poemtopia

poem is mylife

Archive for the ‘ဟာသ’ Category

ပထမဆုံး TAG ရေးတာပါခင်ဗျာ
အမှားပါခဲ့ပါက ရုပ်ချောရပါစေလို၏။
အမှားမပါခဲ့ပါက ပိုပြီးချောရပါစေလို၏။

ဤမေးခွန်းများကို ချမ်းရဲ ဘာသာပြန်ထားခြင်းကို မသိမသာလေး ကွက်တိခိုးကူးထားပါကြောင်း

၁။ ဂျဲဂျယ် (တဂ်ခံရတဲ့သူ ) နဲ့ သံလွင်ဟီးရိုး (တဂ်တဲ့သူတို့) ဘယ်လိုများ ဆက်ဆံပတ်သက်လည်း မသိဘူးနော်။
ကျွန်တော်တို့ နှစ်ယောက်က blog သူငယ်ချင်းတွေပါပဲ။

၂။ သူ့အပေါ် အကို့ရဲ့ထင်မြင်ချက် ၅ ချက်လောက်ပြောပြပါလား ?
၁း လိမ်မာပြီးဇာတိကို ချစ်တဲ့ကောင်လေး
၂း သူငယ်ချင်းတွေကို ချစ်ပြီး ပျော်ပျော်နေတတ်ပုံရတယ်
၃း စာကိုလဲ ကြိုးစားချင်ယောင်ဆောင်ပုံရတယ်။
၎း အရက်တွေ ဘီယာတွေ သိပ်ကြိုက်တဲ့ပုံ မပေါ်ပါဘူး။ (ညာပေးထားတယ်နော်)
၅း ဘ၀ကို အောင်မြင်အောင်ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပေါ့။

၃။ အမှတ်တရ အဖြစ်ဆုံး အကို့အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား ?
ရှိတာပေါ့ အခု ကျတော်ကိုထမဆုံး သူတဂ်တယ်လေ။

၎။ အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ?
ကဗျာလေးကထိတယ်ကွာ ဆင့်ကာပူရောက်ဘဝတူအချင်းချင်းမို့ကိုယ်ချင်းစာပါတယ်ဗျ ဘဝတိုက်ပွဲကို နောက်မဆုတ် အရှုံးမပေးပဲဆက်လက် တိုက်ပွဲဆင်နွှဲရမှာ ကျနော်တို့ တာဝန်ပဲလေ ပြောနေတာကြာတယ်ဗျာ အခုပဲခရီးဆုံးထိဆက်လျှောက်ကြမယ်

၅။ သူသာ အကို့ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ?
ကျွမ်းထိုးခိုင်းမယ်။

၆။ အကို့ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
ကိုဗီလိန်ပြောသလိုပဲ ယိုးဒယားအရင်သွားခိုင်းရမယ်။

၇။ သူက အကို့ရန်သူဖြစ်နေမယ်ဆိုရင်ရော ?
အခါတစ်သိန်းလောက်ကို ထိုးပစ်လိုက်မှာ မျက်စောင်းနဲ့

၈။ ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော ?
တစ်ဝိုင်းထဲ သောက်နေရင်း ခွက်ကျော်ချလို့ ဒါမှမဟုတ်ရင် အမြည်းအရမ်းစားလို့ပေါ့။ စတာ စိတ်ချိုးရဘူးနော်

၉။ သူ့အတွက် အကို ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ?
အိမ်မှာရှိတဲ့ သတင်းစာတွေ အကုန် ပေးပစ်လိုက်မှာပေါ့ ဂျဲဂျယ်တို့က ရက်ရောရင် အဲ့လို

၁၀။ သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ ?
သူငယ်ချင်းတွေကို ချစ်ပြီး ပျော်ပျော်နေတတ်တဲ့ ကောင်လေးတစ်ယောက်လို့

