော့ ကြာနေပြီလေ
ဘာပဲဖြစ်ဖြစ် မွေးနေ့မှာ
ကမ္ဘာပေါ်မှာ ရှိရှိသမျှ
ငြိမ်းချမ်းမှုတွေနဲ့ နိုးထနိုင်ပါစေကွာ
မွေးနေ့ ကိတ်လေးပါ။
ူ
ကျတော် ကြော်ထားတဲ့ အားလူးကြော်ပါဗျိုးးးးး။
ဟီးဟီး ဆိုင်က ဆော့ယူခဲ့ဖို့မေ့သွားလို. ဒါလေးနဲ့ပဲ စားကြပါနော် ဒါက u.s.a မိတ်ဗျ ဒါကြောင့် ကျန်တာမေ့သွားတာ။
ဝိုင်လေးအရင်မြည်းထားကြပါ။
ကြိုက်တဲ့ VODKA ယူသောက်လို့ရတယ်။
အမြည်းအတွက် စိတ်မကောင်းပါဘူး အမဲသားက သိပ်မကောင်းဖူးဗျ လတ်လတ်ဆတ်ဆတ် မဟုတ်ဘူးလေ။
Carbonara Spaghetti
ဝက်သားမစားတဲ့သူအတွက်က Chicken Spaghetti
ပင်လယ်စာကြိုက်တဲ့ သူအတွက် Seafood Spaghetti
Spaghetti မကြိုက်တဲ့သူအတွက် Pork Chop
ဒါလေးက အိမ်ကို ပါဆယ်ဆွဲချင်သူတွေအတွက်ကြက်ကြော်ပါ။
မယ်နန်းညီ ရဲ့ လက်ရာပါ
ညီမလေးရေ
ရင်ခွင်တံခါးတွေ ဖွင့်ထားလိုက်ပါ
နတ်ကောင်းလေး တကောင်
ခွင့်မတောင်းဘဲ ဝင်လာတဲ့အခါ ဆီးကြိုလိုက်
ဒါ တကယ့်ဘဝပဲလို့ လက်ခံလိုက်ပါကွယ်
မြတ်နိုးခြင်းတွေကို တကယ်ပေးဆပ်မယ့်
နတ်ကလေး ….
သူက ညီမလေးအတွက် မိုးကောင်းကင်
ညီမလေးအတွက် ကဗျာတပုဒ်
ညီမလေးအတွက် သစ္စာ
ညီမလေးအတွက် အရူးတကောင်ပါ
အဲဒီလက်ဆောင်ကသာ
ညီမလေးအတွက် လက်ဆောင်စစ်စစ်
မေတ္တာနဲ့ထုဆစ်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း
ဘယ်တော့မှ မပျက်ယွင်းမယ့် ဝိဥာဉ် …။
ဆောင်းနံနက်ခင်းမှာ ပွင့်တဲ့ ပန်းကလေးရေ
သူက ညီမလေးလန်းဖို့ နှင်းရည်တစက်ပါကွယ် ….။ ။
——————-။——————
မမေ.. မဟုတ်တဲ့ မမေ…..က
The day has come, bright and young!
Another Birthday
Announces that you are a very precious person,
if not to yourself, then to me!
You may take yourself granted.
But I cherish your life like nothing else!
And that’s the reason, your Birthday is
more precious to me than even to you.
Happy Birthday to Thin Thin girl
ပျော်ရွင်ပါစေမောင်လေး
——————-။——————
မဆုမွန်က
ဟိုး လွန်ခဲ့တဲ့ နှစ်ဆယ့် နှစ်နှစ်တုန်းက
ကလေးလေး တစ်ယောက်ဟာ
အအေးဓာတ် နှင်းစက်တွေ
ခပ်စိမ့်စိမ့် တိုးဝင် လာနေပြီဖြစ် တဲ့
နိုဝင်ဘာရဲ့ အေးချမ်းလှတဲ့ ရက်တစ်ရက်မှာ
လူ့လောကကြီးထဲက ငြိမ်းချမ်းပုံရိပ်
နိမိတ်ကောင်းတွေနဲ့ တိုးဝင်လာခဲ့တယ်..
လာခြင်းကောင်းတဲ့
နိုဝင်ဘာမလေး တစ်ယောက်အတွက်
အဲ့ဒီ့တုန်းက
တန်ဆောင်တိုင်လပြည့်ည တစ်ညဟာ ထွန်းလင်းတောက်ပနေခဲ့သတဲ့
အခုထိလဲ နှင်းမှုန်ဝိုးတ၀ါးကြားထဲမှာ
ညီမလေးရဲ့ နှစ်ဆယ့်နှစ်ပြည့် မွေးနေ့က ညတစ်ည
အဲ့ဒီ့ တန်ဆောင်မုန်းလပြည့်ညဟာ
ငြိမ်းချမ်းခြင်းအတိနဲ့ ထိန်ထိန်သာနေဦးမှာပဲ..
ညီမလေးရေ
မြန်မာပြည်မှာ သာနေတဲ့
မင်းရဲ့ တန်ဆောင်မုန်း လပြည့်ည
မင်းကိုချစ်တဲ့ ကောင်ကလေးရဲ့
စင်ကာပူက တန်ဆောင်မုန်း လပြည့်ည
မင်းကောင်လေးကို ခင်မင်ကြတဲ့
မင်းကို သိနေတဲ့ အစ်မတို့ ရဲ့ ဘန်ကောက်က
တန်ဆောင်မုန်းလပြည့်ည တွေ . . . .
ဒီတစ်ညအတွက်တော့ မာယာမပါပဲ
ငါတို့  လမင်းကြီး
ငါတို့ နေရာအနှံကို သာတူညီမျှ
ထိန်ထိန်သာနေမှာ သိပ်သေချာတယ်
အေးမြ ငြိမ်းချမ်းခြင်းတွေကိုလဲ လမင်းကြီးက ဖြန့်ဝေနေလေရဲ့
မတူညီတဲ့ နေရာတွေမှာ ရှိနေတဲ့ မတူညီတဲ့ သူတွေအားလုံး စိတ်ထဲမှာ
ဒီနေ့ တူညီနေတာ တစ်ခုရှိနေလေရဲ့
အဲ့တာကတော့ ငါ့တို့ ညီမလေး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ 
ချစ်ခြင်း မေတ္တာတရားတွေနဲ့ ညီမလေး မွေးနေ့ ၂၂ မှသည်
ဘ၀တလျောက်လုံး
ကောင်းသောဆု တောင်းသောဆုများနှင့်သာ ပြည့်ပါစေလို့ 
ဆုမွန်ကောင်းတွေ ခြွေနေကြလေရဲ့
——————-။——————
ခေါင်ခေါင်က
နိုဝင်ဘာ ( ၁၂ ) ရက်..
ရိုးသားစွာ မွေးဖွားခဲ့တဲ့ ခပ်ပိန်းပိန်းကောင်မလေး..ရေ..
ဒီနေ့မှာ အလှဆုံး အပြုံးကို ပြုံးထားပါ
မင်းဘေးနားမှာ ကိတ်မုန့်အတူစားခွင့်မရပေမယ့်
ငါ့ရင်ဘတ်နဲ့ဆုတောင်းပေးခဲ့တယ်
သူငယ်ချင်း ခပ်ပိန်းပိန်းလေး အတွက်…
ယုံကြည်ရာကိုမျောလွင့်ပါ
အမှားတွေရှိခဲ့ရင်ပြင်ပါ
နောင်တတွေကို မေ့ပစ်ပါ
အသစ်အသစ်ဆီမှာ ရင်ခုန်ပါ
အျ



