၁၁။ ( တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့ ) အကို့အပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ?
ကမ္ဘာကျော်ဖို့ မပြောနဲ့ ဗျာ ကဲပါထားပါတော့ ပတ်ဝန်းကျင် အော် ပတ်ဝန်းကျင်လား မေ့နေတာကြာပြီဗျ။ သူတို့က ဘာလုပ်ပေးနိုင်လို့လဲ ဒါပါပဲဗျာ တော်သင့်ပြီထင်တယ်

၁၂။ အကို ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ အကို့ရဲ့ characteristic လေးပြောပြပါလား ?
တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေတတ်တယ်။ သီချင်းတွေနားထောင်ပြီး ကဗျာသေးသေးလေးတွေ ရေးနေရရင်ကျေနပ်တယ်။

၁၃။ ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic လေးကရော ?
ခံစားချက်လွယ်တယ်။ ဘယ်သူဘာပြောပြော ပြန်မဖြေရှင်းတတ်တာပဲ။

၁၄။ ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
အေးချမ်းပြီး ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်တာ။

၁၅။ အကို ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ?
ပိုက်ဆံပဲ အချိန်တိုင်း ရှာမနေကြပါနဲ့ တစ်ချိန်မှာ မေတ္တာတွေ လိုအပ်လာတဲ့အခါ အဲ့ ပိုက်ဆံတွေက ဘာလုပ်ပေးနိုင်လဲဆိုတာ စဉ်းစားကြည့်ပါလို့

၁၆။ ဒီမေးခွန်းတွေကိုပဲ အကို့သူငယ်ချင်း ၅ယောက်ဆီရွေးပြီး ပို့ပေးပါ။
အကို့အပေါ်သူတို့ရဲ့ခံစားချက်လေးသိရတာပေါ့။

ဆက်ဖတ်ချင်တယ် ဆိုရင်တော့

Read the rest of this entry »

ခြံစည်းရိုးဘေးမှာ မူးနေတဲ့ အမှုရှောင်က သူကိုယ်တိုင်ကျတော့ ရှောင်ပြီး ငှက်ကထ၊ နာယက၊ သဘာငတိတို. ပိုစ့်တင်ပါဗျို.တဲ့။ ကိုယ်ထက်ကြီးတဲ့ ငှက်ကထက သတင်းရေးထားတော့ ကိုယ်လဲ မအားတဲ့ကြားက ရေးရတော့တာပေါ့။ မအားဆို အမေရိကန်က စတော့ရှယ်ရာတွေ ကစားတော့ ကျတော့် ကုန်ပါပြီတွေလဲ ဒေဝါလီခံရတာပေါ့ တော်သေးတာပေါ့။ အကုန်မကုန်လို. ၄ ပုံ ပုံမှ ၁ ပုံပဲပါတယ်။ ဒါတောင်အခု စင်ကာပူက Starhub ကုန်ပါပြီတောင် နည်းနည်းထိချင်သေးတယ်။ တစ်ချို. သေးသေးလေးတွေတော့ ကုန်တာပေါ့။ ထားပါလေ ဒီပြဿနာတွေ ရှင်းနေရတော့ ကောင်းကောင်းမပေါနိုင်ဘူးလေ ကဲပါလေ စပေါတာပဲ ကောင်းပါတယ်။
ရူးပေါဂိုဏ်းဖွင့်ပွဲ အထိမ်းအမှတ်နေနဲ့ Marina Bay မှာ ကျင်းပရန် ကြိုတင်မှာတော့ ဒီနေ.က မရဘူးတဲ့ မရရင်မဖြစ်ဘူး ရှိတဲ့ ဘွတ်ကင်ကို လျော်ကြေးပေးမယ်ကွာဆိုတော့ စင်ကာပူဒေါ်လာ ၁၀၀၀၀၀၀ တဲ့ ဟားဟား ဒီလောက်တော့ ပါးပါးလေးပေါ့။ ရော့ အင့် ဆိုပြီးပေးလိုက်တာပေါ့ ဟုတ်တယ်လေ ဖွင့်ပွဲဆိုတာ အရေးကြီးတယ်လေ။ စားစရာကလဲ ကြိုက်ရာကြိုက်သလောက်စားပေါ့ Hotel တစ်ခုလုံးကို ၀ယ်ထားတာ ဒါတောင် အတွင်းရေးမှုး ၂ (ခ) ကိုဗီလိန် က ပါဆယ်ထုပ်မယ်ဆိုပြီး ကျွတ်ကျွတ်အိပ်နဲ. ထည့်လာသေးတယ်။ ကိုဗီလိန် ရယ်မလုပ်ပါနဲ.ဆိုတာ မရဘူး အကျင့်ပါနေပြီကွတဲ့။ ကဲပါလေ
အခန်းနားမှုးကို နာယကမတူးတူးသာနဲ. အမှုရှောင်နန်းညီက ဆောင်ရွက်တယ်။
အစီစဉ်ကြေငြာသူကိုတော့ မဒမ်လောင်းပဲ လုပ်ခိုင်းလိုက်တော့တယ်။ အခွင့်ရေးရတုန်းလေး ပွဲထုတ်ရတာ သူ.ကိုကြောက်နေရတယ်လေ သူက မထင်ရင် မထင်သလို လက်သီးနဲ. ထိုးမဲ့ပုံဆိုတော့ ဒါတောင် ဏာယကာ့ဂျီးမတူးတူးသာနဲ. အမှုရှောင်နန်းညီ က နပန်းလုံးမယ်လုပ်နေလို. မနည်းတားထားရတယ်။ လုပ်ချင်တဲ့သူတွေက တန်းစီနေတာ ဒါနဲ. မဖြစ်ပါဘူးလေဆိုပြီး နောက်ဆုံးတာ့ အွန်စောကိုပဲ လုပ်ခိုင်းလိုက်တော့တယ်။ရှေ.ဆုံးခုံတွင် သဘာငတိ ငှက်ကထ ဏာယကာ့ဂျီး၊ စည်းလုံးရေးအမှုရှောင်အတွင်းရေးမှုး-၁အတွင်းရေးမှုး-၂ အသင်းသားချုပ်ကြီး အကြံပေးအရာရှိကြီးများ ရုပ်တည်ကြီးနဲ. သူ.တို.မဟုတ်သလိုပဲ ထိုင်နေကြတယ်လေ။ နောက်မှာတော့ နေ.စားနဲ.ခေါ်ထားတဲ့ လူအုပ်က နည်းတာမဟုတ်ဘူး။ ကဲထားပါလေ

အစီစဉ် ၀ အရ အွန်စောမှ သဘာငတိ၊ ငှက်ကထ၊ ဏာယကာ့ဂျီး၊ စည်းလုံးရေးအမှုရှောင်၊ အတွင်းရေးမှုး-၁၊ အတွင်းရေးမှုး-၂၊ အသင်းသားချုပ်ကြီး၊ အကြံပေးအရာရှိ ကြီးများကို ဘယ်သူဘာပြောပြော ခေါင်းငြိတ်ပေးရန် ကြိုတင်သတိပေး ပြောကြားခြင်း
အစီစဉ် ၁ အရ အခမ်းနားအောင့်မြင်စွာ ဖွင့်လင့်ကြောင်း ကြေငြာခြင်း
အစီစဉ် ၂ အရ ငှက်ကထ မှ အဖွင့်အမှာစကားပြောကြားပေးပါရန်
အစီစဉ် ၃ အရ သဘာငတိ မှ ပေါကြရတဲ့ အကြောင်းရင်း ပြောကြားပေးပါရန်
အစီစဉ် ၄ အရ နာယကမှ စိတ်လွတ်လက်လွတ်ပေါကြရန် သတိပေး စကားပြောကြားခြင်း
အစီစဉ် ၅ အရ စည်းလုံးရေးအမှုရှောင်မှ ဘယ်လို ပေါရမယ်ဆိုတာ ပြောကြားပေးပါရန်
အစီစဉ် ၆ အရ အတွင်းရေးမှုး-၁ မှ စိတ်ကူးနဲ.ပေါပုံပြောကြားပေးပါရန်<
br />အစီစဉ် ၇ အရ အတွင်းရေးမှုး-၂ မှ ရေးသားထားသော အပေါဦးတည်ချက်တွေ ပြေကြားပေးပါရန်
အစီစဉ် ၈ အရ အသင်းသားချုပ်ကြီး မှ ပေါပေါလေးပြောကြားပေးပါရန်
အစီစဉ် ၉ အရ အကြံပေးအရာရှိ မှ ပေါချင်ရတဲ့အကြောင်းပြောကြားပေးပါရန်
အစီစဉ် ၁၀ အရ သုံးဆောင်ကြတဲ့ အစည်းဝေးမှာ လာရောက်အိပ်ငိုက်ကြတဲ့ ပြည်သူများမှ လက်ခုပ်တီးဆိုပါက တီးပေးရန်
အစီစဉ် ၁၁ အရ အောင်မြင်စွာ ပြီးဆုံးကြောင်းကြောင်ငြာခြင်း

အစီစဉ် ၀ အရ သတိပေးထားတာ မှတ်မိပါစေနော် (အွန်စောမှပြောကြားခြင်း)
အစီစဉ် ၁ အရ အခမ်းနားအောင့်မြင်စွာ ဖွင့်လင့်ကြောင်း ကြေငြာပါတယ်။ ကဲ လက်ခုပ်တီးကြဟု စည်းလုံးရေးအမှုရှောင်က ပြောကြားသဖြင့် ဖျောင်းဖျောင်း (ခုံရိုက်ချိုးသံတွေပါ)
အစီစဉ် ၂ အရ ငှက်ကထ မှ အဖွင့်အမှာစကားပြောကြားပေးပါရန် ဖိတ်ကြားပါတယ်။ ကဲ တီးကြဟေ့ ဖျောင်းဖျောင်း
ငှက်ကထက ကဲ သားသားပေါချင်တာပေါလို.ရပြီ Blog အသစ်ရပြီ ပျော်လိုက်တာ အဲ့တာ အားလုံးပေါလို.ပေါ့
အစီစဉ် ၃ အရ သဘာငတိ မှ ပေါကြရတဲ့ အကြောင်းရင်း ပြောကြားပေးပါရန်
အဟမ်း တကယ်ချောင်းဆိုးတာပါ အလကားရတဲ့ ဟာတွေမျိုဆို.ထားတာလေ ပေါရတဲ့ အကြောင်းရင်းကတော့ ပေါချင်လို.ပေါနော် ဘယ်လိုပြောရမလဲ အဲလို.ပေါ့နော် ဒါပါပဲ
အစီစဉ် ၄ အရ ဏာယကမှ စိတ်လွတ်လက်လွတ်ပေါကြရန် သတိပေး စကားပြောကြားခြင်း
ပေါလိုက်ကြဆို. သူငယ်ချင်း သွပ်သွပ် သွပ် ကဲ စိတ်လွတ်လက်လွတ်သာပေါကြပေတော့
အစီစဉ် ၅ အရ စည်းလုံးရေးအမှုရှောင်မှ ဘယ်လို ပေါရမယ်ဆိုတာ ပြောကြားပေးပါရန်
အင်း ပေါတယ်ဆိုတာ ပါရမီရှိရမယ် သုဝဏ္ဏရှိရမယ် မှားကုန်ပါပြီ ပေါချင်သလိုသာ ပေါကြပါကုန်
အစီစဉ် ၆ အရ အတွင်းရေးမှုး-၁ မှ စိတ်ကူးနဲ.ပေါပုံပြောကြားပေးပါရန်
အင်းပေါ့ကျတော်က အမြဲပဲ စိတ်ကူးနဲ.ပေါနေတာ တော်တော်ကြာနေပြီ ပေါချက်က ရင်နင့်စရာ အရူးပေါဂိုဏ်းကိုသွားခဲ့ ပေါခဲ့ ရူးခဲ့ အာဟာ အာဟာ (ကျော်ဟိန်းလေသံ)
အစီစဉ် ၇ အရ အတွင်းရေးမှုး-၂ မှ ရေးသားထားသော အပေါဦးတည်ချက်တွေ ပြေကြားပေးပါရန်
* လူတည်အားကိုး ပုဆိန်ရိုး မပေါမတည်များအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း ပေါခြင်းနှင့် ရူးခြင်းများကို နှောက်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
* ရူးပေါဂိုဏ်း၏ ဂိုဏ်းတွင်းရေးကို ဝင်ရောက်စွက် ဖက်နှောက်ယှက်သော လူတည်ဘလော့များ အားဆန့်ကျင်ကြ။
* အရူးအပေါ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။
အစီစဉ် ၈ အရ အသင်းသားချုပ်ကြီး မှ ပေါပေါလေးပြောကြားပေးပါရန်
လာထားပေါချင်နေတာကြာပြီ ဘယ်လိုပေါရမှန်းမသိလို. ကျွန်မက တစ်ခါတစ်လေ ကြောင်တောင်တောင်လေ..
အစီစဉ် ၉ အရ အကြံပေးအရာရှိ မှ ပေါချင်ရတဲ့အကြောင်းပြောကြားပေးပါရန်
ဟဟ ပေါချင်လွန်းလို. သဘာငတိကိုမေးပြီး ၀င်လာတာ လျှောက်လွှာမှာ ဘယ်လောက် ပေါထားလဲသာ ကြည့်ပေတော့
ကဲ လက်ခုပ်တီးကြပေတော့ (အစီစဉ် ၁၀ အရ) ပြီးရင် နေ.စားခ စင်ကာပူ၁၀၀၀ရမယ် ဟုတ်ပြီလား
အစီစဉ် ၁၁ အရ အောင်မြင်စွာ ပြီးဆုံးကြောင်းကြောင်ငြာခြင်း ဒီအစီအစဉ် အကောင်းဆုံးပဲဖြစ်ကြောင်း ပြောသံများကြားရသည်။ ဟေး ဟုအော်သံမှာတော်တော်ကျယ်သွားပြီး စင်ကာပူမြို.ကြီး တုန်လှုပ်သွားလောက်သည်။ တစ်ချို.တွေက ငါတော့ ပါမစ်ရပြီ၊ တစ်ချို.တွေက ငါတော့ GSM ရပြီဟု အော်ဟစ်သံမှာ ဆူညံနေသည်။ ဘာတွေပြောသွားတာလဲဆိုတာတော့ တစ်ယောက်တစ်လှည့် မေးနေသော်လည်း မသိကြချေ။

မှတ်ချက်- အားလုံးစိတ်မဆိုးကြဘူးလို့ယူဆပါတယ်။ မတော်တဆ စော်ကားသလိုဖြစ်ပါက တောင်းပန်ပါ
တယ်။ ပေါပေါလေးစဉ်းစားပြီးရေးလိုက်လို့ပါ။ ပေါ့ပေါ့ပါးပါးသာဖတ်ကြပါကုန်။

ရုပ်ကလေးက
ချောပါ၏။
အသံလေးက
သာပါ၏။
အရပ်လေးက
အလွန်ရှည်၏။
လမ်းလျှောက်ပုံက
နွဲ့ပါ၏။
စကားပြောပုံက
အလွန်ယဉ်၏။
ခန္ဓာကိုယ်က
လှပါ၏။
ဆံပင်လေးက
ရှည်ပါ၏။
လက်ဝါးလေးက
နုပါ၏။
လည်ဇလုပ်လေးလဲ
ရှိပါ၏။